နေအိမ်ရှိ ဝရန်တာ၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု မော်လမြိုင်မြို့၌ဖြစ်ပွား

 5299

စော (NP News) - ဇွန် ၁၂

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် နေအိမ်ရှိ ဝရန်တာ၌ အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၁၂ ရက်)၊ နံနက်(၆)နာရီခွဲအချိန်တွင် မော်လမြိုင်မြို့၊ မဟာမြိုင်ရပ်ကွက်၊ မဟာမြိုင်(၆)လမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါအမျိုးသမီးသည် ၎င်းနေအိမ်တွင် တစ်ယောက်ထဲနေထိုင်သူဖြစ်ပြီး အသက်(၃၅)နှစ် ဝန်းကျင်အရွယ်ရှိကြောင်း အထက်ပါအသင်းထံမှသိရသည်။

“ဘယ်လိုဖြစ်ပြီး သတ်သေတာလဲတော့ ကျွန်တော်တို့မသိဘူး။ အိမ်ရှေ့ဝရန်တာမှာ ကြိုးဆွဲချပြီးသေနေတာပါ။ သေတာကြာပြီလားတော့ မသိဘူး။ နှုတ်ခမ်းတွေတော့မည်းပြာနေပြီ။ ကျွန်တော်တို့ဖြုတ်တာမဟုတ်ဘူး။ ရဲတွေက အလောင်းကိုဖြုတ်သွားတာပါ”ဟု ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက NP News ကိုပြောသည်။

၎င်း၏ရုပ်အလောင်းအား မော်လမြိုင်ဆေးရုံကြီးရှိ အအေးတိုက်မှ ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ယနေ့(ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် ပဲခူးတိုင်း၊ စည်တီးကျေးရွာရှိ လယ်တဲ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသတ်သေခဲ့ကြောင်း သိရသည်။

zawgyi version
ေနအိမ္ရွိ ဝရန္တာ၌ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈ ေမာ္လၿမိဳင္ၿမိဳ႕၌ျဖစ္ပြား

ေစာ (NP News) - ဇြန္ ၁၂

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕နယ္တြင္ ေနအိမ္ရွိ ဝရန္တာ၌ အမ်ိဳးသမီးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၁၂ ရက္)၊ နံနက္(၆)နာရီခြဲအခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ မဟာၿမိဳင္ရပ္ကြက္၊ မဟာၿမိဳင္(၆)လမ္း၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း ရာမညအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

အဆိုပါအမ်ိဳးသမီးသည္ ၎ေနအိမ္တြင္ တစ္ေယာက္ထဲေနထိုင္သူျဖစ္ၿပီး အသက္(၃၅)ႏွစ္ ဝန္းက်င္အ႐ြယ္ရွိေၾကာင္း အထက္ပါအသင္းထံမွသိရသည္။

“ဘယ္လိုျဖစ္ၿပီး သတ္ေသတာလဲေတာ့ ကြၽန္ေတာ္တို႔မသိဘူး။ အိမ္ေရွ႕ဝရန္တာမွာ ႀကိဳးဆြဲခ်ၿပီးေသေနတာပါ။ ေသတာၾကာၿပီလားေတာ့ မသိဘူး။ ႏႈတ္ခမ္းေတြေတာ့မည္းျပာေနၿပီ။ ကြၽန္ေတာ္တို႔ျဖဳတ္တာမဟုတ္ဘူး။ ရဲေတြက အေလာင္းကိုျဖဳတ္သြားတာပါ”ဟု ရာမညအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိ သူတစ္ဦးက NP News ကိုေျပာသည္။

၎၏႐ုပ္အေလာင္းအား ေမာ္လၿမိဳင္ေဆး႐ုံႀကီးရွိ အေအးတိုက္မွ ပိႏၷဲကုန္းသုသာန္သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

အလားတူ ယေန႔(ဇြန္လ ၁၂ ရက္) နံနက္ပိုင္းတြင္ ပဲခူးတိုင္း၊ စည္တီးေက်း႐ြာရွိ လယ္တဲ၌ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်သတ္ေသခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.