ကမ္ဘာ့ရွှေဈေးကျလာသော်လည်း ပြည်တွင်းပြင်ပအခေါက်‌‌ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် (၃၁)သိန်းကျော်ရှိနေ
 1450
NP News - ဇွန် ၁၅
ယခုရက်ပိုင်းအတွင်း ရွှေစျေးနှုန်းသည် တရိပ်ရိပ်မြင့်တက်လျက်ရှိနေပြီး ပြင်ပစျေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၁)သိန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ရွှေစျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေစျေးသည် ယခင်လများထက် စျေးနှုန်းကျဆင်းနေသော်လည်း ပြည်တွင်းရွှေစျေးနှုန်း ဆက်လက်မြင့်တက်နေသည်ကိုလည်း တွေ့ရသည်။
ကမ္ဘာ့ရွှေဈေးနှုန်းသည် ယနေ့ (ဇွန်လ ၁၅ ရက်)တွင် တစ်အောင်စလျှင် ၁၉၃၅ ဒေါ်လာသာရှိသော်လည်း ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၁)သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
"ရွှေစျေးက တရိပ်ရိပ်နဲ့တက်နေတာ။ မနေ့က ညနေက စျေးကွက်ပိတ်ခါနီးလောက်ကစပြီး ၃၁ သိန်းရောက်လာတယ်။ ဒီမနက်လည်း စျေးကွက်ဖွင့်ရော ၃၁ သိန်းကျော်က စဖွင့်တယ်။ အခုနေ့လည်ပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သားကို ၃၁ သိန်း ၃ သောင်းခွဲအထိ ရောက်လာပါတယ်"ဟု ရန်ကုန်မြို့၌ ရွှေရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ပြည်တွင်းရွှေစျေး မြင့်တက်ရခြင်းသည် ပြင်ပ၌ ဒေါ်လာငွေလဲလှယ်သည့် စျေးနှုန်းများ မြင့်တက်လာခြင်း‌ကြောင့်ဟု ရွှေစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူများက သုံးသပ်ထားမှုများလည်း ရှိနေသည်။
ဒေါ်လာလဲလှယ်နှုန်းသည်လည်း ယခုနှစ် (၅)လအတွင်း ပြင်ပစျေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈ဝဝ ကျပ်ဝန်းကျင်ရှိနေရာမှ ယခုရက်ပိုင်းအတွင်း၌ ၃ဝဝဝ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်း (တစ်ဒေါ်လာလျှင် ၂၁ဝဝ ကျပ်) ဝန်းကျင်ဖြင့် တွက်ချက်ထားသည့် စျေးနှုန်းအရ ယနေ့နေ့လည်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၂ သိန်း ၉ သောင်းကျော်သာရှိကြောင်းလည်း အဆိုပါ အသင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ရွှေစျေးမြင့်တက်နေမှုနှင့်အတူ အရောင်းအဝယ်လည်း အေးလျက်ရှိရာ ရွှေဆိုင်များ၌ ရွှေဝယ်ယူသူထက် လာရောက်ရောင်းချသူ ပိုမိုများပြားလျက်ရှိနေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
zawgyi version
NP News - ဇွန် ၁၅
ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်းသည် တရိပ်ရိပ်မြင့်တက်လျက်ရှိနေပြီး ပြင်ပဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် (၃၁)သိန်းကျော်အထိ ရောက်ရှိလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးသည် ယခင်လများထက် ဈေးနှုန်းကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးနှုန်း ဆက်လက်မြင့်တက်နေသည်ကိုလည်း တွေ့ရသည်။
ပြည်တွင်းရွှေဈေး မြင့်တက်ရခြင်းသည် ပြင်ပ၌ ဒေါ်လာငွေလဲလှယ်သည့် ဈေးနှုန်းများ မြင့်တက်လာခြင်း‌ကြောင့်ဟု ရွှေဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသူများက သုံးသပ်ထားမှုများလည်း ရှိနေသည်။
ဒေါ်လာလဲလှယ်နှုန်းသည်လည်း ယခုနှစ် (၅)လအတွင်း ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် ၂၈ဝဝ ကျပ်ဝန်းကျင်ရှိနေရာမှ ယခုရက်ပိုင်းအတွင်း၌ ၃ဝဝဝ ကျပ်ဝန်းကျင်အထိ ရောက်ရှိလာကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေလဲလှယ်နှုန်း (တစ်ဒေါ်လာလျှင် ၂၁ဝဝ ကျပ်) ဝန်းကျင်ဖြင့် တွက်ချက်ထားသည့် ဈေးနှုန်းအရ ယနေ့နေ့လည်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၂ သိန်း ၉ သောင်းကျော်သာရှိကြောင်းလည်း အဆိုပါ အသင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ရွှေဈေးမြင့်တက်နေမှုနှင့်အတူ အရောင်းအဝယ်လည်း အေးလျက်ရှိရာ ရွှေဆိုင်များ၌ ရွှေဝယ်ယူသူထက် လာရောက်ရောင်းချသူ ပိုမိုများပြားလျက်ရှိနေကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Related news
© 2021. All rights reserved.