ပေကျင်းကို ဆန့်ကျင်တဲ့ တရုတ်သူဋ္ဌေးကြီး ကောဝမ်ကွေ့ ဒေါ်လာ ၁ ဘီလျံ လိမ်လည်မှုနဲ့ အမေရိကန်မှာ တရားစွဲဆိုခံရ

664

ရောင်နီ (NP News) - မတ် ၁၆
ပေကျင်းကို ဆန့်ကျင်ပြီး အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ရဲ့အုပ်ချုပ်မှုမှာ လူသိများတဲ့ တရုတ်ဘီလျံနာ ကောဝမ်ကွေ့ဟာ ရင်းနှီးမြုပ်နှံသူများကို ဒေါ်လာ ၁ ဘီလျံဖိုး လိမ်လည်လှည့်ဖြားမှုနဲ့ အမေရိကန်မှာ တရားစွဲဆို ခံထားရပါတယ်။
ဟိုဝမ်ကွတ် နဲ့ မိုင်လက်ကော လို့လည်းသိကြတဲ့ ကော ဟာ ၎င်းရဲ့နောက်လိုက် ထောင်ပေါင်းများစွာနဲ့ အွန်လိုင်းမှ ရရှိတဲ့ ဒေါ်လာသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်မှု၊ ပူးပေါင်းကြံစည်မှုနဲ့ မတ်လ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့က နယူးယောက်မှာ ဖမ်းဆီးခံခဲ့ရကြောင်း အမေရိကန်တရားရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကော ဟာ မီဒီယာကုမ္ပဏီ GTV Media Group၊ G|CLUBS လို့ သိကြတဲ့ သီးသန့်အသင်းဝင် ကလပ်နဲ့ Himalaya Coin (ခေါ်) cryptocurrency အပါအဝင် သူ့ရဲ့စီးပွားရေးလုပ်ငန်းအများအပြားကို ကျောထောက်နောက်ခံပေးဖို့ အတွက် ရင်းနှီးမြှုပ်နှံသူများထံမှ ရရှိတဲ့ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ ကော ဟာ နယူးဂျာစီရှိ စတုရန်းမိုင် ၅ဝဝဝဝ၊ ရွက်လှေတစ်စင်းနဲ့ သားဖြစ်သူအတွက် ဒေါ်လာ ၃ ဒသမ ၅ သန်းတန် Ferrari အပါအဝင် ဇိမ်ခံပစ္စည်းအချို့ကို အဆိုပါငွေတွေနဲ့ အသုံးပြုခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒါ့အပြင် ပူးပေါင်းကြံစည်မှုရဲ့ တရားမဝင်လှုပ်ရှားမှုများကို ဖုံးကွယ်ကာ လိမ်လည်မှု ဆက်လက်ပြုလုပ်ဖို့ ခိုးယူ ထားတဲ့ ငွေကြေး သန်းရာပေါင်းများစွာကို ခဝါချခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ယင်းအတွက် ကော နဲ့ ၎င်းရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ကင်မင်းဂျေ တို့ဟာ ကြေးနန်းလိမ်လည်မှု၊ ငွေရေးကြေးရေးလိမ်လည်မှုနဲ့ ငွေကြေး ခဝါချမှု အပါအဝင် စွဲချက် ၁၁ ခုကို ရင်ဆိုင်ရမှာဖြစ်ပြီး အပြင်းအထန်ဆုံးသော စွဲချက်မှာ ထောင်ဒဏ် အနှစ် ၂ဝ အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ရှန်ဒေါင်းမှာ မွေးဖွားခဲ့တဲ့ အိမ်ခြံမြေသူဌေးကြီး ကော ဟာ တရုတ်အသိုက်အဝန်းပါတီ (CCP) ကို ပြင်းပြင်းထန်ထန် ဝေဖန်ခြင်း၊ ထရန့်ရဲ့အကြံပေးဟောင်း စတိဗ်ဘန်နွမ် အပါအဝင် ထင်ရှားတဲ့ ရှေးရိုးစွဲပုဂ္ဂိုလ်များနဲ့ အနီးကပ် ပေါင်းသင်းခြင်းကြောင့် လူသိများပါတယ်။

Zawgyi Version;
ေပက်င္းကို ဆန္႔က်င္တဲ့ တ႐ုတ္သူေ႒းႀကီး ေကာဝမ္ေကြ႕ ေဒၚလာ ၁ ဘီလ်ံ လိမ္လည္မႈနဲ႔ အေမရိကန္မွာ တရားစြဲဆိုခံရ
ေရာင္နီ (NP News) - မတ္ ၁၆
ေပက်င္းကို ဆန႔္က်င္ၿပီး အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရန႔္ရဲ႕အုပ္ခ်ဳပ္မႈမွာ လူသိမ်ားတဲ့ တ႐ုတ္ဘီလ်ံနာ ေကာဝမ္ေကြ႕ဟာ ရင္းႏွီးျမဳပ္ႏွံသူမ်ားကို ေဒၚလာ ၁ ဘီလ်ံဖိုး လိမ္လည္လွည့္ျဖားမႈနဲ႔ အေမရိကန္မွာ တရားစြဲဆို ခံထားရပါတယ္။
ဟိုဝမ္ကြတ္ နဲ႔ မိုင္လက္ေကာ လို႔လည္းသိၾကတဲ့ ေကာ ဟာ ၎ရဲ႕ေနာက္လိုက္ ေထာင္ေပါင္းမ်ားစြာနဲ႔ အြန္လိုင္းမွ ရရွိတဲ့ ေဒၚလာသန္းေပါင္းမ်ားစြာကို အလြဲသုံးစားလုပ္မႈ၊ ပူးေပါင္းႀကံစည္မႈနဲ႔ မတ္လ ၁၅ ရက္၊ ဗုဒၶဟူးေန႔က နယူးေယာက္မွာ ဖမ္းဆီးခံခဲ့ရေၾကာင္း အေမရိကန္တရားေရးဌာနက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ေကာ ဟာ မီဒီယာကုမၸဏီ GTV Media Group၊ G|CLUBS လို႔ သိၾကတဲ့ သီးသန႔္အသင္းဝင္ ကလပ္နဲ႔ Himalaya Coin (ေခၚ) cryptocurrency အပါအဝင္ သူ႔ရဲ႕စီးပြားေရးလုပ္ငန္းအမ်ားအျပားကို ေက်ာေထာက္ေနာက္ခံေပးဖို႔ အတြက္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားထံမွ ရရွိတဲ့ေငြေတြကို အလြဲသုံးစားလုပ္ခဲ့တယ္လို႔ စြပ္စြဲခံထားရပါတယ္။ ေကာ ဟာ နယူးဂ်ာစီရွိ စတုရန္းမိုင္ ၅ဝဝဝဝ၊ ႐ြက္ေလွတစ္စင္းနဲ႔ သားျဖစ္သူအတြက္ ေဒၚလာ ၃ ဒသမ ၅ သန္းတန္ Ferrari အပါအဝင္ ဇိမ္ခံပစၥည္းအခ်ိဳ႕ကို အဆိုပါေငြေတြနဲ႔ အသုံးျပဳခဲ့တယ္လို႔ စြပ္စြဲထားပါတယ္။
ဒါ့အျပင္ ပူးေပါင္းႀကံစည္မႈရဲ႕ တရားမဝင္လႈပ္ရွားမႈမ်ားကို ဖုံးကြယ္ကာ လိမ္လည္မႈ ဆက္လက္ျပဳလုပ္ဖို႔ ခိုးယူ ထားတဲ့ ေငြေၾကး သန္းရာေပါင္းမ်ားစြာကို ခဝါခ်ခဲ့တယ္လို႔လည္း စြပ္စြဲထားပါတယ္။ ယင္းအတြက္ ေကာ နဲ႔ ၎ရဲ႕ စီးပြားေရးလုပ္ေဖာ္ကိုင္ဖက္ ကင္မင္းေဂ် တို႔ဟာ ေၾကးနန္းလိမ္လည္မႈ၊ ေငြေရးေၾကးေရးလိမ္လည္မႈနဲ႔ ေငြေၾကး ခဝါခ်မႈ အပါအဝင္ စြဲခ်က္ ၁၁ ခုကို ရင္ဆိုင္ရမွာျဖစ္ၿပီး အျပင္းအထန္ဆုံးေသာ စြဲခ်က္မွာ ေထာင္ဒဏ္ အႏွစ္ ၂ဝ အထိ ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။
ရွန္ေဒါင္းမွာ ေမြးဖြားခဲ့တဲ့ အိမ္ၿခံေျမသူေဌးႀကီး ေကာ ဟာ တ႐ုတ္အသိုက္အဝန္းပါတီ (CCP) ကို ျပင္းျပင္းထန္ထန္ ေဝဖန္ျခင္း၊ ထရန္႔ရဲ႕အႀကံေပးေဟာင္း စတိဗ္ဘန္ႏြမ္ အပါအဝင္ ထင္ရွားတဲ့ ေရွး႐ိုးစြဲပုဂၢိဳလ္မ်ားနဲ႔ အနီးကပ္ ေပါင္းသင္းျခင္းေၾကာင့္ လူသိမ်ားပါတယ္။