ဥရောပတိုက်ရှိ နိုင်ငံတိုင်းကို သွားရောက်နိုင်ခဲ့သော အသက်အငယ်ဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား

 1298

Pika (NP News) - ဧပြီ ၇

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ အသက်(၁၈)နှစ်အရွယ် ရီရိုမက်ဆူအိုကာ အမည်ရှိ အမျိုးသား သည် ဥရောပရှိနိုင်ငံတိုင်းကို အလည်အပတ်သွားရောက်ခဲ့သော အသက်အငယ်ဆုံး အမျိုးသားအဖြစ် ဂင်းနစ် စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။

ရီရိုမက်ဆူအိုကာ သည် ၎င်း၏ (၁၈)နှစ်ပြည့်မွေးနေ့တွင် ဥရောပခရီးစဥ်ကို Iceland နိုင်ငံမှ စတင်ခဲ့ပြီး (၁ဝ၁) ရက်ကြာ ခရီးထွက်ခဲ့ပြီးနောက် Malta နိုင်ငံတွင် ခရီးစဥ်အဆုံးသတ်ခဲ့ကြောင်း သိရသည်၊၊ အဆိုပါခရီးစဥ် အတွင်း ၎င်းသည် နိုင်ငံပေါင်း (၄၄) နိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ကြောင်း ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း က ဖော်ပြခဲ့သည်။

ရီရိုမက်ဆူအိုကာ က "ဒီဂင်းနစ်စံချိန်ကို ကြိုးစားဖို့ ဆုံးဖြတ်လိုက်တာကို တကယ်ကို တိုက်ဆိုင်မှုတစ်ခုပါပဲ။ ကျွန်တော် အထက်တန်းကျောင်းပြီးရင် ဥရောပနိုင်ငံတွေကို ခရီးထွက်ချင်တယ်လို့ မိသားစုကို ပြောဖူးပါတယ်။ ပြီးတော့ ကျွန်တော် သုတေသနတွေလုပ်ရင်းနဲ့ တစ်ယောက်ယောက်က ကမ္ဘာပေါ်က နိုင်ငံတိုင်းကို အလည် အပတ်သွားရောက်ခဲ့တဲ့ အသက်အငယ်ဆုံးလူအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာကို သတိရသွားပါတယ်။ ဒါကြောင့် ကျွန်တော်လည်း ဥ‌ရောပကိုခရီးထွက်ခဲ့ပြီး ယခုလို ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပါ" ဟု ပြောဆိုခဲ့သည်။

ရီရိုမက်ဆူအိုကာက ၎င်းသည် အနောက်ဥရောပနိုင်ငံအများစုသို့ ရောက်ရှိရန်အတွက် ရထားနှင့် သွားရောက်ခဲ့ ပြီး အရှေ့ဥရောပနိုင်ငံများသို့ သွားရောက်ရန် ဘတ်စ်ကားများကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဗြိတိန်နှင့် ရုရှားသို့ သွားရောက်လည်ပတ်ရန် လေယာဥ်နှစ်ကြိမ်သာစီးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့ သည်။

ယူကရိန်းတွင် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများအတွက် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ဆောင်နေသာ ရီရိုမက်ဆူအိုကာသည် အနာဂတ်တွင် ဂင်းနစ်စံချိန်သစ်များ ထပ်မံရယူနိုင်ရန် စီစဥ်နေကြောင်း ပြောကြားခဲ့ သည်။

Zawgyi Version;
ဥေရာပတိုက္ရွိ ႏိုင္ငံတိုင္းကို သြားေရာက္ႏိုင္ခဲ့ေသာ အသက္အငယ္ဆုံး အမ်ိဳးသားအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့ တဲ့ အေမရိကန္ႏိုင္ငံသား
Pika (NP News) - ဧၿပီ ၇

အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ အသက္(၁၈)ႏွစ္အ႐ြယ္ ရီ႐ိုမက္ဆူအိုကာ အမည္ရွိ အမ်ိဳးသား သည္ ဥေရာပရွိႏိုင္ငံတိုင္းကို အလည္အပတ္သြားေရာက္ခဲ့ေသာ အသက္အငယ္ဆုံး အမ်ိဳးသားအျဖစ္ ဂင္းနစ္ စံခ်ိန္တင္ႏိုင္ခဲ့ေၾကာင္းသိရသည္။

ရီ႐ိုမက္ဆူအိုကာ သည္ ၎၏ (၁၈)ႏွစ္ျပည့္ေမြးေန႔တြင္ ဥေရာပခရီးစဥ္ကို Iceland ႏိုင္ငံမွ စတင္ခဲ့ၿပီး (၁ဝ၁) ရက္ၾကာ ခရီးထြက္ခဲ့ၿပီးေနာက္ Malta ႏိုင္ငံတြင္ ခရီးစဥ္အဆုံးသတ္ခဲ့ေၾကာင္း သိရသည္၊၊ အဆိုပါခရီးစဥ္ အတြင္း ၎သည္ ႏိုင္ငံေပါင္း (၄၄) ႏိုင္ငံကို အလည္အပတ္သြားေရာက္ခဲ့ေၾကာင္း ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္း က ေဖာ္ျပခဲ့သည္။

ရီ႐ိုမက္ဆူအိုကာ က "ဒီဂင္းနစ္စံခ်ိန္ကို ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္တာကို တကယ္ကို တိုက္ဆိုင္မႈတစ္ခုပါပဲ။ ကြၽန္ေတာ္ အထက္တန္းေက်ာင္းၿပီးရင္ ဥေရာပႏိုင္ငံေတြကို ခရီးထြက္ခ်င္တယ္လို႔ မိသားစုကို ေျပာဖူးပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ သုေတသနေတြလုပ္ရင္းနဲ႔ တစ္ေယာက္ေယာက္က ကမာၻေပၚက ႏိုင္ငံတိုင္းကို အလည္ အပတ္သြားေရာက္ခဲ့တဲ့ အသက္အငယ္ဆုံးလူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တာကို သတိရသြားပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္လည္း ဥ‌ေရာပကိုခရီးထြက္ခဲ့ၿပီး ယခုလို ဂင္းနစ္စံခ်ိန္တင္ႏိုင္ခဲ့တာပါ" ဟု ေျပာဆိုခဲ့သည္။

ရီ႐ိုမက္ဆူအိုကာက ၎သည္ အေနာက္ဥေရာပႏိုင္ငံအမ်ားစုသို႔ ေရာက္ရွိရန္အတြက္ ရထားႏွင့္ သြားေရာက္ခဲ့ ၿပီး အေရွ႕ဥေရာပႏိုင္ငံမ်ားသို႔ သြားေရာက္ရန္ ဘတ္စ္ကားမ်ားကို အသုံးျပဳခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ ၿဗိတိန္ႏွင့္ ႐ုရွားသို႔ သြားေရာက္လည္ပတ္ရန္ ေလယာဥ္ႏွစ္ႀကိမ္သာစီးခဲ့ရေၾကာင္း ၎က ေျပာၾကားခဲ့ သည္။

ယူကရိန္းတြင္ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္းမ်ားအတြက္ ေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ေဆာင္ေနသာ ရီ႐ိုမက္ဆူအိုကာသည္ အနာဂတ္တြင္ ဂင္းနစ္စံခ်ိန္သစ္မ်ား ထပ္မံရယူႏိုင္ရန္ စီစဥ္ေနေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.