ကရင်ပြည်နယ်မြဝတီမြို့၌ တက်တူးဆိုင်များ ပိတ်သိမ်းရန် စည်ပင်ညွှန်ကြားဟုဆို

2446

NP News - ဇွန် ၁၃
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ စည်ပင်နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသည့် တက်တူးဆိုင်များအား ယခုလ (ဇွန်လ) ၁ဝ ရက်မှစတင်ပြီး ပိတ်သိမ်းရန်ညွှန်ကြားချက်ထွက်ပေါ်လာကြောင်း မြဝတီမြို့ခံများထံမှသိရသည်။
မြို့နယ်စည်ပင်နယ်နိမိတ်အတွင်းရှိသည့် တက်တူးဆိုင်များကို ပိတ်သိမ်းခိုင်းခြင်းဖြစ်ပြီး နယ်နိမိတ်ဧရိယာထဲတွင် မပါဝင်သော ဆိုင်များကို ပိတ်သိမ်းခြင်းမရှိကြောင်း ဒေသခံအချို့က ပြောပါသည်။
“ဆိုင်းပုဒ်တွေတော့ ဖြုတ်ထားလိုက်ပါပြီ။ ဘာကြောင့်လဲဆိုတဲ့သေချာတဲ့အကြောင်းအရင်းတော့မသိရသေးပါဘူး။ ဆိုင်းပုဒ်တော့မတင်နဲ့အလုပ်တော့ဆိုင်ထဲမှာလုပ်လို့ရတယ်”ဟု မြဝတီမြို့ခံ တက်တူးဆိုင်ပိုင်ရှင် ကိုထက်ကျော်က ပြောသည်။
ဇွန်လ ၈ ရက်ရက်စွဲဖြင့် မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်း ဖွင့်လှစ်ခြင်း၊ လုပ်ငန်းလိုင်စင်များစည်းကြပ်ကောက်ခံခြင်းမပြုရန်နှင့် ဖွင့်လှစ်ထားသည့်ဆိုင်များကို သက်ဆိုင်ရာ ထွေအုပ်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့အတူပိတ်သိမ်းရန် မြဝတီမြို့နယ်စည်ပင်က အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။
တက်တူးဆိုင်များသည် ဇွန်လ ၁ဝ နောက်ဆုံးထားပြီး ပိတ်သိမ်းရန်နှင့်လိုက်နာခြင်းမရှိပါက ကရင်ပြည် နယ် စည်ပင်သာယာအဖွဲ့မှ ဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ကရင္ျပည္နယ္ျမဝတီၿမိဳ႕၌ တက္တူးဆိုင္မ်ား ပိတ္သိမ္းရန္ စည္ပင္ၫႊန္ၾကားဟုဆို
NP News - ဇြန္ ၁၃
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕ရွိ စည္ပင္နယ္နိမိတ္အတြင္း ဖြင့္လွစ္ထားသည့္ တက္တူးဆိုင္မ်ားအား ယခုလ (ဇြန္လ) ၁ဝ ရက္မွစတင္ၿပီး ပိတ္သိမ္းရန္ၫႊန္ၾကားခ်က္ထြက္ေပၚလာေၾကာင္း ျမဝတီၿမိဳ႕ခံမ်ားထံမွသိရသည္။
ၿမိဳ႕နယ္စည္ပင္နယ္နိမိတ္အတြင္းရွိသည့္ တက္တူးဆိုင္မ်ားကို ပိတ္သိမ္းခိုင္းျခင္းျဖစ္ၿပီး နယ္နိမိတ္ဧရိယာထဲတြင္ မပါဝင္ေသာ ဆိုင္မ်ားကို ပိတ္သိမ္းျခင္းမရွိေၾကာင္း ေဒသခံအခ်ိဳ႕က ေျပာပါသည္။
“ဆိုင္းပုဒ္ေတြေတာ့ ျဖဳတ္ထားလိုက္ပါၿပီ။ ဘာေၾကာင့္လဲဆိုတဲ့ေသခ်ာတဲ့အေၾကာင္းအရင္းေတာ့မသိရေသးပါဘူး။ ဆိုင္းပုဒ္ေတာ့မတင္နဲ႔အလုပ္ေတာ့ဆိုင္ထဲမွာလုပ္လို႔ရတယ္”ဟု ျမဝတီၿမိဳ႕ခံ တက္တူးဆိုင္ပိုင္ရွင္ ကိုထက္ေက်ာ္က ေျပာသည္။
ဇြန္လ ၈ ရက္ရက္စြဲျဖင့္ ၿမိဳ႕နယ္စည္ပင္သာယာနယ္နိမိတ္အတြင္း ဖြင့္လွစ္ျခင္း၊ လုပ္ငန္းလိုင္စင္မ်ားစည္းၾကပ္ေကာက္ခံျခင္းမျပဳရန္ႏွင့္ ဖြင့္လွစ္ထားသည့္ဆိုင္မ်ားကို သက္ဆိုင္ရာ ေထြအုပ္ႏွင့္ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕နဲ႔အတူပိတ္သိမ္းရန္ ျမဝတီၿမိဳ႕နယ္စည္ပင္က အမိန႔္ထုတ္ျပန္ထားေၾကာင္းသိရသည္။
တက္တူးဆိုင္မ်ားသည္ ဇြန္လ ၁ဝ ေနာက္ဆုံးထားၿပီး ပိတ္သိမ္းရန္ႏွင့္လိုက္နာျခင္းမရွိပါက ကရင္ျပည္ နယ္ စည္ပင္သာယာအဖြဲ႕မွ ဥပေဒအတိုင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။