စာချုပ်သက်တမ်းတိုးရန် ငြင်းပယ်ခဲ့သည့် အမ်ဘာပေကို ပီအက်စ်ဂျီအသင်းရောင်းချရန် စီစဉ်နေ

 746

Pika (NP News) - ဇွန် ၁၃

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူ အမ်ဘာပေသည် ၎င်း၏ လက်ရှိစာချုပ်ကို သက်တမ်းတိုးမည်မဟုတ်ကြောင်း အသင်းတာဝန်ရှိသူများထံ အသိပေးပြောဆိုခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းသည် အမ်ဘာပေကို လက်ရှိ နွေရာသီတွင် ရောင်းချရန် စီစဉ်နေကြောင်း သိရသည်။

အမ်ဘာပေ၏ လက်ရှိစာချုပ်သည် လာမည့်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်တစ်နှစ် သက်တမ်းတိုး ရန် ရွေးချယ်ခွင့်ရှိကြောင်း သိရသည်။ အမ်ဘာပေသည် စာချုပ်သက်တမ်းတိုးမည်ဆိုပါက ဇူလိုင်လ(၃၁)ရက် နောက်ဆုံးထားပြောရန် အသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း သိရသည်။

သို့သော်လည်း လအတန်ကြာဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အမ်ဘာပေသည် ပီအက်စ်ဂျီအသင်း တာဝန်ရှိသူများထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရသည်။ အမ်ဘာပေသည် လာမည့်ရာသီကုန်တွင် ပီအက်စ်ဂျီ အသင်းမှထွက်ခွာကာ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ရီးရဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်မှူး အမ်ဘာပေကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အမ်ဘာပေသည် ကမ်းလှမ်းမှုကိုပယ်ချကာ ပီအက်စ်ဂျီအသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူးဘန်ဇီမာသည် ဆော်ဒီအာရေးဗျကလပ်တစ်ခုကို ပြောင်းရွှေ့ခဲ့ခြင်းကြောင့် ရီးရဲလ်မက်ဒရစ်အသင်းသည် တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေကြောင်းလည်း သိရသည်။

အမ်ဘာပေသည် (၂ဝ၁၇)ခုနှစ်တွင် မိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သော် လည်း (၂ဝ၁၈)ခုနှစ်တွင် ယူရိုသန်း(၁၈ဝ)ဖြင့် ပီအက်စ်ဂျီအသင်းသို့ အပြီးသတ်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ အမ်ဘာပေသည် ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၆ဝ)ကစားထားပြီး (၂၁၂)ဂိုး သွင်းယူထားကြောင်း သိရသည်။ အမ်ဘာပေသည် ပြီးခဲ့သည့်ရာသီ(၅)ခုအတွင်း လီဂူးဝမ်းတွင် ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် ခြောက်ရာသီကစားချိန်အတွင်း လီဂူးဝမ်းဖလား (၅)ကြိမ် ရရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
Pika (NP News) - ဇွန် ၁၃






Related news

© 2021. All rights reserved.