ဂျပန်နိုင်ငံ စိုက်ပျိုးရေးကုမ္ပဏီတစ်ခုက ကမ္ဘာ့အလေးချိန် အမြင့်ဆုံးမုန်လာဥကို စိုက်ပျိုးနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်

749

Pika (NP News) - မတ် ၁၆
ဂျပန်နိုင်ငံရှိ စိုက်ပျိုးရေးကုမ္ပဏီတစ်ခုသည် အလေးချိန် (၁ဝ၁) ပေါင်နှင့် (၁ ဒသမ ၈) အောင်စ ရှိသည့် ဧရာမ မုန်လာဥကြီးကို ရိတ်သိမ်းခဲ့ပြီးနောက် ကမ္ဘာပေါ်တွင် အလေးချိန်အမြင့်ဆုံး မုန်လာဥအဖြစ် ဂင်းနစ်စံချိန် ချိုးဖျက် နိုင်ခဲ့ကြောင်း သိရသည်။
အချဥ်ဖောက်ထားသော အပင်များမှဖြည့်စွက်အာဟာရများနှင့် ဓါတ်မြေဩဇာများကို အထူးပြုထုတ်လုပ်သည့် Manda Fermentation ကုမ္ပဏီသည် မုန်လာဥကို ပိုမိုကြီးထွားလာစေရန် ၎င်း၏ကိုယ်ပိုင်နည်းပညာကို နှစ်စဥ် နှစ်တိုင်း အသုံးပြုခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းတင်သောအဖွဲ့၏ ပြောဆိုချက်များအရ သိရသည်။
Manda Fermentation ကုမ္ပဏီသည် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် အလေးချိန် (၁၀၁)ပေါင်နှင့် (၁ ဒသမ ၈) အောင်စရှိသည့် ဧရာမမုန်လာဥကြီးကို ရိတ်သိမ်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်မှတ်တမ်း ထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။
Manda Fermentation ကုမ္ပဏီသည် မုန်လာဥများကို သုံးလအကြာတွင် ရိတ်သိမ်းလေ့ရှိသော်လည်း ဂင်းနစ်စံချိန် တင်ရန်အတွက် စိုက်ပျိုးထားသော မုန်လာဥများကို ခြောက်လကြာ စိုက်ပျိုးခွင့်ပြုထားကြောင်း ဂင်းနစ်စံချိန် မှတ်တမ်းထိန်းသိမ်းရေးအဖွဲ့က ပြောကြားခဲ့သည်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ စိုက္ပ်ိဳးေရးကုမၸဏီတစ္ခုက ကမာၻ႔အေလးခ်ိန္ အျမင့္ဆုံးမုန္လာဥကို စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး ဂင္းနစ္စံခ်ိန္တင္
Pika (NP News) - မတ္ ၁၆
ဂ်ပန္ႏိုင္ငံရွိ စိုက္ပ်ိဳးေရးကုမၸဏီတစ္ခုသည္ အေလးခ်ိန္ (၁ဝ၁) ေပါင္ႏွင့္ (၁ ဒသမ ၈) ေအာင္စ ရွိသည့္ ဧရာမ မုန္လာဥႀကီးကို ရိတ္သိမ္းခဲ့ၿပီးေနာက္ ကမာၻေပၚတြင္ အေလးခ်ိန္အျမင့္ဆုံး မုန္လာဥအျဖစ္ ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ ႏိုင္ခဲ့ေၾကာင္း သိရသည္။
အခ်ဥ္ေဖာက္ထားေသာ အပင္မ်ားမွျဖည့္စြက္အာဟာရမ်ားႏွင့္ ဓါတ္ေျမဩဇာမ်ားကို အထူးျပဳထုတ္လုပ္သည့္ Manda Fermentation ကုမၸဏီသည္ မုန္လာဥကို ပိုမိုႀကီးထြားလာေစရန္ ၎၏ကိုယ္ပိုင္နည္းပညာကို ႏွစ္စဥ္ ႏွစ္တိုင္း အသုံးျပဳခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္ေသာအဖြဲ႕၏ ေျပာဆိုခ်က္မ်ားအရ သိရသည္။
Manda Fermentation ကုမၸဏီသည္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္းတြင္ အေလးခ်ိန္ (၁၀၁)ေပါင္ႏွင့္ (၁ ဒသမ ၈) ေအာင္စရွိသည့္ ဧရာမမုန္လာဥႀကီးကို ရိတ္သိမ္းႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္မွတ္တမ္း ထိန္းသိမ္းေရးအဖြဲ႕က ေျပာၾကားခဲ့သည္။
Manda Fermentation ကုမၸဏီသည္ မုန္လာဥမ်ားကို သုံးလအၾကာတြင္ ရိတ္သိမ္းေလ့ရွိေသာ္လည္း ဂင္းနစ္စံခ်ိန္ တင္ရန္အတြက္ စိုက္ပ်ိဳးထားေသာ မုန္လာဥမ်ားကို ေျခာက္လၾကာ စိုက္ပ်ိဳးခြင့္ျပဳထားေၾကာင္း ဂင္းနစ္စံခ်ိန္ မွတ္တမ္းထိန္းသိမ္းေရးအဖြဲ႕က ေျပာၾကားခဲ့သည္။