စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း(၄ဝ)ကျော်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်

1253

ဂျန်ဇက် (NP News) - မေ ၁၄
စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း (၄ဝ)ကျော်အတွင်း အပူချိန်အမြင့်ဆုံး စံချိန်တင်ခဲ့ကြောင်းသိရပါတယ်။
မေလ ၁၄ ရက်မှာ စင်ကာပူနိုင်ငံရဲ့အပူချိန်ဟာ ၃၇ စင်တီဂရိတ်အထိရှိနေခဲ့ကြောင်း အဆိုပါအပူချိန်ဟာ နှစ်ပေါင်း (၄ဝ)ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ကြောင်းသိရပါတယ်။ စင်ကာပူနိုင်ငံမှာ ၁၉၈၃ ခုနှစ်၊ ဧပြီလကအပူချိန်အမြင့်ဆုံးဖြစ်ခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အဆိုပါအပူချိန်ထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင်အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အပူချိန်ဟာ (၃၆ ဒသမ ၇)စင်တီဂရိတ်အထိရှိခဲ့ဖူးပြီး မေလ ၁၄ ရက်အပူချိန်က အဆိုပါအပူချိန်ထက် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခုနှစ်နွေရာသီမှာအာရှတိုက်အတွင်းရှိ နိုင်ငံများရဲ့အပူချိန်ဟာ စံချိန်တင်ခဲ့ပြီး မြန်မာ၊ ထိုင်းနိုင်ငံတို့မှာလည်း အပူချိန်စံချိန်တင် မြင့်တက်မှုများရှိခဲ့ဖူးကြောင်း သိရပါတယ်။ စင်ကာပူနိုင်ငံမှာပူနွေး၊ ခြောက်သွေ့မှုများ ဆက်လက်ဖြစ်ပွားနေမှာဖြစ်ပြီး ဒီသီတင်းပတ်အတွင်းမှာ အပူချိန် မြင့်တက်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။
စင်ကာပူ နိုင်ငံရဲ့အပူချိန်ဟာ ၁၉၂၉ ခုနှစ်မှာ စံချိန်တင်ဖြစ်လာခဲ့ကြောင်းသိရပါတယ်။ ရာသီဥတုအခြေ အနေများဟာ ပုံမှန်မဟုတ်တော့တဲ့အတွက် ရာသီဥတု ပြောင်းလဲမှုများ တိုက်ဖျက်ရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ ပိုမိုအာရုံစိုက်လုပ်ဆောင်ဖို့တိုက်တွန်းမှုတွေလည်းရှိနေပါတယ်။

zawgyi version
စင္ကာပူႏိုင္ငံမွာ ႏွစ္ေပါင္း(၄ဝ)ေက်ာ္အတြင္း အပူခ်ိန္အျမင့္ဆုံး စံခ်ိန္တင္
ဂ်န္ဇက္ (NP News) - ေမ ၁၄
စင္ကာပူႏိုင္ငံမွာ ႏွစ္ေပါင္း (၄ဝ)ေက်ာ္အတြင္း အပူခ်ိန္အျမင့္ဆုံး စံခ်ိန္တင္ခဲ့ေၾကာင္းသိရပါတယ္။
ေမလ ၁၄ ရက္မွာ စင္ကာပူႏိုင္ငံရဲ႕အပူခ်ိန္ဟာ ၃၇ စင္တီဂရိတ္အထိရွိေနခဲ့ေၾကာင္း အဆိုပါအပူခ်ိန္ဟာ ႏွစ္ေပါင္း (၄ဝ)ေက်ာ္အတြင္း အျမင့္ဆုံးျဖစ္ခဲ့ေၾကာင္းသိရပါတယ္။ စင္ကာပူႏိုင္ငံမွာ ၁၉၈၃ ခုႏွစ္၊ ဧၿပီလကအပူခ်ိန္အျမင့္ဆုံးျဖစ္ခဲ့ဖူးၿပီး လက္ရွိအခ်ိန္မွာေတာ့ အဆိုပါအပူခ်ိန္ထက္ ပိုမိုျမင့္တက္လ်က္ရွိေၾကာင္း စင္ကာပူ အမ်ိဳးသား သဘာဝပတ္ဝန္းက်င္ေအဂ်င္စီက သတင္းထုတ္ျပန္ထားပါတယ္။
စင္ကာပူႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္က အပူခ်ိန္ဟာ (၃၆ ဒသမ ၇)စင္တီဂရိတ္အထိရွိခဲ့ဖူးၿပီး ေမလ ၁၄ ရက္အပူခ်ိန္က အဆိုပါအပူခ်ိန္ထက္ ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရပါတယ္။ ယခုႏွစ္ေႏြရာသီမွာအာရွတိုက္အတြင္းရွိ ႏိုင္ငံမ်ားရဲ႕အပူခ်ိန္ဟာ စံခ်ိန္တင္ခဲ့ၿပီး ျမန္မာ၊ ထိုင္းႏိုင္ငံတို႔မွာလည္း အပူခ်ိန္စံခ်ိန္တင္ ျမင့္တက္မႈမ်ားရွိခဲ့ဖူးေၾကာင္း သိရပါတယ္။ စင္ကာပူႏိုင္ငံမွာပူေႏြး၊ ေျခာက္ေသြ႕မႈမ်ား ဆက္လက္ျဖစ္ပြားေနမွာျဖစ္ၿပီး ဒီသီတင္းပတ္အတြင္းမွာ အပူခ်ိန္ ျမင့္တက္ေနမွာျဖစ္တယ္လို႔ ဆိုပါတယ္။
စင္ကာပူ ႏိုင္ငံရဲ႕အပူခ်ိန္ဟာ ၁၉၂၉ ခုႏွစ္မွာ စံခ်ိန္တင္ျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။ ရာသီဥတုအေျခ အေနမ်ားဟာ ပုံမွန္မဟုတ္ေတာ့တဲ့အတြက္ ရာသီဥတု ေျပာင္းလဲမႈမ်ား တိုက္ဖ်က္ေရးလုပ္ငန္းမ်ားကို ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ပိုမိုအာ႐ုံစိုက္လုပ္ေဆာင္ဖို႔တိုက္တြန္းမႈေတြလည္းရွိေနပါတယ္။