နှစ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာသန်း(၃ဝဝ)နီးပါး ကုန်သွယ်မှုပြုလုပ်ထား

678

NP News - ဇွန် ၁၂
မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် ဧပြီလ ၁ ရက်မှ မေလ ၂၉ ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ (၈၆ ဒသမ ၂၉၃) သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၉၃ ဒသမ ဝ၃၅)သန်း ဆောင်ရွက်နိုင်ခဲ့သည်။
ထို့ကြောင့် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၇၉ ဒသမ ၃၂၈) သန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပိုမှုတွင် ဒန့်ဒလွန်စေ့ခြောက်၊ မိဿလင်ခြောက်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ဂျင်းနွယ်ဝင်တစ်မျိုး၊ ခွေးလျားစေ့(အနက်)၊ ကန့်ချုပ်နီ၊ မန်ကျည်းသီး၊ လင်းနေမြစ်နှင့် ဂေါ်ဖီထုပ်တို့ဖြစ်ပြီး ရေထွက်ကုန်ပစ္စည်းများတွင် ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာ၊ ဝသုံးလုံး ကဏန်း၊ ငါးမြစ်ချင်းစီဖောင်း၊ ကျောက်ငါး၊ ကုလားကုတ်၊ ငါးပါးနီ၊ မီးတံသွယ်ငါးခြောက်၊ ပုဇွန်ခြောက်၊ ငါးတီး၊ ငါးသလောက်၊ ကကူယံ၊ ငါးကွင်းရှပ်ငါးဆယ်နယ်နှင့် သဲကဏန်းတို့ဖြစ်ကြောင်း သိရသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပို ပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ အထည်ချုပ်၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)၊ စက်နှင့် စက်ပစ္စည်း ကိရိယာ၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားအပိုပစ္စည်း၊ အားကစားပစ္စည်း၊ စက်ဆီ/ချောဆီ၊ ဆေးပစ္စည်းနှင့် အိမ်သုတ်ဆေးတို့ကို တင်သွင်းလျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှသိရသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်မှုသည် မြန်မာနိုင်ငံ၏ ဒုတိယ အများဆုံးနယ်စပ်ကုန်သွယ်ရေးလုပ်ငန်း ဖြစ်ပြီး မိုးရာသီရောက်ရှိလာသော်လည်း နယ်စပ်ကုန်သွယ်မှုသည် ကျဆင်းခြင်းမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်းသိရသည်။

zawgyi version
ႏွစ္လအတြင္း ျမဝတီကုန္သြယ္ေရးဇုန္မွ အေမရိကန္ေဒၚလာသန္း(၃ဝဝ)နီးပါး ကုန္သြယ္မႈျပဳလုပ္ထား
NP News - ဇြန္ ၁၂
ျမန္မာ-ထိုင္းနယ္စပ္၊ ျမဝတီကုန္သြယ္ေရးဇုန္မွ ထိုင္းႏိုင္ငံသို႔ ပို႔ကုန္တင္ပို႔မႈအေနျဖင့္ ဧၿပီလ ၁ ရက္မွ ေမလ ၂၉ ရက္အထိ ပို႔ကုန္ အေမရိကန္ေဒၚလာ (၈၆ ဒသမ ၂၉၃) သန္း၊ သြင္းကုန္ အေမရိကန္ေဒၚလာ (၁၉၃ ဒသမ ဝ၃၅)သန္း ေဆာင္႐ြက္ႏိုင္ခဲ့သည္။
ထို႔ေၾကာင့္ စုစုေပါင္း ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၂၇၉ ဒသမ ၃၂၈) သန္း ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ပို႔ကုန္တင္ပို႔မႈအေနျဖင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ား တင္ပိုမႈတြင္ ဒန႔္ဒလြန္ေစ့ေျခာက္၊ မိႆလင္ေျခာက္၊ င႐ုတ္၊ ၾကက္သြန္နီ၊ ေျပာင္း၊ ဂ်င္းႏြယ္ဝင္တစ္မ်ိဳး၊ ေခြးလ်ားေစ့(အနက္)၊ ကန႔္ခ်ဳပ္နီ၊ မန္က်ည္းသီး၊ လင္းေနျမစ္ႏွင့္ ေဂၚဖီထုပ္တို႔ျဖစ္ၿပီး ေရထြက္ကုန္ပစၥည္းမ်ားတြင္ ဂုံး၊ ခ႐ု၊ ပုဇြန္၊ ငါးေမႊတိုး၊ ငါးေခြးလွ်ာ၊ ဝသုံးလုံး ကဏန္း၊ ငါးျမစ္ခ်င္းစီေဖာင္း၊ ေက်ာက္ငါး၊ ကုလားကုတ္၊ ငါးပါးနီ၊ မီးတံသြယ္ငါးေျခာက္၊ ပုဇြန္ေျခာက္၊ ငါးတီး၊ ငါးသေလာက္၊ ကကူယံ၊ ငါးကြင္းရွပ္ငါးဆယ္နယ္ႏွင့္ သဲကဏန္းတို႔ျဖစ္ေၾကာင္း သိရသည္။
သြင္းကုန္တင္သြင္းမႈအေနျဖင့္ တိရစာၦန္အစာ၊ တိရစာၦန္ေဆးဝါး၊ စက္ဘီး၊ စာေရးကိရိယာ၊ ကားအပို ပစၥည္း၊ အဝတ္အထည္၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း၊ အလွကုန္ပစၥည္း၊ ဆိုင္ကယ္အပိုပစၥည္း၊ လွ်ပ္စစ္ပစၥည္း၊ ဓာတ္ေျမဩဇာ၊ ငါးဖမ္းကိရိယာ၊ စားေသာက္ကုန္၊ ဖိနပ္ႏွင့္ ဖိနပ္ကုန္ၾကမ္းပစၥည္း၊ သစ္သီး၊ အထည္ခ်ဳပ္၊ အိမ္သုံးပစၥည္း၊ စက္႐ုံသုံးပစၥည္း၊ LPG (ဓာတ္ေငြ႕ရည္)၊ စက္ႏွင့္ စက္ပစၥည္း ကိရိယာ၊ လူသုံးကုန္ပစၥည္း၊ ကုန္ၾကမ္းပစၥည္း၊ ယႏၲရားအပိုပစၥည္း၊ အားကစားပစၥည္း၊ စက္ဆီ/ေခ်ာဆီ၊ ေဆးပစၥည္းႏွင့္ အိမ္သုတ္ေဆးတို႔ကို တင္သြင္းလ်က္ရွိေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။
ထိုင္းႏိုင္ငံမွ ခရီးသြားလုပ္ငန္းမ်ား ျပန္လည္စတင္ျခင္းေၾကာင့္ စားေသာက္ကုန္လုပ္ငန္းမ်ား တြင္က်ယ္စြာေဆာင္႐ြက္လာျခင္းႏွင့္ စားေသာက္ဆိုင္မ်ားတြင္ အသုံးျပဳရန္ လိုအပ္ခ်က္ေၾကာင့္ ဝယ္လိုအားျမင့္တက္ေန၍ ယခင္ႏွစ္ကထက္ ပိုမိုတင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း စီးပြားႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီး ဌာနမွသိရသည္။
ထိုင္း-ျမန္မာနယ္စပ္ကုန္သြယ္မႈသည္ ျမန္မာႏိုင္ငံ၏ ဒုတိယ အမ်ားဆုံးနယ္စပ္ကုန္သြယ္ေရးလုပ္ငန္း ျဖစ္ၿပီး မိုးရာသီေရာက္ရွိလာေသာ္လည္း နယ္စပ္ကုန္သြယ္မႈသည္ က်ဆင္းျခင္းမရွိဘဲ ပုံမွန္အတိုင္း လည္ပတ္လ်က္ရွိေၾကာင္းသိရသည္။