ထိုင်းနိုင်ငံမှာ နေ့အပူချိန် လွန်ကဲလာခြင်းအတွက် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထား

 1521

ရောင်နီ (NP News) - ဧပြီ ၂၃

ဧပြီလ ၂၂ ရက်၊ စနေနေ့က မြို့တော်ဘန်ကောက် အပါအဝင် နိုင်ငံရဲ့နေရာအနှံ့အပြားမှ နေထိုင်သူတွေကို နေ့အပူချိန်လွန်ကဲလာခြင်းကြောင့် အကာအကွယ်မဲ့ အပြင်ထွက်သွားလာခြင်းများ ရှောင်ကြဉ်ကြဖို့ အာဏာပိုင် များက သတိပေးထားပါတယ်။

အာရှတိုက်ရဲ့အချို့နေရာများမှာ ယခုလအတွင်း ပြင်းထန်သော အပူချိန်မြင့်တက်မှုများ ရှိနေပြီး အချို့နိုင်ငံများမှာ စံချိန်တင် နေ့အပူချိန်များထိ ရောက်ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ အစိတ်အပိုင်းများမှာ အပူလွန်ကဲမှု ကြောင့် ဓာတ်အားလိုအပ်ချက်များ မြင့်တက်လာကာ လူသန်းပေါင်းများစွာအတွက် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဘန်ကောက်မြို့ ဘက်ဂ်နာခရိုင်မှာ နေ့အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိခဲ့ပြီး ရစိုထိုင်းဆနဲ့ အပူချိန် တိုင်းတာတဲ့အပူအညွှန်းကိန်းဟာ ၅၄ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မိုးလေဝသဌာနမှ ဖော်ပြချက်အရ သိရပါတယ်။

အာဏာပိုင်များက ဒေသခံများအား အိမ်ပြင်ထွက် သွားလာလှုပ်ရှားမှုများ ရှောင်ကြဉ်ဖို့ နဲ့ အပူဒဏ်ကို သတိပြုဖို့ သတိပေးထားပါတယ်။ ဧပြီလ ၂၃ ရက်၊ စနေနေ့က အနည်းဆုံး ပြည်နယ် ၂၈ ခုမှာ အပူချိန် ၄ဝ ဒီဂရီစင်တီဂရိတ် ကျော်ထိ ရှိမယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနက ပြောကြားခဲ့ပါတယ်။

မကြာသေးမီက အပူရှိန်လွန်ကဲမှုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၉,ဝဝဝ မဂ္ဂါဝပ်ကျော်ထိ ရှိခဲ့ကာ ယမန်နှစ် ဧပြီလက ယခင်စံချိန် ၃၂,ဝဝဝ မဂ္ဂါဝပ်ထက် ကျော်လွန်ခဲ့ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ အနူချာဘာရာပါချိုင် ဆရီ က ပြောကြားခဲ့ပါတယ်။

"အခုဖြစ်ပျက်နေတာတွေက ရာသီဥတုဖောက်ပြန်မှု၊ ပုံမှန်မဟုတ်တဲ့ ရာသီဥတု နဲ့ ပြင်းထန်တဲ့ ရာသီဥတုလို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်" လို့ Prince of Songkla University မှ ကမ်းရိုးတန်းပင်လယ် ပြင်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာသုတေသီ လက်ထောက်ပါမောက္ခ မာသီနီးရုချယ်ရွန် က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေန႔အပူခ်ိန္ လြန္ကဲလာျခင္းအတြက္ အာဏာပိုင္မ်ားက သတိေပးခ်က္ ထုတ္ျပန္ထား
ေရာင္နီ (NP News) - ဧၿပီ ၂၃

ဧၿပီလ ၂၂ ရက္၊ စေနေန႔က ၿမိဳ႕ေတာ္ဘန္ေကာက္ အပါအဝင္ ႏိုင္ငံရဲ႕ေနရာအႏွံ႔အျပားမွ ေနထိုင္သူေတြကို ေန႔အပူခ်ိန္လြန္ကဲလာျခင္းေၾကာင့္ အကာအကြယ္မဲ့ အျပင္ထြက္သြားလာျခင္းမ်ား ေရွာင္ၾကဥ္ၾကဖို႔ အာဏာပိုင္ မ်ားက သတိေပးထားပါတယ္။

အာရွတိုက္ရဲ႕အခ်ိဳ႕ေနရာမ်ားမွာ ယခုလအတြင္း ျပင္းထန္ေသာ အပူခ်ိန္ျမင့္တက္မႈမ်ား ရွိေနၿပီး အခ်ိဳ႕ႏိုင္ငံမ်ားမွာ စံခ်ိန္တင္ ေန႔အပူခ်ိန္မ်ားထိ ေရာက္ရွိေနပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏိုင္ငံ အစိတ္အပိုင္းမ်ားမွာ အပူလြန္ကဲမႈ ေၾကာင့္ ဓာတ္အားလိုအပ္ခ်က္မ်ား ျမင့္တက္လာကာ လူသန္းေပါင္းမ်ားစြာအတြက္ ဓာတ္အားျပတ္ေတာက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ ဘက္ဂ္နာခ႐ိုင္မွာ ေန႔အပူခ်ိန္ ၄၂ ဒီဂရီစင္တီဂရိတ္သို႔ေရာက္ရွိခဲ့ၿပီး ရစိုထိုင္းဆနဲ႔ အပူခ်ိန္ တိုင္းတာတဲ့အပူအၫႊန္းကိန္းဟာ ၅၄ ဒီဂရီစင္တီဂရိတ္အထိ စံခ်ိန္တင္ျမင့္တက္ခဲ့ေၾကာင္း မိုးေလဝသဌာနမွ ေဖာ္ျပခ်က္အရ သိရပါတယ္။

အာဏာပိုင္မ်ားက ေဒသခံမ်ားအား အိမ္ျပင္ထြက္ သြားလာလႈပ္ရွားမႈမ်ား ေရွာင္ၾကဥ္ဖို႔ နဲ႔ အပူဒဏ္ကို သတိျပဳဖို႔ သတိေပးထားပါတယ္။ ဧၿပီလ ၂၃ ရက္၊ စေနေန႔က အနည္းဆုံး ျပည္နယ္ ၂၈ ခုမွာ အပူခ်ိန္ ၄ဝ ဒီဂရီစင္တီဂရိတ္ ေက်ာ္ထိ ရွိမယ္လို႔ ထိုင္းႏိုင္ငံ သဘာဝေဘးအႏၲရာယ္ကာကြယ္ေရးနဲ႔ ေလ်ာ့ပါးေရးဌာနက ေျပာၾကားခဲ့ပါတယ္။

မၾကာေသးမီက အပူရွိန္လြန္ကဲမႈေၾကာင့္ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ ၃၉,ဝဝဝ မဂၢါဝပ္ေက်ာ္ထိ ရွိခဲ့ကာ ယမန္ႏွစ္ ဧၿပီလက ယခင္စံခ်ိန္ ၃၂,ဝဝဝ မဂၢါဝပ္ထက္ ေက်ာ္လြန္ခဲ့ေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရွိသူ အႏူခ်ာဘာရာပါခ်ိဳင္ ဆရီ က ေျပာၾကားခဲ့ပါတယ္။

"အခုျဖစ္ပ်က္ေနတာေတြက ရာသီဥတုေဖာက္ျပန္မႈ၊ ပုံမွန္မဟုတ္တဲ့ ရာသီဥတု နဲ႔ ျပင္းထန္တဲ့ ရာသီဥတုလို႔ေခၚတဲ့ ျဖစ္စဥ္တစ္ခုေၾကာင့္ ျဖစ္ေပၚလာတာျဖစ္ပါတယ္" လို႔ Prince of Songkla University မွ ကမ္း႐ိုးတန္းပင္လယ္ ျပင္နဲ႔ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာသုေတသီ လက္ေထာက္ပါေမာကၡ မာသီနီး႐ုခ်ယ္႐ြန္ က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.