အသက်(၉)နှစ်အရွယ်ကလေးငယ်တစ်ဦးအား ကားဖြင့်တိုက်ပြီးထွက်ပြေးမှု အင်းစိန်မြို့နယ်၌ဖြစ်ပွား

10223
Pearl (NP News) - ဇွန် ၈
အင်းစိန်မြို့နယ်တွင် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦးအား ကားတစ်စီးက တိုက်မိပြီး ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၇ ရက်)၊ ည (၁ဝ)နာရီ၊ (၄၅)မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့ နယ်၊ အောင်ဆန်းကွင်းဈေးရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပလုံကောက်သူ မောင်ကောင်းခန့်အောင်(၉)နှစ်အား အဆိုပါဈေးရှေ့၌ ကားတစ်စီးမှတိုက်ခဲ့ပြီး မောင်းပြေးသွားခဲ့ကြောင်း သိရသည်။
"ကားကတော့တိုက်ပြီး ထွက်ပြေးသွားတယ်။ ကားက ဘာကားလည်း အတိအကျမသိရဘူး။ ဖြစ်စဉ်မှာကတည်းက ကလေးကအနီရောင်အဆင့်။ သွေးထွက်လွန်နေတယ်။ ညကတည်းက သတိက တစ်ချက်ပဲ လည်တယ်။ အခုမနက်တော့ ဆုံးသွားတယ်ကြားတယ်။ အတိအကျတော့ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပါ။ ကားက တိုက်တာ တော်တော်အရှိန်ပြင်းတယ်"ဟု တွဲလက်လူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးမှ NP News ကိုပြောသည်။
ဖြစ်စဉ်ကြောင့် မောင်ကောင်းခန့်အောင်တွင် ဦးခေါင်းနှင့်နဖူးတို့၌ ကွဲရှဒဏ်ရာ၊ ဒူးခေါင်း၌ စုတ်ပြဲဒဏ်ရာနှင့် မျက်နှာတစ်ခြမ်း ပိန်ချိုင့်သွားခဲ့ကြောင်း သိရသည်။

zawgyi version
အသက္(၉)ႏွစ္အ႐ြယ္ကေလးငယ္တစ္ဦးအား ကားျဖင့္တိုက္ၿပီးထြက္ေျပးမႈ အင္းစိန္ၿမိဳ႕နယ္၌ျဖစ္ပြား
Pearl (NP News) - ဇြန္ ၈
အင္းစိန္ၿမိဳ႕နယ္တြင္ အသက္(၉)ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦးအား ကားတစ္စီးက တိုက္မိၿပီး ထြက္ေျပးမႈျဖစ္ပြားခဲ့ေၾကာင္း တြဲလက္လူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၇ ရက္)၊ ည (၁ဝ)နာရီ၊ (၄၅)မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕ နယ္၊ ေအာင္ဆန္းကြင္းေဈးေရွ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ပလုံေကာက္သူ ေမာင္ေကာင္းခန႔္ေအာင္(၉)ႏွစ္အား အဆိုပါေဈးေရွ႕၌ ကားတစ္စီးမွတိုက္ခဲ့ၿပီး ေမာင္းေျပးသြားခဲ့ေၾကာင္း သိရသည္။
"ကားကေတာ့တိုက္ၿပီး ထြက္ေျပးသြားတယ္။ ကားက ဘာကားလည္း အတိအက်မသိရဘူး။ ျဖစ္စဥ္မွာကတည္းက ကေလးကအနီေရာင္အဆင့္။ ေသြးထြက္လြန္ေနတယ္။ ညကတည္းက သတိက တစ္ခ်က္ပဲ လည္တယ္။ အခုမနက္ေတာ့ ဆုံးသြားတယ္ၾကားတယ္။ အတိအက်ေတာ့ ကြၽန္ေတာ္တို႔လည္း စုံစမ္းေနတုန္းပါ။ ကားက တိုက္တာ ေတာ္ေတာ္အရွိန္ျပင္းတယ္"ဟု တြဲလက္လူမႈကူညီေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးမွ NP News ကိုေျပာသည္။
ျဖစ္စဥ္ေၾကာင့္ ေမာင္ေကာင္းခန႔္ေအာင္တြင္ ဦးေခါင္းႏွင့္နဖူးတို႔၌ ကြဲရွဒဏ္ရာ၊ ဒူးေခါင္း၌ စုတ္ၿပဲဒဏ္ရာႏွင့္ မ်က္ႏွာတစ္ျခမ္း ပိန္ခ်ိဳင့္သြားခဲ့ေၾကာင္း သိရသည္။