ထိုင်းနိုင်ငံမှာ အိမ်ထောင်စုသုံး လျှပ်စစ်မီတာခများကို လျော့ချပေးသွားမယ်

1095

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ
ထိုင်းအစိုးရဟာ အိမ်ထောင်စု သုံးလျှပ်စစ်မီတာခများကို လျော့ချပေးသွားမှာဖြစ်ကြောင်း လျှပ်စစ်နဲ့ စွမ်းအင် စည်းကမ်းထိန်းသိမ်းရေးကော်မရှင် က ပြောပါတယ်။
ထိုင်းနိုင်ငံရှိအိမ်ထောင်စုများဟာ ဇန်နဝါရီလကနေ ဧပြီလအတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ထိုင်းဘတ် ၅ ဒသမ ၂၄ နှုန်းနဲ့ ပေးဆောင်ခဲ့ရပေမယ့်လည်း မေလ ကနေ သြဂုတ်လအထိ လျှပ်စစ်မီတာ တစ်ယူနစ်ကို ၄ ဒသမ ၇၇ ဘတ်နှုန်းနဲ့သာ ပေးဆောင်ရမှာဖြစ်ကြောင်း သိရပါတယ်။
ခြောက်သွေ့သောရာသီဥတုအတွင်း အပူချိန်မြင့်မားမှုများကြောင့် အအေးဓါတ် ပိုမိုရရှိအောင် လျှပ်စစ်မီတာ သုံးစွဲမှု များ တိုးမြင့်လာခဲ့ရာ အစိုးရက ပြည်သူတွေအတွက် လျှပ်စစ်မီတာခ ကို လျော့ချပေးဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။
ဇန်နဝါရီလကနေ ဧပြီလအတွင်း ပေးဆောင်ခဲ့ရတဲ့ လျှပ်စစ်မီတာခတွေဟာ ဓါတ်ငွေ့အရည် (LNG) ကုန်ကျစရိတ် ကို အခြေခံကာတွက်ချက် ကောက်ခံခဲ့ခြင်းဖြစ်ကြေငာ်း သိရပါတယ်။
ကမ္ဘာတဝန်းမှာ လောင်စာဆီဈေးနှုန်းများ လက်ရှိအချိန်မှာ လျော့ကျနေပေမယ့်လည်း ထိုင်းနိုင်ငံရဲ့လျှပ်စစ် ဓါတ်အား ရယူမှုတွေက ဓါတ်ငွေ့အရည် (LNG) အသုံးပြုမှုတွေကို အဓိကအခြေခံထားခြင်းကြောင့် လျှပ်စစ် ဓါတ်အားခများ ပိုမိုကျဆင်းမှာ မဟုတ်သေးကြောင်း ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ထိုင်းပြည်သူများ အနာဂတ်မှာ လျှပ်စစ်ဓါတ်အားခများ ပိုမိုလျော့ကျလာစေဖို့အတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှုတွေကို တိုးမြင့်လုပ်ကိုင်မှုနဲ့အတူ ဓါတ်ငွေ့အရည် (LNG) သုံးစွဲမှုတွေကို လျော့နိုင် အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ အိမ္ေထာင္စုသုံး လွ်ပ္စစ္မီတာခမ်ားကို ေလ်ာ့ခ်ေပးသြားမယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ
ထိုင္းအစိုးရဟာ အိမ္ေထာင္စု သုံးလွ်ပ္စစ္မီတာခမ်ားကို ေလ်ာ့ခ်ေပးသြားမွာျဖစ္ေၾကာင္း လွ်ပ္စစ္နဲ႔ စြမ္းအင္ စည္းကမ္းထိန္းသိမ္းေရးေကာ္မရွင္ က ေျပာပါတယ္။
ထိုင္းႏိုင္ငံရွိအိမ္ေထာင္စုမ်ားဟာ ဇန္နဝါရီလကေန ဧၿပီလအတြင္း လွ်ပ္စစ္မီတာခ တစ္ယူနစ္ကို ထိုင္းဘတ္ ၅ ဒသမ ၂၄ ႏႈန္းနဲ႔ ေပးေဆာင္ခဲ့ရေပမယ့္လည္း ေမလ ကေန ၾသဂုတ္လအထိ လွ်ပ္စစ္မီတာ တစ္ယူနစ္ကို ၄ ဒသမ ၇၇ ဘတ္ႏႈန္းနဲ႔သာ ေပးေဆာင္ရမွာျဖစ္ေၾကာင္း သိရပါတယ္။
ေျခာက္ေသြ႕ေသာရာသီဥတုအတြင္း အပူခ်ိန္ျမင့္မားမႈမ်ားေၾကာင့္ အေအးဓါတ္ ပိုမိုရရွိေအာင္ လွ်ပ္စစ္မီတာ သုံးစြဲမႈ မ်ား တိုးျမင့္လာခဲ့ရာ အစိုးရက ျပည္သူေတြအတြက္ လွ်ပ္စစ္မီတာခ ကို ေလ်ာ့ခ်ေပးဖို႔ စီစဥ္လာျခင္းျဖစ္ပါတယ္။
ဇန္နဝါရီလကေန ဧၿပီလအတြင္း ေပးေဆာင္ခဲ့ရတဲ့ လွ်ပ္စစ္မီတာခေတြဟာ ဓါတ္ေငြ႕အရည္ (LNG) ကုန္က်စရိတ္ ကို အေျခခံကာတြက္ခ်က္ ေကာက္ခံခဲ့ျခင္းျဖစ္ေၾကငာ္း သိရပါတယ္။
ကမာၻတဝန္းမွာ ေလာင္စာဆီေဈးႏႈန္းမ်ား လက္ရွိအခ်ိန္မွာ ေလ်ာ့က်ေနေပမယ့္လည္း ထိုင္းႏိုင္ငံရဲ႕လွ်ပ္စစ္ ဓါတ္အား ရယူမႈေတြက ဓါတ္ေငြ႕အရည္ (LNG) အသုံးျပဳမႈေတြကို အဓိကအေျခခံထားျခင္းေၾကာင့္ လွ်ပ္စစ္ ဓါတ္အားခမ်ား ပိုမိုက်ဆင္းမွာ မဟုတ္ေသးေၾကာင္း ထိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Anucha Burapachaisri က ေျပာပါတယ္။
ထိုင္းအစိုးရအေနနဲ႔ ထိုင္းျပည္သူမ်ား အနာဂတ္မွာ လွ်ပ္စစ္ဓါတ္အားခမ်ား ပိုမိုေလ်ာ့က်လာေစဖို႔အတြက္ ျပန္လည္ ျပည့္ၿဖိဳးၿမဲစြမ္းအင္ အသုံးျပဳမႈေတြကို တိုးျမင့္လုပ္ကိုင္မႈနဲ႔အတူ ဓါတ္ေငြ႕အရည္ (LNG) သုံးစြဲမႈေတြကို ေလ်ာ့ႏိုင္ ေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ၎က ေျပာပါတယ္။