ယနေ့ နံနက်ပိုင်းက ဖျာပုံမြို့အနီးပင်လယ်ပြင်ကို ဗဟိုပြုကာ ငလျင်လှုပ်ခတ်

 753

NP News - ဇွန် ၁၉

ယနေ့ (ဇွန်လ ၁၉ ရက်)နံနက်ပိုင်းအချိန်က ဧရာဝတီတိုင်း၊ ဖျာပုံမြို့အနီး၌ ရစ်ခ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၏ အရှေ့တောင်ဘက် မိုင်(၇ဝ)ခန့်အကွာ ပင်လယ်ပြင်၌ နံနက် ၈နာရီ ၁ဝ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

"၈ နာရီ ၁၁မိနစ်လောက်မှာ ငလျင်လှုပ်တာကိုသိတာ။ တိုက်ခန်းနဲ့ဆိုတော့ ရမ်းသွားတာသိလိုက်တယ်။တော်တော်များများလည်း ပြောနေကြတယ်။ ငြိမ့်ငြိမ့်လေးနဲ့ နည်းနည်းတော့ကြာတယ်"ဟု ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါအင်အားအသင့်အတင့်ရှိ မြေငလျင်သည် ကမ္ဘာအေး မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၉၅ မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး လှုပ်ရှားသွားကြောင်း သိရသည်။

လွန်ခဲ့တဲ့ ဇွန်လ ၇ ရက်၊ နေ့လည်ပိုင်းကလည်း ဧရာဝတီတိုင်း၊ ‌ညောင်တုန်းမြို့နယ်အတွင်းရှိ အလယ်ချောင်းနှင့် ချောင်းကြီးကျေးရွာများအနီးဗဟိုပြုသည့် အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး မအူပင်မြို့၌ပျက်စီးဆုံးရှုံးမှုများနှင့် လူသေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။

zawgyi version
ယေန႔ နံနက္ပိုင္းက ဖ်ာပုံၿမိဳ႕အနီးပင္လယ္ျပင္ကို ဗဟိုျပဳကာ ငလ်င္လႈပ္ခတ္
NP News - ဇြန္ ၁၉

ယေန႔ (ဇြန္လ ၁၉ ရက္)နံနက္ပိုင္းအခ်ိန္က ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕အနီး၌ ရစ္ခ္တာစေကး ၅ ဒသမ ၁ အဆင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ေၾကာင္း သိရသည္။

ဖ်ာပုံၿမိဳ႕၏ အေရွ႕ေတာင္ဘက္ မိုင္(၇ဝ)ခန႔္အကြာ ပင္လယ္ျပင္၌ နံနက္ ၈နာရီ ၁ဝ မိနစ္ခန႔္က အင္အားအသင့္အတင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ထားသည္။

"၈ နာရီ ၁၁မိနစ္ေလာက္မွာ ငလ်င္လႈပ္တာကိုသိတာ။ တိုက္ခန္းနဲ႔ဆိုေတာ့ ရမ္းသြားတာသိလိုက္တယ္။ေတာ္ေတာ္မ်ားမ်ားလည္း ေျပာေနၾကတယ္။ ၿငိမ့္ၿငိမ့္ေလးနဲ႔ နည္းနည္းေတာ့ၾကာတယ္"ဟု ရန္ကုန္ၿမိဳ႕တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

အဆိုပါအင္အားအသင့္အတင့္ရွိ ေျမငလ်င္သည္ ကမာၻေအး ေျမငလ်င္စခန္းမွ ေတာင္-အေရွ႕ေတာင္ဘက္ ၉၅ မိုင္ခန႔္ကြာေဝးေသာ ျမန္မာ့ပင္လယ္ျပင္ကို ဗဟိုျပဳၿပီး လႈပ္ရွားသြားေၾကာင္း သိရသည္။

လြန္ခဲ့တဲ့ ဇြန္လ ၇ ရက္၊ ေန႔လည္ပိုင္းကလည္း ဧရာဝတီတိုင္း၊ ‌ေညာင္တုန္းၿမိဳ႕နယ္အတြင္းရွိ အလယ္ေခ်ာင္းႏွင့္ ေခ်ာင္းႀကီးေက်း႐ြာမ်ားအနီးဗဟိုျပဳသည့္ အင္အားအနည္းငယ္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့ၿပီး မအူပင္ၿမိဳ႕၌ပ်က္စီးဆုံးရႈံးမႈမ်ားႏွင့္ လူေသဆုံးမႈမ်ားျဖစ္ေပၚခဲ့သည္။

Related news

© 2021. All rights reserved.