Nike က ၎င်းရဲ့ဖိနပ်တွေအတွက် သားပိုက်ကောင်အရေခွံများ အသုံးပြုခြင်းကို ယခုနှစ်အတွင်းမှာ ရပ်ဆိုင်းသွားမယ်လို့ ဆို

 873

ရောင်နီ (NP News) - မတ် ၁၆

ဝယ်ယူသုံးစွဲသူများနဲ့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူများကို ဒေါသဖြစ်စေတဲ့ အလွန်အငြင်းပွားဖွယ်ရာ တိရစ္ဆာန် များရဲ့အရေခွံအသုံးပြုကာ ထုတ်လုပ်တဲ့အလေ့အကျင့်ကို အဆုံးသတ်ဖို့ ဂျာမန်ပြိုင်ဘက် Puma မှ အလားတူ ခြေလှမ်းပြီးနောက် သီတင်းပတ်များအကြာမှာ Nike ကလည်း ၎င်းရဲ့ဖိနပ်အတွက် သားပိုက်ကောင်အရေခွံများကို အသုံးပြုခြင်းအား ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အားကစားဝတ်စုံကုမ္ပဏီကြီး Nike Inc ဟာ သားပိုက်ကောင်သားရေအစားထိုး သီးသန့်ဓာတုပစ္စည်းနဲ့ ပြုလုပ်ထား တဲ့ Tiempo ဘောလုံးဖိနပ်အမျိုးအစားသစ်ကို လာမယ့် တနင်္လာနေ့မှာ စတင်မိတ်ဆက်မှာဖြစ်ကြောင်း ပြောကြား ထားပါတယ်။ အခုနွေရာသီမှာ စတင်ရောင်းချမယ့် Tiempo Premier အမျိုးအစား ဘောလုံးဖိနပ်များဟာ သားပိုက် ကောင်အသားရေ ရယူမှုကို လျော့ပါးစေမှာဖြစ်ပြီး၊ ကုမ္ပဏီဟာ ၎င်းရဲ့ ၂ဝ၂၁ ခုနှစ်မှစ တစ်ဦးတည်းသော သားပိုက် ကောင်သားရေ ပေးသွင်းသူနဲ့ မိတ်ဖက်အဖြစ်မှ ရပ်ဆိုင်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

Nike နဲ့ Puma တို့မှ ၎င်းတို့ရဲ့ဘောလုံးဖိနပ်များမှာ သားပိုက်ကောင်သားရေ အသုံးပြုမှုကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်ချခြင်းဟာ တိရစ္ဆာန်စောင့်ရှောက်ရေးတက်ကြွလှုပ်ရှားသူများအတွက် ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်ကြောင်း တိရစ္ဆာန်ရက်စက်မှုနဲ့ပတ်သက်တဲ့ ကျင့်ဝတ်များကိုစွန့်လွှတ်ဖို့ ကုမ္ပဏီများကို ကာလရှည်ကြာ တိုက်တွန်းခဲ့ကြတဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးတက်ကြွလှုပ်ရှားသူများက ဆိုပါတယ်။

Nike ရဲ့ကြေညာချက်ဟာ တောရိုင်းတိရစ္ဆာန်ကာကွယ်ရေးတစ်ခုလုံးကို လှုပ်ခတ်သွားနိုင်ပြီး အထူးသဖြင့် သားပိုက် ကောင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ပွားခဲ့တဲ့ ဩစတြေးလျနဲ့ ကမ္ဘာတစ်ဝန်းလုံးကို လှုပ်ခတ်စေမှာဖြစ်ကြောင်း Humane Economy စီးပွားရေးဗဟိုဌာန ဥက္ကဋ္ဌ ဝိုင်ယမ်ပန်ဆဲလ် က ပြောကြားခဲ့ပါ တယ်။

အဆိုပါအဖွဲ့ဟာ ၂ဝ၂ဝ ပြည့်နှစ်က ထုတ်ပြန်ကြေညာခဲ့တဲ့ "Kangaroos Are Not Shoes" ကမ်ပိန်းကို ဦးဆောင်ခဲ့ ပြီး သားပိုက်ကောင်ထုတ်ကုန်များ တင်သွင်းရောင်းချခြင်းအား တားမြစ်တဲ့ဥပဒေမိတ်ဆက်ခြင်းရဲ့ အဓိကကျသော နေရာမှာ ပါဝင်ခဲ့ပါတယ်။

Gucci၊ Italy's Prada and luxury parka ထုတ်လုပ်သူ Canada Goose Holdings Inc ဟာလည်း ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ၎င်းတို့ထုတ်ကုန်များအပေါ် တိရစ္ဆာန်သားမွေးများ အသုံးပြုမှုကို ရပ်ဆိုင်းခဲ့ပါတယ်။

Zawgyi Version;
Nike က ၎ရဲ႕ဖိနပ္ေတြအတြက္ သားပိုက္ေကာင္အေရခြံမ်ား အသုံးျပဳျခင္းကို ယခုႏွစ္အတြင္းမွာ ရပ္ဆိုင္းသြားမယ္လို႔ ဆို
ေရာင္နီ (NP News) - မတ္ ၁၆

ဝယ္ယူသုံးစြဲသူမ်ားနဲ႔ တိရစာၦန္အခြင့္အေရးလႈပ္ရွားသူမ်ားကို ေဒါသျဖစ္ေစတဲ့ အလြန္အျငင္းပြားဖြယ္ရာ တိရစာၦန္ မ်ားရဲ႕အေရခြံအသုံးျပဳကာ ထုတ္လုပ္တဲ့အေလ့အက်င့္ကို အဆုံးသတ္ဖို႔ ဂ်ာမန္ၿပိဳင္ဘက္ Puma မွ အလားတူ ေျခလွမ္းၿပီးေနာက္ သီတင္းပတ္မ်ားအၾကာမွာ Nike ကလည္း ၎ရဲ႕ဖိနပ္အတြက္ သားပိုက္ေကာင္အေရခြံမ်ားကို အသုံးျပဳျခင္းအား ရပ္ဆိုင္းသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အားကစားဝတ္စုံကုမၸဏီႀကီး Nike Inc ဟာ သားပိုက္ေကာင္သားေရအစားထိုး သီးသန႔္ဓာတုပစၥည္းနဲ႔ ျပဳလုပ္ထား တဲ့ Tiempo ေဘာလုံးဖိနပ္အမ်ိဳးအစားသစ္ကို လာမယ့္ တနလၤာေန႔မွာ စတင္မိတ္ဆက္မွာျဖစ္ေၾကာင္း ေျပာၾကား ထားပါတယ္။ အခုေႏြရာသီမွာ စတင္ေရာင္းခ်မယ့္ Tiempo Premier အမ်ိဳးအစား ေဘာလုံးဖိနပ္မ်ားဟာ သားပိုက္ ေကာင္အသားေရ ရယူမႈကို ေလ်ာ့ပါးေစမွာျဖစ္ၿပီး၊ ကုမၸဏီဟာ ၎ရဲ႕ ၂ဝ၂၁ ခုႏွစ္မွစ တစ္ဦးတည္းေသာ သားပိုက္ ေကာင္သားေရ ေပးသြင္းသူနဲ႔ မိတ္ဖက္အျဖစ္မွ ရပ္ဆိုင္းခဲ့ေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။

Nike နဲ႔ Puma တို႔မွ ၎တို႔ရဲ႕ေဘာလုံးဖိနပ္မ်ားမွာ သားပိုက္ေကာင္သားေရ အသုံးျပဳမႈကို အဆုံးသတ္ဖို႔ ဆုံးျဖတ္ခ်က္ခ်ျခင္းဟာ တိရစာၦန္ေစာင့္ေရွာက္ေရးတက္ႂကြလႈပ္ရွားသူမ်ားအတြက္ ႀကီးမားေသာ ေအာင္ပြဲတစ္ခု ျဖစ္ေၾကာင္း တိရစာၦန္ရက္စက္မႈနဲ႔ပတ္သက္တဲ့ က်င့္ဝတ္မ်ားကိုစြန႔္လႊတ္ဖို႔ ကုမၸဏီမ်ားကို ကာလရွည္ၾကာ တိုက္တြန္းခဲ့ၾကတဲ့ တိရစာၦန္ေစာင့္ေရွာက္ေရးတက္ႂကြလႈပ္ရွားသူမ်ားက ဆိုပါတယ္။

Nike ရဲ႕ေၾကညာခ်က္ဟာ ေတာ႐ိုင္းတိရစာၦန္ကာကြယ္ေရးတစ္ခုလုံးကို လႈပ္ခတ္သြားႏိုင္ၿပီး အထူးသျဖင့္ သားပိုက္ ေကာင္မ်ားကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ျခင္းျဖစ္ပြားခဲ့တဲ့ ဩစေၾတးလ်နဲ႔ ကမာၻတစ္ဝန္းလုံးကို လႈပ္ခတ္ေစမွာျဖစ္ေၾကာင္း Humane Economy စီးပြားေရးဗဟိုဌာန ဥကၠ႒ ဝိုင္ယမ္ပန္ဆဲလ္ က ေျပာၾကားခဲ့ပါ တယ္။

အဆိုပါအဖြဲ႕ဟာ ၂ဝ၂ဝ ျပည့္ႏွစ္က ထုတ္ျပန္ေၾကညာခဲ့တဲ့ "Kangaroos Are Not Shoes" ကမ္ပိန္းကို ဦးေဆာင္ခဲ့ ၿပီး သားပိုက္ေကာင္ထုတ္ကုန္မ်ား တင္သြင္းေရာင္းခ်ျခင္းအား တားျမစ္တဲ့ဥပေဒမိတ္ဆက္ျခင္းရဲ႕ အဓိကက်ေသာ ေနရာမွာ ပါဝင္ခဲ့ပါတယ္။

Gucci၊ Italy's Prada and luxury parka ထုတ္လုပ္သူ Canada Goose Holdings Inc ဟာလည္း ၿပီးခဲ့တဲ့ႏွစ္ အနည္းငယ္အတြင္း ၎တို႔ထုတ္ကုန္မ်ားအေပၚ တိရစာၦန္သားေမြးမ်ား အသုံးျပဳမႈကို ရပ္ဆိုင္းခဲ့ပါတယ္။

Related news

© 2021. All rights reserved.