ထိုင်းသင်္ကြန်ပွဲတော်ကာလအတွင်း ယာဥ်မတော်တဆမှုများကြောင့် အနည်းဆုံးလူ(၂၅ဝ)နီးပါး သေဆုံး

481

Pika (NP News) - ဧပြီ ၁၉
ထိုင်းနိုင်ငံတွင် ဧပြီလ(၁၁)ရက်မှ စတင်ပြီး သင်္ကြန်ပွဲတော်ကျင်းပသည့် ခြောက်ရက်တာ ကာလအတွင်း ယာဥ်မတော်တဆမှုပေါင်း ၂ဝဝ၈ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း(၂၃၆)ဦး သေဆုံးကာ ၂ဝဝ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ယာဥ်မတော်ဆမှု၏ (၃၉ ဒသမ ၁၆) ရာခိုင်နှုန်းသည် အရှိန်လွန်ခြင်းကြောင့်ဖြစ်ပြီး (၂၃ ဒသမ ၉၅) ရာခိုင်နှုန်းမှာ အရက်မူးပြီး မောင်းနှင်ခြင်းကြောင့်ဖြစ်ကြောင်း ပြည်သူ့ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယာဥ်မတော်တဆမှု စုစုပေါင်း၏ (၇၈ ဒသမ ၃၉) ရာခိုင်နှုန်းသည် မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း ယာဥ်မတော်တဆမှု၏ (၄၂ ဒသမ ၂၁) ရာခိုင်နှုန်းသည် အဝေးပြေးလမ်းမကြီးများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဒေသဆိုင်ရာလမ်းများတွင် ယာဥ်မတော်တဆမှုဖြစ်ပွားခြင်းသည် (၂၉ ဒသမ ၆၆) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ထို့အပြင် ယာဥ်မတော်တဆမှု၏ (၈၁ ဒသမ ၃၇) ရာခိုင်နှုန်းသည် ဖြောင့်မတ်သော လမ်းများပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီ(၁၆)ရက်က ကန်ချနပူရီမြို့တွင် ယာဥ်မတော်တဆမှုပေါင်း အများဆုံး(၁၃)မှုထိ ရှိခဲ့သလို Chumphon မြို့တွင် အနည်းဆုံး လူ(၁၅)ဦး သေဆုံးခဲ့ပြီး ဘန်ကောက်မြို့တွင် လူ(၅)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သင်္ကြန်ပွဲတော် ကာလအတွင်း ရဲတပ်ဖွဲ့သည် စစ်ဆေးမှုများ လုပ်ဆောင်ရန်အတွက် ကားနှင့် ဆိုင်ကယ် (၃၂၂၅၇ဝ) စီး ကို ရပ်တန့် စစ်ဆေးခဲ့ပြီး ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှု(၁၄၁၇၇) မှု အပါအဝင် ယာဥ်မောင်း(၄၈ဝ၆၇) ဦးကို စွဲချက် တင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် မော်တော်ဆိုင်ကယ်စီးသူ(၁၃၁၂၇) ဦးသည်လည်း ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းအတွက် စစ်ဆေး စွဲချက်တင်ခံခဲ့ရကြောင်း သိရသည်။ ယာဥ်မတော်တဆမှုများကြောင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၏ (၉ ဒသမ ၈၇) ရာခိုင်နှုန်းသည် အသက်(၂ဝ) နှင့် (၂၉)နှစ်အရွယ်ကြား ရှိသူများဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ထိုင္းသၾကၤန္ပြဲေတာ္ကာလအတြင္း ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ အနည္းဆုံးလူ(၂၅ဝ)နီးပါး ေသဆုံး
Pika (NP News) - ဧၿပီ ၁၉
ထိုင္းႏိုင္ငံတြင္ ဧၿပီလ(၁၁)ရက္မွ စတင္ၿပီး သၾကၤန္ပြဲေတာ္က်င္းပသည့္ ေျခာက္ရက္တာ ကာလအတြင္း ယာဥ္မေတာ္တဆမႈေပါင္း ၂ဝဝ၈ မႈျဖစ္ပြားခဲ့ၿပီး လူေပါင္း(၂၃၆)ဦး ေသဆုံးကာ ၂ဝဝ၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ ေၾကာင္း သိရသည္။
ယာဥ္မေတာ္ဆမႈ၏ (၃၉ ဒသမ ၁၆) ရာခိုင္ႏႈန္းသည္ အရွိန္လြန္ျခင္းေၾကာင့္ျဖစ္ၿပီး (၂၃ ဒသမ ၉၅) ရာခိုင္ႏႈန္းမွာ အရက္မူးၿပီး ေမာင္းႏွင္ျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္သူ႔ေဘးအႏၲရာယ္ကာကြယ္ေရးႏွင့္ ေလ်ာ့ပါးေရးဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယာဥ္မေတာ္တဆမႈ စုစုေပါင္း၏ (၇၈ ဒသမ ၃၉) ရာခိုင္ႏႈန္းသည္ ေမာ္ေတာ္ဆိုင္ကယ္မ်ားျဖစ္ေၾကာင္း ယာဥ္မေတာ္တဆမႈ၏ (၄၂ ဒသမ ၂၁) ရာခိုင္ႏႈန္းသည္ အေဝးေျပးလမ္းမႀကီးမ်ားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ေဒသဆိုင္ရာလမ္းမ်ားတြင္ ယာဥ္မေတာ္တဆမႈျဖစ္ပြားျခင္းသည္ (၂၉ ဒသမ ၆၆) ရာခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။ ထို႔အျပင္ ယာဥ္မေတာ္တဆမႈ၏ (၈၁ ဒသမ ၃၇) ရာခိုင္ႏႈန္းသည္ ေျဖာင့္မတ္ေသာ လမ္းမ်ားေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဧၿပီ(၁၆)ရက္က ကန္ခ်နပူရီၿမိဳ႕တြင္ ယာဥ္မေတာ္တဆမႈေပါင္း အမ်ားဆုံး(၁၃)မႈထိ ရွိခဲ့သလို Chumphon ၿမိဳ႕တြင္ အနည္းဆုံး လူ(၁၅)ဦး ေသဆုံးခဲ့ၿပီး ဘန္ေကာက္ၿမိဳ႕တြင္ လူ(၅)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ သၾကၤန္ပြဲေတာ္ ကာလအတြင္း ရဲတပ္ဖြဲ႕သည္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ရန္အတြက္ ကားႏွင့္ ဆိုင္ကယ္ (၃၂၂၅၇ဝ) စီး ကို ရပ္တန႔္ စစ္ေဆးခဲ့ၿပီး ယာဥ္ေမာင္းလိုင္စင္မရွိဘဲ ေမာင္းႏွင္မႈ(၁၄၁၇၇) မႈ အပါအဝင္ ယာဥ္ေမာင္း(၄၈ဝ၆၇) ဦးကို စြဲခ်က္ တင္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ေမာ္ေတာ္ဆိုင္ကယ္စီးသူ(၁၃၁၂၇) ဦးသည္လည္း ဆိုင္ကယ္စီးဦးထုပ္မေဆာင္းျခင္းအတြက္ စစ္ေဆး စြဲခ်က္တင္ခံခဲ့ရေၾကာင္း သိရသည္။ ယာဥ္မေတာ္တဆမႈမ်ားေၾကာင့္ ေသဆုံးသူႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ား၏ (၉ ဒသမ ၈၇) ရာခိုင္ႏႈန္းသည္ အသက္(၂ဝ) ႏွင့္ (၂၉)ႏွစ္အ႐ြယ္ၾကား ရွိသူမ်ားျဖစ္ေၾကာင္း သိရသည္။