စပိန် တော်ဝင်မင်းသမီး စစ်ရေးလေ့ကျင့်မှုများနှင့် စစ်သင်တန်းတက်ခြင်းများကို စတင်လုပ်ဆောင်မည်

 1818

Pika (NP News) - မတ် ၁၅

စပိန်နိုင်ငံ၏ တော်ဝင်မင်းသမီး လီယွန်နာသည် ထီးနန်းအရိုက်အရာဆက်ခံမည့် မင်းသမီးတစ်ဦးအဖြစ် အလားအလာရှိနေသူဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် သုံးနှစ်ကြာ စစ်ရေးလေ့ကျင့်မှုများကို စတင်လုပ်ဆောင် မည်ဖြစ်ကြောင်း စပိန်အစိုးရက ထုတ်ပြန်ပြောဆိုခဲ့သည်။

စပိန်ဘုရင် Felipe VI ၏ အကြီးဆုံးသမီးတော်တစ်ဦးဖြစ်သော လီယွန်နာသည် လာမည့် အောက်တိုဘာလတွင် အသက်(၁၈)နှစ်ပြည့်မည်ဖြစ်ကြောင်းလည်း သိရသည်။ လီယွန်နာသည် (၂ဝ၂၃-၂ဝ၂၄)ခုနှစ် ပညာသင်နှစ်တွင် အရှေ့မြောက်ပိုင်း Zaragoza မြို့ရှိ စပိန်စစ်တက္ကသိုလ်သို့ တက်ရောက်မည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Margarita Robles က ပြောကြားခဲ့သည်။

လီယွန်နာသည် အနောက်မြောက်ပိုင်း Galicia ဒေသရှိ ရေတပ်ကျောင်းတွင် တစ်နှစ်လေ့ကျင့်သင်ယူမည်ဖြစ်သလို အရှေ့တောင်ပိုင်း Murcia ဒေသရှိ လေတပ်ကျောင်းတွင်လည်း တစ်နှစ်ကြာ လေ့ကျင့်သင်ယူမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီး Margarita Robles က "လီယွန်နာဟာ သူမရဲ့ဖခင်နဲ့ အခြားပါလီမန်ဘုရင်တွေ လုပ်ခဲ့တဲ့ ပုံစံအတိုင်းစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ရမှာပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ အမျိုးသမီးတွေ ပါဝင်ဖို့ သိသာထင်ရှားတဲ့ အားထုတ်ကြိုးပမ်းမှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောဆိုခဲ့သည်။

တော်ဝင်မင်းသမီးလီယွန်နာသည် လာမည့် မေလကုန်တွင် Walesရှိ UWC Atlantic College တွင် တက်ရောက်မှု (၂)နှစ်ပြီးမြောက်ကာ International Baccalaureate ဘွဲ့ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။ လီယွန်နာ သည် ဖခင်ဖြစ်သူ၏ခြေရာအတိုင်း လုပ်ဆောင်မည်ဆိုလျှင် စစ်သင်တန်းတက်ခြင်းနှင့် နိုင်ငံရပ်ခြားတွင် မာစတာဘွဲ့ရပြီးပါက စပိန်တွင် တက္ကသိုလ်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

စပိန်ဘုရင် Felipe သည် Madrid's Complutense တက္ကသိုလ်တွင် ဥပဒေပညာကို လေ့လာပြီးနောက် ဝါရှင်တန်ရှိ Georgetown တက္ကသိုလ်တွင် နိုင်ငံတကာဆက်ဆံရေး မာစတာဘွဲ့ကို ရရှိခဲ့ကြောင်းသိရသည်။ စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မင်းသမီး လီယွန်နာသည် ထီးနန်းတက်ချိန်တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်လာမည်ဖြစ်ကြောင်း ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

Zawgyi Version;
စပိန္ ေတာ္ဝင္မင္းသမီး စစ္ေရးေလ့က်င့္မႈမ်ားႏွင့္ စစ္သင္တန္းတက္ျခင္းမ်ားကို စတင္လုပ္ေဆာင္မည္
Pika (NP News) - မတ္ ၁၅

စပိန္ႏိုင္ငံ၏ ေတာ္ဝင္မင္းသမီး လီယြန္နာသည္ ထီးနန္းအ႐ိုက္အရာဆက္ခံမည့္ မင္းသမီးတစ္ဦးအျဖစ္ အလားအလာရွိေနသူျဖစ္ၿပီး လာမည့္ စက္တင္ဘာလတြင္ သုံးႏွစ္ၾကာ စစ္ေရးေလ့က်င့္မႈမ်ားကို စတင္လုပ္ေဆာင္ မည္ျဖစ္ေၾကာင္း စပိန္အစိုးရက ထုတ္ျပန္ေျပာဆိုခဲ့သည္။

စပိန္ဘုရင္ Felipe VI ၏ အႀကီးဆုံးသမီးေတာ္တစ္ဦးျဖစ္ေသာ လီယြန္နာသည္ လာမည့္ ေအာက္တိုဘာလတြင္ အသက္(၁၈)ႏွစ္ျပည့္မည္ျဖစ္ေၾကာင္းလည္း သိရသည္။ လီယြန္နာသည္ (၂ဝ၂၃-၂ဝ၂၄)ခုႏွစ္ ပညာသင္ႏွစ္တြင္ အေရွ႕ေျမာက္ပိုင္း Zaragoza ၿမိဳ႕ရွိ စပိန္စစ္တကၠသိုလ္သို႔ တက္ေရာက္မည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီး Margarita Robles က ေျပာၾကားခဲ့သည္။

လီယြန္နာသည္ အေနာက္ေျမာက္ပိုင္း Galicia ေဒသရွိ ေရတပ္ေက်ာင္းတြင္ တစ္ႏွစ္ေလ့က်င့္သင္ယူမည္ျဖစ္သလို အေရွ႕ေတာင္ပိုင္း Murcia ေဒသရွိ ေလတပ္ေက်ာင္းတြင္လည္း တစ္ႏွစ္ၾကာ ေလ့က်င့္သင္ယူမည္ျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးက ေျပာၾကားခဲ့သည္။

ကာကြယ္ေရးဝန္ႀကီး Margarita Robles က "လီယြန္နာဟာ သူမရဲ႕ဖခင္နဲ႔ အျခားပါလီမန္ဘုရင္ေတြ လုပ္ခဲ့တဲ့ ပုံစံအတိုင္းစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ရမွာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ လက္နက္ကိုင္တပ္ဖြဲ႕ေတြမွာ အမ်ိဳးသမီးေတြ ပါဝင္ဖို႔ သိသာထင္ရွားတဲ့ အားထုတ္ႀကိဳးပမ္းမႈတစ္ခုကို လုပ္ေဆာင္ခဲ့ပါတယ္" ဟု ေျပာဆိုခဲ့သည္။

ေတာ္ဝင္မင္းသမီးလီယြန္နာသည္ လာမည့္ ေမလကုန္တြင္ Walesရွိ UWC Atlantic College တြင္ တက္ေရာက္မႈ (၂)ႏွစ္ၿပီးေျမာက္ကာ International Baccalaureate ဘြဲ႕ရရွိရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။ လီယြန္နာ သည္ ဖခင္ျဖစ္သူ၏ေျခရာအတိုင္း လုပ္ေဆာင္မည္ဆိုလွ်င္ စစ္သင္တန္းတက္ျခင္းႏွင့္ ႏိုင္ငံရပ္ျခားတြင္ မာစတာဘြဲ႕ရၿပီးပါက စပိန္တြင္ တကၠသိုလ္တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

စပိန္ဘုရင္ Felipe သည္ Madrid's Complutense တကၠသိုလ္တြင္ ဥပေဒပညာကို ေလ့လာၿပီးေနာက္ ဝါရွင္တန္ရွိ Georgetown တကၠသိုလ္တြင္ ႏိုင္ငံတကာဆက္ဆံေရး မာစတာဘြဲ႕ကို ရရွိခဲ့ေၾကာင္းသိရသည္။ စပိန္ႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ မင္းသမီး လီယြန္နာသည္ ထီးနန္းတက္ခ်ိန္တြင္ လက္နက္ကိုင္တပ္ဖြဲ႕မ်ား၏ အႀကီးအကဲျဖစ္လာမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တစ္ခုတြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.