ရန်ကုန်-ပြည် ကားလမ်း၌ (၁၂)ဘီးကားမှ (၂၂)ဘီးကားကို ဝင်တိုက်၍ (၂)ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ နံနက်အစောပိုင်း၌ဖြစ်ပွား

761
NP News - ဇွန် ၄
ရန်ကုန်-ပြည် ကားလမ်း၌ ယနေ့ (ဇွန်လ ၄ ရက်) နံနက်အစောပိုင်းတွင် (၁၂)ဘီးကားမှ (၂၂)ဘီးကားကို ဝင်တိုက်၍ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သပြေစမ်းရွာအနီး၊ ရန်ကုန်-ပြည်ကားလမ်း ၊ မိုင်တိုင်အမှတ် ၁ဝဝ /၁ အနီးတွင် ယနေ့ နံနက် ၆ နာရီခန့်က Hino Profia အဖြူရောင်( ၁၂)ဘီးယာဉ်မှ (၂၂)ဘီးယာဉ်အား ဝင်တိုက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
ယင်း ဖြစ်စဉ်ကို မင်းလှမြို့နယ်မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် Hino Profia အဖြူရောင်( ၁၂)ဘီးယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မင်းလှမြို့နယ်လူမှုကူညီရေးအသင်းယာဉ်ဖြင့်သာယာဝတီပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ထိခိုက် ဒဏ်ရာရရှိခဲ့သူများသည် စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရသည်။
zawgyi version
ရန္ကုန္-ျပည္ ကားလမ္း၌ (၁၂)ဘီးကားမွ (၂၂)ဘီးကားကို ဝင္တိုက္၍ (၂)ဦး ထိခိုက္ဒဏ္ရာရရွိမႈ ယေန႔ နံနက္အေစာပိုင္း၌ျဖစ္ပြား
NP News - ဇြန္ ၄
ရန္ကုန္-ျပည္ ကားလမ္း၌ ယေန႔ (ဇြန္လ ၄ ရက္) နံနက္အေစာပိုင္းတြင္ (၁၂)ဘီးကားမှ (၂၂)ဘီးကားကို ဝင္တိုက္၍ (၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ပဲခူးတိုင္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ သေျပစမ္း႐ြာအနီး၊ ရန္ကုန္-ျပည္ကားလမ္း ၊ မိုင္တိုင္အမွတ္ ၁ဝဝ /၁ အနီးတြင္ ယေန႔ နံနက္ ၆ နာရီခန႔္က Hino Profia အျဖဴေရာင္( ၁၂)ဘီးယာဥ္မွ (၂၂)ဘီးယာဥ္အား ဝင္တိုက္မႈျဖစ္ပြါးခဲ့ျခင္းျဖစ္သည္။
ယင္း ျဖစ္စဥ္ကို မင္းလွၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕မွ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေပးခဲ့ၿပီး အဆိုပါယာဥ္တိုက္မႈေၾကာင့္ Hino Profia အျဖဴေရာင္( ၁၂)ဘီးယာဥ္ေပၚပါ အမ်ိဳးသား (၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မင္းလွၿမိဳ႕နယ္လူမႈကူညီေရးအသင္းယာဥ္ျဖင့္သာယာဝတီျပည္သူ႔ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း မီးသတ္တပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
ထိခိုက္ ဒဏ္ရာရရွိခဲ့သူမ်ားသည္ စိုးရိမ္ရသည့္ အေျခအေနမရွိေၾကာင္း သိရသည္။