FA ဖလား ရရှိပြီးနောက် ချန်ပီယံလိဂ်ဆုဖလားကို ထပ်မံရယူရန် ကစားသမားများကို တိုက်တွန်းတောင်းဆိုလိုက်သော မန်စီးတီးနည်းပြဂွါဒီယိုလာ

593

Pika (NP News) - ဇွန် ၄
မန်စီးတီးအသင်းသည် FA ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံရရန် အတွက် ချန်ပီယံလိဂ်ဆုဖလားကို ဆက်လက်ဆွတ်ခူးရန် အစွမ်းကုန်ကြိုးပမ်းသင့်ကြောင်း နည်းပြဂွါဒီယိုလာက ၎င်း၏ အသင်းကစားသမားများကို တိုက်တွန်းတောင်းဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ဇွန်လ(၃)ရက်တွင် မန်ယူအသင်းနှင့်ကစားခဲ့သည့် FAဖလား ဗိုလ်လုပွဲတွင် (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် FA ဆုဖလားကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးကွင်းလယ်ကစားသမား ဂွန်ဒိုဂန်သည် ပွဲချိန်(၁၂)စက္ကန့်တွင် အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး FA ဖလားဗိုလ်လုပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းတိုက်စစ်မှူး ဖာနန်ဒက်စ်သည် ပွဲချိန်(၃၃)မိနစ်တွင် ပင်နယ်တီကန်ကာ အသင်းအတွက် ချေပဂိုး တစ်ဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် မန်စီးတီးကွင်းလယ်လူ ဂွန်ဒိုဂန်သည် ပွဲချိန်(၅၁)မိနစ်တွင် တစ်ဂိုး ထပ်မံသွင်းယူပေးနိုင်ခဲ့ပြီးနောက် (၂)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မန်စီးတီးအသင်းသည် ဇွန်လ (၁၁)ရက်တွင် အင်တာမီလန်အသင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဆုဖလားသုံးလုံး ရယူနိုင်မည့် လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်သည်။
မန်စီးတီးနည်းပြဂွါဒီယိုလာ က "လူတိုင်းသိပါတယ်။ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်(၅)ကြိမ်၊ FAဖလား(၂)ကြိမ်၊ ကာရာဘောင်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် အကောင်းဆုံးအသင်းအဖြစ် အသိအမှတ်အပြုခံရဖို့ ချန်ပီယံလိဂ် ဆုဖလားကို ရယူရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်သေးရင် ကျွန်တော်တို့ တစ်ခုခုကို လွဲချော်နေသလို ခံစားရမှာပါ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အဝေးကွင်း ကစားပွဲတစ်ပွဲပဲရှိပါတော့တယ်။ သုံးနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖိုင်နယ်(၂)ပွဲနဲ့ ဆီမီးဖိုင်နယ် တစ်ပွဲ ထိရောက်ခဲ့တာ တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီနှစ် ချန်ပီယံလိဂ်ကိုတော့ အနိုင်ရရှိအောင် ကစားသွားမှာပါ။ ဒီအတွက် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးဖို့လိုတယ်လို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ဥရောပမှာ အကောင်းဆုံး အသင်းလို့ သတ်မှတ်ခံရဖို့အတွက် ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့လိုပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
FA ဖလား ရရွိၿပီးေနာက္ ခ်န္ပီယံလိဂ္ဆုဖလားကို ထပ္မံရယူရန္ ကစားသမားမ်ားကို တိုက္တြန္းေတာင္းဆိုလိုက္ေသာ မန္စီးတီးနည္းျပဂြါဒီယိုလာ
Pika (NP News) - ဇြန္ ၄
မန္စီးတီးအသင္းသည္ FA ဆုဖလားကို ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ အေကာင္းဆုံးအသင္းအျဖစ္ သတ္မွတ္ခံရရန္ အတြက္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆက္လက္ဆြတ္ခူးရန္ အစြမ္းကုန္ႀကိဳးပမ္းသင့္ေၾကာင္း နည္းျပဂြါဒီယိုလာက ၎၏ အသင္းကစားသမားမ်ားကို တိုက္တြန္းေတာင္းဆိုခဲ့သည္။
မန္စီးတီးအသင္းသည္ ဇြန္လ(၃)ရက္တြင္ မန္ယူအသင္းႏွင့္ကစားခဲ့သည့္ FAဖလား ဗိုလ္လုပြဲတြင္ (၂)ဂိုး (၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ၿပီးေနာက္ FA ဆုဖလားကိုသိမ္းပိုက္ႏိုင္ခဲ့ျခင္းျဖစ္သည္။ မန္စီးတီးကြင္းလယ္ကစားသမား ဂြန္ဒိုဂန္သည္ ပြဲခ်ိန္(၁၂)စကၠန႔္တြင္ အသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး FA ဖလားဗိုလ္လုပြဲသမိုင္းတစ္ေလွ်ာက္ အျမန္ဆုံးဂိုးကို သြင္းယူေပးႏိုင္ခဲ့ျခင္းျဖစ္သည္။
မန္ယူအသင္းတိုက္စစ္မႉး ဖာနန္ဒက္စ္သည္ ပြဲခ်ိန္(၃၃)မိနစ္တြင္ ပင္နယ္တီကန္ကာ အသင္းအတြက္ ေခ်ပဂိုး တစ္ဂိုးျပန္လည္သြင္းယူေပးႏိုင္ခဲ့သည္။ ထို႔ေနာက္ မန္စီးတီးကြင္းလယ္လူ ဂြန္ဒိုဂန္သည္ ပြဲခ်ိန္(၅၁)မိနစ္တြင္ တစ္ဂိုး ထပ္မံသြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ (၂)ဂိုး(၁)ဂိုးျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ မန္စီးတီးအသင္းသည္ ဇြန္လ (၁၁)ရက္တြင္ အင္တာမီလန္အသင္းႏွင့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ဆုဖလားသုံးလုံး ရယူႏိုင္မည့္ လမ္းေၾကာင္းေပၚတြင္ ရွိေနၿပီျဖစ္သည္။
မန္စီးတီးနည္းျပဂြါဒီယိုလာ က "လူတိုင္းသိပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပရီးမီးယားလိဂ္(၅)ႀကိမ္၊ FAဖလား(၂)ႀကိမ္၊ ကာရာေဘာင္ဖလားေတြကို ဆြတ္ခူးႏိုင္ခဲ့ေပမယ့္ အေကာင္းဆုံးအသင္းအျဖစ္ အသိအမွတ္အျပဳခံရဖို႔ ခ်န္ပီယံလိဂ္ ဆုဖလားကို ရယူရမွာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ဆုဖလားကို မဆြတ္ခူးႏိုင္ေသးရင္ ကြၽန္ေတာ္တို႔ တစ္ခုခုကို လြဲေခ်ာ္ေနသလို ခံစားရမွာပါ။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဖလားကို ရယူႏိုင္ဖို႔လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔မွာ အေဝးကြင္း ကစားပြဲတစ္ပြဲပဲရွိပါေတာ့တယ္။ သုံးႏွစ္အတြင္းမွာ ခ်န္ပီယံလိဂ္ဖိုင္နယ္(၂)ပြဲနဲ႔ ဆီမီးဖိုင္နယ္ တစ္ပြဲ ထိေရာက္ခဲ့တာ တကယ္ကို မယုံႏိုင္စရာပါပဲ။ ဒီႏွစ္ ခ်န္ပီယံလိဂ္ကိုေတာ့ အႏိုင္ရရွိေအာင္ ကစားသြားမွာပါ။ ဒီအတြက္ ကိုယ့္ကိုယ္ကိုယ္ ဖိအားေပးဖို႔လိုတယ္လို႔ ကစားသမားေတြကို ေျပာခဲ့ပါတယ္။ ဥေရာပမွာ အေကာင္းဆုံး အသင္းလို႔ သတ္မွတ္ခံရဖို႔အတြက္ ခ်န္ပီယံလိဂ္ဆုဖလားကို ဆြတ္ခူးႏိုင္ဖို႔လိုပါတယ္" ဟု ေျပာဆိုခဲ့သည္။