ထိုင်းနိုင်ငံ သင်္ကြန်မှာ ခရီးသွားဧည့်သည်များ အဝင်များလာ

599

ရောင်နီ (NP News) – ဧပြီ ၁၅
ပန်းပုံစံဒီဇိုင်းထုတ်ထားတဲ့အင်္ကျီများနဲ့ ပလပ်စတစ်ရေသေနတ်များ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားခရီးသွားများ အလုံးအရင်း အပါအဝင် ထောင်နဲ့ချီသော ရေကစားပရိသတ်များဟာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ရိုးရာနှစ်သစ်ကူးပွဲအတွက် သောကြာနေ့ (သင်္ကြန်အကျနေ့) ဘန်ကောက်မြို့ လမ်းမများပေါ်မှာ မြင်တွေ့လာရပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံး ရေကစားပွဲလို့ မကြာခဏဖော်ပြခံရတဲ့ ထိုင်းပွဲတော်များဖြစ်တဲ့ Songkran အတွက် ပွဲတော်များဟာ COVID-19 ကန့်သတ်ချက်များကြောင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ပိတ်ထားခဲ့ရကာ နိုင်ငံခြား ငွေစီးဆင်းမှု နည်းသွားခဲ့ပါတယ်။
သို့ပေမယ့် အခုသင်္ကြန်ကာလမှာ ခရီးသွားများ ထိုင်းနိုင်ငံသို့ ပြန်ဝင်လာတဲ့အတွက် အဓိက ခရီးသွားကဏ္ဍဟာ အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးကို ပြန်လည်ရှင်သန်လာစေခဲ့ပါတယ်။
"ဒါဟာ ရက်ပေါင်းများစွာကြာတဲ့ မြို့တွင်း ရေကစားပွဲပါပဲ" လို့ ရေကစားပွဲမှာ ပါဝင်ဆင်နွှဲဖို့ အခုသီတင်းပတ် အတွင်း နယူးယောက်မြို့မှ ရောက်ရှိလာတဲ့ ရှေ့နေဂျားဘာရူမိုင်စတာ က ဆိုပါတယ်။ ခရီးသွားကဏ္ဍ ပြန်လည် ကောင်းမွန်လာခြင်းဟာ ကပ်ရောဂါကြောင့် အခြားသော အရှေ့တောင်အာရှနိုင်ငံများထက် နှေးကွေးစွာ ပြန်လည် အဖက်ဆယ်ခဲ့ရတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်ကာ အခုနှစ်မှာ ၄ ရာခိုင်နှုန်းအထိ တိုးလာကာ ငါးနှစ်အတွင်း အမြန်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ပထမသုံးလပတ်မှာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ၆ သန်းကို ကျော်ဖြတ်ကာ ဇန်နဝါရီနဲ့ မတ်လ နှောင်းပိုင်းအတွင်း ခရီးသွား ၆ ဒသမ ၁၅ သန်း စံချိန်တင်ခဲ့ကြောင်း အစိုးရအချက်အလက်များအရ သိရပါတယ်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် သန်း ၃ဝ ထက်မနည်း လာရောက်လည်ပတ်ဖို့ မျှော်မှန်းထားပြီး ဘတ်ငွေ ၁.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၄ ဘီလျံ) သုံးစွဲမယ်လို့ ခရီးသွားလုပ်ငန်းကောင်စီက ခန့်မှန်းထားပါတယ်။ နွေရာသီ နီးကပ်လာတာနဲ့အမျှ ခရီးသွားဧည့်သည်များ တိုးလာဖို့ စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်နေကြပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ သၾကၤန္မွာ ခရီးသြားဧည့္သည္မ်ား အဝင္မ်ားလာ
ေရာင္နီ (NP News) – ဧၿပီ ၁၅
ပန္းပုံစံဒီဇိုင္းထုတ္ထားတဲ့အက်ႌမ်ားနဲ႔ ပလပ္စတစ္ေရေသနတ္မ်ား ကိုင္ေဆာင္ထားတဲ့ ႏိုင္ငံျခားခရီးသြားမ်ား အလုံးအရင္း အပါအဝင္ ေထာင္နဲ႔ခ်ီေသာ ေရကစားပရိသတ္မ်ားဟာ ကပ္ေရာဂါျဖစ္ပြားၿပီးေနာက္ပိုင္း ထိုင္းႏိုင္ငံရဲ႕ အႀကီးမားဆုံး ႐ိုးရာႏွစ္သစ္ကူးပြဲအတြက္ ေသာၾကာေန႔ (သၾကၤန္အက်ေန႔) ဘန္ေကာက္ၿမိဳ႕ လမ္းမမ်ားေပၚမွာ ျမင္ေတြ႕လာရပါတယ္။
ကမာၻေပၚမွာ အႀကီးဆုံး ေရကစားပြဲလို႔ မၾကာခဏေဖာ္ျပခံရတဲ့ ထိုင္းပြဲေတာ္မ်ားျဖစ္တဲ့ Songkran အတြက္ ပြဲေတာ္မ်ားဟာ COVID-19 ကန႔္သတ္ခ်က္မ်ားေၾကာင့္ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ပိတ္ထားခဲ့ရကာ ႏိုင္ငံျခား ေငြစီးဆင္းမႈ နည္းသြားခဲ့ပါတယ္။
သို႔ေပမယ့္ အခုသၾကၤန္ကာလမွာ ခရီးသြားမ်ား ထိုင္းႏိုင္ငံသို႔ ျပန္ဝင္လာတဲ့အတြက္ အဓိက ခရီးသြားက႑ဟာ အေရွ႕ေတာင္အာရွရဲ႕ ဒုတိယအႀကီးဆုံးစီးပြားေရးကို ျပန္လည္ရွင္သန္လာေစခဲ့ပါတယ္။
"ဒါဟာ ရက္ေပါင္းမ်ားစြာၾကာတဲ့ ၿမိဳ႕တြင္း ေရကစားပြဲပါပဲ" လို႔ ေရကစားပြဲမွာ ပါဝင္ဆင္ႏႊဲဖို႔ အခုသီတင္းပတ္ အတြင္း နယူးေယာက္ၿမိဳ႕မွ ေရာက္ရွိလာတဲ့ ေရွ႕ေနဂ်ားဘာ႐ူမိုင္စတာ က ဆိုပါတယ္။ ခရီးသြားက႑ ျပန္လည္ ေကာင္းမြန္လာျခင္းဟာ ကပ္ေရာဂါေၾကာင့္ အျခားေသာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားထက္ ေႏွးေကြးစြာ ျပန္လည္ အဖက္ဆယ္ခဲ့ရတဲ့ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးအတြက္ အဓိကေမာင္းႏွင္အားျဖစ္ကာ အခုႏွစ္မွာ ၄ ရာခိုင္ႏႈန္းအထိ တိုးလာကာ ငါးႏွစ္အတြင္း အျမန္ဆုံးႏႈန္းျဖစ္ခဲ့ပါတယ္။
ထိုင္းႏိုင္ငံဟာ ပထမသုံးလပတ္မွာ ကမာၻလွည့္ခရီးသည္ဝင္ေရာက္မႈ ၆ သန္းကို ေက်ာ္ျဖတ္ကာ ဇန္နဝါရီနဲ႔ မတ္လ ေႏွာင္းပိုင္းအတြင္း ခရီးသြား ၆ ဒသမ ၁၅ သန္း စံခ်ိန္တင္ခဲ့ေၾကာင္း အစိုးရအခ်က္အလက္မ်ားအရ သိရပါတယ္။
ယခုႏွစ္အတြင္း ထိုင္းႏိုင္ငံသို႔ ကမာၻလွည့္ခရီးသည္ သန္း ၃ဝ ထက္မနည္း လာေရာက္လည္ပတ္ဖို႔ ေမွ်ာ္မွန္းထားၿပီး ဘတ္ေငြ ၁.၅ ထရီလီယံ (အေမရိကန္ေဒၚလာ ၄၃ ဒသမ ၇၄ ဘီလ်ံ) သုံးစြဲမယ္လို႔ ခရီးသြားလုပ္ငန္းေကာင္စီက ခန႔္မွန္းထားပါတယ္။ ေႏြရာသီ နီးကပ္လာတာနဲ႔အမွ် ခရီးသြားဧည့္သည္မ်ား တိုးလာဖို႔ စီးပြားေရးလုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနၾကပါတယ္။