အင်းစိန်ဂုံးတံတားအောက်တွင် Delivery လိုက်ပို့သည့် အမျိုးသားတစ်ဦး လုယက်ခံရ

 2546

စော (NP News) - ဇွန် ၁

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဂုံတံတားအောက်တွင် Delivery လိုက်ပို့သည့် အမျိုးသားတစ်ဦး လုယက်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (မေလ ၃၁ ရက်)၊ ညနေ(၃)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ပန်းခြံအနီးတွင် ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ထံမှ သိရသည်။

“သူက အော်ဒါသွားပို့တာပါ။ ဂုံးတံတားအဆင်းမှာ အလုခံရတာပါ။ ဝိုင်းလုတော့သူကမပေးတော့ ဝိုင်းပြီး ရိုက်သွားကြတာပါ။ ဦးခေါင်းတော့ ထိသွားတယ်။ ပစ္စည်းတစ်ခုမှမပါသွားဘူး။ လူကိုပဲလုပ်သွားတာပါ”ဟု အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါအမျိုသားသည် ဦးမျိုးဝင်းဖြစ်ပြီး အင်းစိန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း ၎င်းကဆက်လက်ပြော ဆိုထားသည်။

၎င်းအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားပြီး လက်ရှိတွင် မြောက်ဥက္ကလာဆေးရုံသို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
အင္းစိန္ဂုံးတံတားေအာက္တြင္ Delivery လိုက္ပို႔သည့္ အမ်ိဳးသားတစ္ဦး လုယက္ခံရ

ေစာ (NP News) - ဇြန္ ၁

ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ဂုံတံတားေအာက္တြင္ Delivery လိုက္ပို႔သည့္ အမ်ိဳးသားတစ္ဦး လုယက္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ေမလ ၃၁ ရက္)၊ ညေန(၃)နာရီအခ်ိန္တြင္ အင္းစိန္ၿမိဳ႕နယ္၊ အင္းစိန္ပန္းၿခံအနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕ထံမွ သိရသည္။

“သူက ေအာ္ဒါသြားပို႔တာပါ။ ဂုံးတံတားအဆင္းမွာ အလုခံရတာပါ။ ဝိုင္းလုေတာ့သူကမေပးေတာ့ ဝိုင္းၿပီး ႐ိုက္သြားၾကတာပါ။ ဦးေခါင္းေတာ့ ထိသြားတယ္။ ပစၥည္းတစ္ခုမွမပါသြားဘူး။ လူကိုပဲလုပ္သြားတာပါ”ဟု အင္းစိန္ၿမိဳ႕နယ္ ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါအမ်ိဳသားသည္ ဦးမ်ိဳးဝင္းျဖစ္ၿပီး အင္းစိန္ၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာ ဆိုထားသည္။

၎အား အင္းစိန္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားၿပီး လက္ရွိတြင္ ေျမာက္ဥကၠလာေဆး႐ုံသို႔ ျပန္လည္ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.