ကားမောင်းသမားမူးလဲသွားချိန်မှာ ကားကို ဘေးအန္တရာယ်မဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့လို့ ချီးကျူးခံနေရတဲ့ အမေရိကန် ဆယ်ကျော်သက်ကလေး

939

ဂျန်ဇက် (NP News) - ဧပြီ ၃ဝ
အမေရိကန်နိုင်ငံ မီချီဂမ်ပြည်နယ်မှ အသက် ၁၃ နှစ်အရွယ်ရှိ ကလေးတစ်ဦးဟာ ၎င်းတို့ စီးလာတဲ့ကျောင်းကား အက်ဆီးဒန့်မဖြစ်အောင် ကူညီဆောင်ရွက်ပေးနိုင်ခြင်းကြောင့် လူအများရဲ့ချီးကျူးပြောဆိုခံနေရကြောင်း သိရပါတယ်။
၇ တန်းအရွယ်ရှိ ကျောင်းသားတစ်ဦးဟာ ၎င်းတို့ စီးနင်းလာတဲ့ ကျောင်းကား မောင်းသူ မူးလဲသွားခြင်းကို တွေ့ရှိခဲ့ပြီး နောက် အက်ဆီးဒန့်မဖြစ်အောင် ကားကိုအလျင်အမြန်ရပ်နိုင်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီလွန်ရီဗက်စ် အမည်ရှိ ကလေးတွေ လိုက်ပါစီးနင်းလာတဲ့ကျောင်းကားဟာ Bunert Road လမ်းပေါ်မှာ အဆိုပါအဖြစ် အပျက်ဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ပြီး ကားမှာတပ်ဆင်ထားတဲ့ ကင်မရာနဲ့ အဖြစ်အပျက်အားလုံးကို တွေ့မြင်ခဲ့ကြောင်း သိရပါတယ်။
ကားမောင်းသမားဟာ သတိလစ်မှုမဖြစ်ပွားခင် အကူအညီရစေဖို့ walkie-talkie နဲ့ အကူအညီတောင်းခံမှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။ ဒီလွန်ရီဗက်စ် ဟာ ကားမောင်းသမား မူးလဲသွားချိန်မှာ ကားမောင်းသမားထိုင်တဲ့နေရာကို သွားရောက်ပြီး၊ ကားကို ရပ်တန့်အောင်လုပ်ဆောင်ခဲ့ပြီး ကားအပေါ်ရှိ သူငယ်ချင်းဖြစ်သူများကို 911 သို့ ဖုန်းဆက် အကူအညီတောင်းခံဖို့ အော်ဟစ်ပြောဆိုခဲ့ကြောင်း သိရပါတယ်။
မီချီဂမ်ပြည်နယ် Warren ရဲတပ်ဖွဲ့ နဲ့ မီးသတ်သမားတွေဟာ မူးလဲနေတဲ့ကားမောင်းသမားကို ကယ်တင်ပေးနိုင်ခဲ့သလို ကျောင်းသားကို ဘေးကင်းစွာနဲ့အိမ်ပြန်နိုင်အောင် ကူညီပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ Warren မြို့အုပ်ချုပ်ရေးတာဝန်ရှိ သူတစ်ဦးဖြစ်တဲ့ Robert D. Livernois က "ကလေးငယ် ဒီလွန်ရီဗက်စ်ရဲ့လုပ်ရပ်တွေက အခြားကလေးတွေနဲ့မတူဘဲ ကွဲပြားခြားနားခဲ့တယ်။ ကျွန်တော်ဟာ ဒီလွန်ရီဗက်စ်ရဲ့လုပ်ရပ်တွေအတွက် ဂုဏ်ယူပါတယ်။ ချီးကျူးပါတယ်" လို့ ပြောပါတယ်။

Zawgyi Version;
ကားေမာင္းသမားမူးလဲသြားခ်ိန္မွာ ကားကို ေဘးအႏၲရာယ္မျဖစ္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့လို႔ ခ်ီးက်ဴးခံေနရတဲ့ အေမရိကန္ ဆယ္ေက်ာ္သက္ကေလး
ဂ်န္ဇက္ (NP News) - ဧၿပီ ၃ဝ
အေမရိကန္ႏိုင္ငံ မီခ်ီဂမ္ျပည္နယ္မွ အသက္ ၁၃ ႏွစ္အ႐ြယ္ရွိ ကေလးတစ္ဦးဟာ ၎တို႔ စီးလာတဲ့ေက်ာင္းကား အက္ဆီးဒန႔္မျဖစ္ေအာင္ ကူညီေဆာင္႐ြက္ေပးႏိုင္ျခင္းေၾကာင့္ လူအမ်ားရဲ႕ခ်ီးက်ဴးေျပာဆိုခံေနရေၾကာင္း သိရပါတယ္။
၇ တန္းအ႐ြယ္ရွိ ေက်ာင္းသားတစ္ဦးဟာ ၎တို႔ စီးနင္းလာတဲ့ ေက်ာင္းကား ေမာင္းသူ မူးလဲသြားျခင္းကို ေတြ႕ရွိခဲ့ၿပီး ေနာက္ အက္ဆီးဒန႔္မျဖစ္ေအာင္ ကားကိုအလ်င္အျမန္ရပ္ႏိုင္ေအာင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ဒီလြန္ရီဗက္စ္ အမည္ရွိ ကေလးေတြ လိုက္ပါစီးနင္းလာတဲ့ေက်ာင္းကားဟာ Bunert Road လမ္းေပၚမွာ အဆိုပါအျဖစ္ အပ်က္ျဖစ္ပြားခဲ့ျခင္းမ်ိဳးျဖစ္ၿပီး ကားမွာတပ္ဆင္ထားတဲ့ ကင္မရာနဲ႔ အျဖစ္အပ်က္အားလုံးကို ေတြ႕ျမင္ခဲ့ေၾကာင္း သိရပါတယ္။
ကားေမာင္းသမားဟာ သတိလစ္မႈမျဖစ္ပြားခင္ အကူအညီရေစဖို႔ walkie-talkie နဲ႔ အကူအညီေတာင္းခံမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရပါတယ္။ ဒီလြန္ရီဗက္စ္ ဟာ ကားေမာင္းသမား မူးလဲသြားခ်ိန္မွာ ကားေမာင္းသမားထိုင္တဲ့ေနရာကို သြားေရာက္ၿပီး၊ ကားကို ရပ္တန႔္ေအာင္လုပ္ေဆာင္ခဲ့ၿပီး ကားအေပၚရွိ သူငယ္ခ်င္းျဖစ္သူမ်ားကို 911 သို႔ ဖုန္းဆက္ အကူအညီေတာင္းခံဖို႔ ေအာ္ဟစ္ေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။
မီခ်ီဂမ္ျပည္နယ္ Warren ရဲတပ္ဖြဲ႕ နဲ႔ မီးသတ္သမားေတြဟာ မူးလဲေနတဲ့ကားေမာင္းသမားကို ကယ္တင္ေပးႏိုင္ခဲ့သလို ေက်ာင္းသားကို ေဘးကင္းစြာနဲ႔အိမ္ျပန္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ Warren ၿမိဳ႕အုပ္ခ်ဳပ္ေရးတာဝန္ရွိ သူတစ္ဦးျဖစ္တဲ့ Robert D. Livernois က "ကေလးငယ္ ဒီလြန္ရီဗက္စ္ရဲ႕လုပ္ရပ္ေတြက အျခားကေလးေတြနဲ႔မတူဘဲ ကြဲျပားျခားနားခဲ့တယ္။ ကြၽန္ေတာ္ဟာ ဒီလြန္ရီဗက္စ္ရဲ႕လုပ္ရပ္ေတြအတြက္ ဂုဏ္ယူပါတယ္။ ခ်ီးက်ဴးပါတယ္" လို႔ ေျပာပါတယ္။