ထိုင်း၌ကားမှောက်မှုကြောင့် သေဆုံးထိခိုက်မှုများရှိခဲ့သော မြန်မာ‌လုပ်သားများအတွက် အကျိုးခံစားခွင့်များရရှိရေး လုပ်ဆောင်နေ

 558

ယွန်း (NP News) - ဇွန် ၁၃

ထိုင်းနိုင်ငံ၌ ကားတိမ်းမှောက်မှုကြောင့် သေဆုံးခဲ့သည့် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများနှင့် ‌ထိခိုက်ဒဏ် ရာရရှိခဲ့သူများကို ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးနေကြောင်း အလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ(၁)ရက်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမား(၉)ဦး လိုက်ပါလာသည့် ကားသည် အယုဒ္ဓယမြို့အထွက်လမ်းအကွေ့၌ တိမ်းမှောက်၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်ကြောင့် ယာဥ်မောင်းဖြစ်သူ ထိုင်းအမျိုးသား အပါအဝင် မြန်မာအမျိုးသမီး(၃)ဦး သေဆုံးခဲ့ကြောင်းသိရပြီး ကျန်(၆)ဦးသည် ထိခိုက် ဒဏ်ရာရရှိခဲ့သဖြင့် ဘန်ပအင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဆိုထားသည်။

လက်ရှိတွင် သေဆုံးသူ(၄)ဦးသည် မီးလောင်ကျွမ်းမှုကြောင့် အတည်ပြုနိုင်ရန် ခက်ခဲသဖြင့် DNA စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိသူများကို မေးမြန်းခဲ့ရာ ၎င်းတို့သည် မြန်မာပြည်မှပွဲစားများအား ဘတ်(၂၅ဝဝဝ)မှ (၃ဝဝဝဝ) အထိပေး၍ ကားများအဆင့် ဆင့်စီးပြီး ထိုင်းနိုင်ငံရှိ ဆွေးမျိုးများထံသို့လာရောက်၍ အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် နယ်မြေရဲစခန်းနှင့်ပူးပေါင်း၍ သေဆုံးခဲ့သူများနှင့် ကိုယ်လက်အင်္ဂါထိခိုက်ခဲ့သူများအတွက် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိရေးကို ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ဆိုထားသည်။

ထို့ပြင် မြန်မာအလုပ်သမားများအား အမှုစစ်ဆေးပြီးချိန်တွင် နေရပ်သို့ ပြန်လည်သွားရောက်နိုင်ရေးအတွက် ဆက်သွယ်ကူညီမှုများကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ခြင်းကြောင့် လူကုန်ကူးခံရခြင်း အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ ဥပဒေနှင့်အညီ ကာကွယ်မှုများ အပြည့်အဝမရရှိခြင်းနှင့် လူ့အခွင့်အရေးဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ခြင်းကြောင့် တရားမဝင်သွားရောက်ခြင်းလုံးဝမပြုရန် သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

zawgyi version
ထိုင္း၌ကားေမွာက္မႈေၾကာင့္ ေသဆုံးထိခိုက္မႈမ်ားရွိခဲ့ေသာ ျမန္မာ‌လုပ္သားမ်ားအတြက္ အက်ိဳးခံစားခြင့္မ်ားရရွိေရး လုပ္ေဆာင္ေန

ယြန္း (NP News) - ဇြန္ ၁၃

ထိုင္းႏိုင္ငံ၌ ကားတိမ္းေမွာက္မႈေၾကာင့္ ေသဆုံးခဲ့သည့္ ျမန္မာ‌ေ႐ႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ ‌ထိခိုက္ဒဏ္ ရာရရွိခဲ့သူမ်ားကို ရသင့္ရထိုက္သည့္ အက်ိဳးခံစားခြင့္မ်ားရရွိေအာင္ ေဆာင္႐ြက္ေပးေနေၾကာင္း အလုပ္ သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇြန္လ(၁)ရက္တြင္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕မွ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမား(၉)ဦး လိုက္ပါလာသည့္ ကားသည္ အယုဒၶယၿမိဳ႕အထြက္လမ္းအေကြ႕၌ တိမ္းေမွာက္၍ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ ထိုင္းအမ်ိဳးသား အပါအဝင္ ျမန္မာအမ်ိဳးသမီး(၃)ဦး ေသဆုံးခဲ့ေၾကာင္းသိရၿပီး က်န္(၆)ဦးသည္ ထိခိုက္ ဒဏ္ရာရရွိခဲ့သျဖင့္ ဘန္ပအင္းၿမိဳ႕နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးခဲ့ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ ဆိုထားသည္။

လက္ရွိတြင္ ေသဆုံးသူ(၄)ဦးသည္ မီးေလာင္ကြၽမ္းမႈေၾကာင့္ အတည္ျပဳႏိုင္ရန္ ခက္ခဲသျဖင့္ DNA စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေမးျမန္းခဲ့ရာ ၎တို႔သည္ ျမန္မာျပည္မွပြဲစားမ်ားအား ဘတ္(၂၅ဝဝဝ)မွ (၃ဝဝဝဝ) အထိေပး၍ ကားမ်ားအဆင့္ ဆင့္စီးၿပီး ထိုင္းႏိုင္ငံရွိ ေဆြးမ်ိဳးမ်ားထံသို႔လာေရာက္၍ အလုပ္လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားသံအရာရွိ႐ုံးအေနျဖင့္ နယ္ေျမရဲစခန္းႏွင့္ပူးေပါင္း၍ ေသဆုံးခဲ့သူမ်ားႏွင့္ ကိုယ္လက္အဂၤါထိခိုက္ခဲ့သူမ်ားအတြက္ ရသင့္ရထိုက္သည့္ အက်ိဳးခံစားခြင့္မ်ား ရရွိေရးကို ေဆာင္႐ြက္ေပးေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ ဆိုထားသည္။

ထို႔ျပင္ ျမန္မာအလုပ္သမားမ်ားအား အမႈစစ္ေဆးၿပီးခ်ိန္တြင္ ေနရပ္သို႔ ျပန္လည္သြားေရာက္ႏိုင္ေရးအတြက္ ဆက္သြယ္ကူညီမႈမ်ားကိုလည္း ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အလုပ္သမားဝန္ႀကီးဌာနအေနျဖင့္ ထိုင္းႏိုင္ငံသို႔ တရားမဝင္သြားေရာက္ျခင္းေၾကာင့္ လူကုန္ကူးခံရျခင္း အပါအဝင္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရျခင္း၊ ဥပေဒႏွင့္အညီ ကာကြယ္မႈမ်ား အျပည့္အဝမရရွိျခင္းႏွင့္ လူ႔အခြင့္အေရးဆုံးရႈံးမႈမ်ားျဖစ္ေပၚႏိုင္ျခင္းေၾကာင့္ တရားမဝင္သြားေရာက္ျခင္းလုံးဝမျပဳရန္ သတင္းထုတ္ျပန္ထားၿပီးျဖစ္သည္။

Related news

© 2021. All rights reserved.