ထိုင်းနိုင်ငံမှာ အပူချိန်မြင့်မားမှုများနဲ့အတူ အပူလှိုင်းဖြတ်သန်းမှုများဖြစ်ပေါ်နေ

1325

ဂျန်ဇက် (NP News) - ဧပြီ ၁ဝ
ထိုင်းနိုင်ငံရှိ မြို့အချို့မှာ ဧပြီ ၉ ရက်က အပူချိန်စံချိန်တင်မြင့်မားနေပြီး အပူလှိုင်းဖြတ်သန်းမှုများနဲ့ ရင်ဆိုင်နေရ ကြောင်း ထိုင်း မိုးလေဝသဌာနတာဝန်ရှိသူများက ပြောပါတယ်။
ထိုင်းနိုင်ငံရှိ အပူချိန်အမြင့်ဆုံးမြို့တွေထဲမှာ ကရာဘီဒေသက၊ ဘန်ကောက်မြို့ Bang Na ဒေသနဲ့ ဖီချာဘန် ဒေသတို့က ထိပ်ဆုံးမှာ ဦးဆောင်လျက်ရှိနေကြောင်း သိရပါတယ်။ ကရာဘီဒေသရဲ့အပူချိန်ဟာ ၅၄ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်၊ ဘန်နာဒေသက အပူချိန် ၅ဝ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လျက်ရှိနေကြောင်း ထိုင်း မိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဒါ့အပြင် ဖီချာဘန်ဒေသရဲ့အပူချိန်က ၄၄ ဒသမ ၄ ဒီဂရီစင်တီဂရိတ်၊ ချွန်ဘူရီဒေသရဲ့အပူချိန်က ၄၃ ဒသမ ၂ ဒီဂရီစင်တီဂရိတ်၊ Chok Chai ဒေသရဲ့အပူချိန်က ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်နေကြောင်း သိရပါတယ်။ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ် နဲ့ အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်ကြားရှိဒေသများမှာ နေထိုင်သူများ အနေနဲ့ အပြင်ကိုမထွက်ဘဲ အရိပ်အာဝါသအောက်တွေနဲ့ အိမ်မှာပဲနေထိုင်ဖို့ ထိုင်းအစိုးရတာဝန်ရှိသူများက ပြောပါတယ်။
အပူချိန်မြင့်မားမှုတွေက အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်းဖို့အလားလာနေကြောင်း၊ ထိုင်း မိုးလေဝသဌာန တာဝန်ရှိသူများက ပြောပါတယ်။ ထိုင်းအစိုးရဟာ အပူချိန်မြင့်မားမှုနဲ့ပတ်သက်ပြီး အဆင့် ၄ ဆင့် သတ်မှတ် ထားပြီး အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်ကို အလွန်အန္တရာယ်ရှိတဲ့အခြေအနေ၊ အပူချိန် ၄၁ နဲ့ ၅၄ ဒီဂရီစင်တီ ဂရိတ်ကြားကို အန္တရာယ်ရှိတဲ့အခြေအနေမျိုး သတ်မှတ်ထားကြောင်း၊ အပူချိန် ၂၇ နဲ့ ၃၂ ဒီဂရီစင်တီဂရိတ်ကို စောင့်ကြည့်ရမယ့်အဆင့်၊ အပူချိန် ၃၂ နဲ့ ၄၁ ဒီဂရီစင်တီဂရိတ်ကြားကို သတိပေးမှုအဆင့်အဖြစ် သတ်မှတ်ထား ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ခြောက်သွေ့တဲ့နွေရာသီကာလအတွင်းဖြစ်ပွားနေတဲ့ အပူလျှပ်ခြင်းက ကျန်းမာရေးကို ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လျက်ရှိစေခဲ့ကြောင်းသိရပါတယ်။ ဒီလအစောပိုင်းကလည်း ထိုင်းနိုင်ငံရေးသမား နဲ့ သူဋ္ဌေးကြီး Chonsawat Asavahame, ဟာ အပူလျှပ်ခြင်းကြောင့် သေဆုံးသွားခဲ့ရကြောင်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ အပူခ်ိန္ျမင့္မားမႈမ်ားနဲ႔အတူ အပူလႈိင္းျဖတ္သန္းမႈမ်ားျဖစ္ေပၚေန
ဂ်န္ဇက္ (NP News) - ဧၿပီ ၁ဝ
ထိုင္းႏိုင္ငံရွိ ၿမိဳ႕အခ်ိဳ႕မွာ ဧၿပီ ၉ ရက္က အပူခ်ိန္စံခ်ိန္တင္ျမင့္မားေနၿပီး အပူလႈိင္းျဖတ္သန္းမႈမ်ားနဲ႔ ရင္ဆိုင္ေနရ ေၾကာင္း ထိုင္း မိုးေလဝသဌာနတာဝန္ရွိသူမ်ားက ေျပာပါတယ္။
ထိုင္းႏိုင္ငံရွိ အပူခ်ိန္အျမင့္ဆုံးၿမိဳ႕ေတြထဲမွာ ကရာဘီေဒသက၊ ဘန္ေကာက္ၿမိဳ႕ Bang Na ေဒသနဲ႔ ဖီခ်ာဘန္ ေဒသတို႔က ထိပ္ဆုံးမွာ ဦးေဆာင္လ်က္ရွိေနေၾကာင္း သိရပါတယ္။ ကရာဘီေဒသရဲ႕အပူခ်ိန္ဟာ ၅၄ ဒသမ ၂ ဒီဂရီ စင္တီဂရိတ္၊ ဘန္နာေဒသက အပူခ်ိန္ ၅ဝ ဒသမ ၂ ဒီဂရီ စင္တီဂရိတ္အထိ ျမင့္တက္လ်က္ရွိေနေၾကာင္း ထိုင္း မိုးေလဝသဌာနရဲ႕ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။
ဒါ့အျပင္ ဖီခ်ာဘန္ေဒသရဲ႕အပူခ်ိန္က ၄၄ ဒသမ ၄ ဒီဂရီစင္တီဂရိတ္၊ ခြၽန္ဘူရီေဒသရဲ႕အပူခ်ိန္က ၄၃ ဒသမ ၂ ဒီဂရီစင္တီဂရိတ္၊ Chok Chai ေဒသရဲ႕အပူခ်ိန္က ၄၁ ဒသမ ၃ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ေနေၾကာင္း သိရပါတယ္။ အပူခ်ိန္ ၄၁ ဒီဂရီစင္တီဂရိတ္ နဲ႔ အပူခ်ိန္ ၅၄ ဒီဂရီစင္တီဂရိတ္ၾကားရွိေဒသမ်ားမွာ ေနထိုင္သူမ်ား အေနနဲ႔ အျပင္ကိုမထြက္ဘဲ အရိပ္အာဝါသေအာက္ေတြနဲ႔ အိမ္မွာပဲေနထိုင္ဖို႔ ထိုင္းအစိုးရတာဝန္ရွိသူမ်ားက ေျပာပါတယ္။
အပူခ်ိန္ျမင့္မားမႈေတြက အပူလွ်ပ္ျခင္း၊ ႂကြက္တက္ျခင္းဖို႔အလားလာေနေၾကာင္း၊ ထိုင္း မိုးေလဝသဌာန တာဝန္ရွိသူမ်ားက ေျပာပါတယ္။ ထိုင္းအစိုးရဟာ အပူခ်ိန္ျမင့္မားမႈနဲ႔ပတ္သက္ၿပီး အဆင့္ ၄ ဆင့္ သတ္မွတ္ ထားၿပီး အပူခ်ိန္ ၅၄ ဒီဂရီစင္တီဂရိတ္ကို အလြန္အႏၲရာယ္ရွိတဲ့အေျခအေန၊ အပူခ်ိန္ ၄၁ နဲ႔ ၅၄ ဒီဂရီစင္တီ ဂရိတ္ၾကားကို အႏၲရာယ္ရွိတဲ့အေျခအေနမ်ိဳး သတ္မွတ္ထားေၾကာင္း၊ အပူခ်ိန္ ၂၇ နဲ႔ ၃၂ ဒီဂရီစင္တီဂရိတ္ကို ေစာင့္ၾကည့္ရမယ့္အဆင့္၊ အပူခ်ိန္ ၃၂ နဲ႔ ၄၁ ဒီဂရီစင္တီဂရိတ္ၾကားကို သတိေပးမႈအဆင့္အျဖစ္ သတ္မွတ္ထား ေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံရဲ႕ ေျခာက္ေသြ႕တဲ့ေႏြရာသီကာလအတြင္းျဖစ္ပြားေနတဲ့ အပူလွ်ပ္ျခင္းက က်န္းမာေရးကို ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြ ျဖစ္လ်က္ရွိေစခဲ့ေၾကာင္းသိရပါတယ္။ ဒီလအေစာပိုင္းကလည္း ထိုင္းႏိုင္ငံေရးသမား နဲ႔ သူေ႒းႀကီး Chonsawat Asavahame, ဟာ အပူလွ်ပ္ျခင္းေၾကာင့္ ေသဆုံးသြားခဲ့ရေၾကာင္း သိရပါတယ္။