မြန်မာ(MAI)လေကြောင်းလိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်နှင့်လေကြောင်း ချိတ်ဆက်ပြီး တိုးချဲ့ပျံသန်းမည်

 1524

ဂျန်ဇက် (NP News) - ဇွန် ၁၄

မြန်မာ (MAI) လေကြောင်းလိုင်းသည် ၂ဝ၂၃ ခုနှစ် ဇွန်လ ၁၅ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ် နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (MAI) လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ရှိ Suvarnabhumi လေဆိပ်သို့ ပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်ခဲ့ပြီး နောက် ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်သို့ ချိတ်ဆက်ပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(MAI) လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်သို့ ပထမဆုံးအကြိမ် လေကြောင်း ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ Don Mueang လေဆိပ်သို့ ရန်ကုန်၊ မန္တလေးမြို့များမှ တိုက်ရိုက်ပျံသန်းပေးမည်ဖြစ်ကြောင်း AeroRoutes က ဖော်ပြထားသည်။

(MAI) လေကြောင်းလိုင်းသည် ရန်ကုန်မြို့မှ ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်သို့တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပေးမည်ဖြစ်ပြီး Airbus A319 အမျိုးအစားလေယာဉ်၊ Embraer E190 အမျိုးအစားလေယာဉ်များဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင်(MAI) လေကြောင်းလိုင်းသည် မန္တလေးမြို့မှ ဘန်ကောက်မြို့ရှိ Don Mueang လေဆိပ်သို့ တစ်ပတ်လျှင် ငါးကြိမ် ပျံသန်းပေးမည်ဖြစ်ပြီး Airbus A319 အမျိုးအစားလေယာဉ်၊ Embraer E190 အမျိုးအစားလေယာဉ်များဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်မြို့ နှင့် မန္တလေးမြို့များမှ Don Mueang လေဆိပ်သို့ တစ်ပတ်လျှင် တနင်္လာနေ့၊ အင်္ဂါနေ့၊ ကြာ သပတေးနေ့များတွင် Embraer E190s အမျိုးအစားလေယာဉ်ဖြင့် ပျံသန်းပေးမည်ဖြစ်သလို ဗုဒ္ဒဟူးနေ့ နှင့် စနေနေ့တို့တွင် Airbus A319s အမျိုးအစား လေယာဉ်များဖြင့် ပျံသန်းပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းပြေးဆွဲခြင်းများသည် ခရီးသွားလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန် အတွက် များစွာအထောက်အကူဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် အပြန်အလှန်ဆက်ဆံရေးကောင်းမွန်နေပြီး ထိုင်း၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် လေကြောင်းခရီးစဉ်များ တိုးချဲ့ ပျံသန်းလျက်ရှိနေကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ(MAI)ေလေၾကာင္းလိုင္းက ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္ႏွင့္ေလေၾကာင္း ခ်ိတ္ဆက္ၿပီး တိုးခ်ဲ႕ပ်ံသန္းမည္
ဂ်န္ဇက္ (NP News) - ဇြန္ ၁၄

ျမန္မာ (MAI) ေလေၾကာင္းလိုင္းသည္ ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၁၅ရက္တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္ ႏွင့္ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းေျပးဆြဲမႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။ (MAI) ေလေၾကာင္းလိုင္းသည္ ဘန္ေကာက္ၿမိဳ႕ရွိ Suvarnabhumi ေလဆိပ္သို႔ ပ်ံသန္းေျပးဆြဲမႈမ်ား လုပ္ေဆာင္ခဲ့ၿပီး ေနာက္ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္သို႔ ခ်ိတ္ဆက္ပ်ံသန္းရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

(MAI) ေလေၾကာင္းလိုင္းသည္ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္သို႔ ပထမဆုံးအႀကိမ္ ေလေၾကာင္း ပ်ံသန္း ေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။ ေလေၾကာင္းလိုင္းသည္ ဘန္ေကာက္ၿမိဳ႕ Don Mueang ေလဆိပ္သို႔ ရန္ကုန္၊ မႏၲေလးၿမိဳ႕မ်ားမွ တိုက္႐ိုက္ပ်ံသန္းေပးမည္ျဖစ္ေၾကာင္း AeroRoutes က ေဖာ္ျပထားသည္။

(MAI) ေလေၾကာင္းလိုင္းသည္ ရန္ကုန္ၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္သို႔တစ္ပတ္လွ်င္ ငါးႀကိမ္ ပ်ံသန္းေပးမည္ျဖစ္ၿပီး Airbus A319 အမ်ိဳးအစားေလယာဥ္၊ Embraer E190 အမ်ိဳးအစားေလယာဥ္မ်ားျဖင့္ ပ်ံသန္းေျပးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္(MAI) ေလေၾကာင္းလိုင္းသည္ မႏၲေလးၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕ရွိ Don Mueang ေလဆိပ္သို႔ တစ္ပတ္လွ်င္ ငါးႀကိမ္ ပ်ံသန္းေပးမည္ျဖစ္ၿပီး Airbus A319 အမ်ိဳးအစားေလယာဥ္၊ Embraer E190 အမ်ိဳးအစားေလယာဥ္မ်ားျဖင့္ ပ်ံသန္းမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕မ်ားမွ Don Mueang ေလဆိပ္သို႔ တစ္ပတ္လွ်င္ တနလၤာေန႔၊ အဂၤါေန႔၊ ၾကာ သပေတးေန႔မ်ားတြင္ Embraer E190s အမ်ိဳးအစားေလယာဥ္ျဖင့္ ပ်ံသန္းေပးမည္ျဖစ္သလို ဗုဒၵဟူးေန႔ ႏွင့္ စေနေန႔တို႔တြင္ Airbus A319s အမ်ိဳးအစား ေလယာဥ္မ်ားျဖင့္ ပ်ံသန္းေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေလေၾကာင္းခရီးစဥ္မ်ား တိုးခ်ဲ႕ပ်ံသန္းေျပးဆြဲျခင္းမ်ားသည္ ခရီးသြားလုပ္ငန္းမ်ား ပိုမိုေကာင္းမြန္ေစရန္ အတြက္ မ်ားစြာအေထာက္အကူျဖစ္လာမည္ျဖစ္ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ အျပန္အလွန္ဆက္ဆံေရးေကာင္းမြန္ေနၿပီး ထိုင္း၊ အိႏၵိယ၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ ေလေၾကာင္းခရီးစဥ္မ်ား တိုးခ်ဲ႕ ပ်ံသန္းလ်က္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.