ရန်ကုန်မြို့ရှိ KTV၊ CLUB နှင့် BAR များတွင် ဖြန့်ဖြူးရောင်းချမည့် ငွေကျပ်သိန်း (၈ဝဝဝ)ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

1953

စော (NP News) - ဇွန် ၂ဝ
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်တွင် ငွေကျပ်သိန်း (၈ဝဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ယမန်နေ့(ဇွန်လ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်၊ ည ၇ နာရီခွဲအချိန်တွင် ဒညင်းကုန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမကြီးနှင့် ပြည်တော်သာ(၁)လမ်းထိပ်တွင် ထူးခန့်နောင်၊ ပြည့်စုံကျော်မင်းနှင့် ဟိန်းခင်ဇော်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်(၂)စီးအား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား (၄ ဒသမ ၆၇)သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ (၁၇)ရက်၊ နံနက်(၁)နာရီအချိန်တွင်လည်း ပြည်စုံကျော်မင်း ငှားရမ်းနေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ (၈/၄)ရပ်ကွက်၊ ယောမင်းကြီးလမ်းရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား (၂ ဒသမ ၉)သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) (၃)ကီလိုကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စုစုပေါင်း ငွေကျပ်သိန်း (၈၃ဝဝ)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၇ ဒသမ ၅၇)သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) (၃)ကီလိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများအား ရန်ကုန်မြို့ရှိ KTV, CLUB , BAR နှင့် စားသောက်ဆိုင်များတွင်လူငယ်များအား ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ထို့ပြင် ပြီးခဲ့သည့် (ဇွန်လ ၁၁)ရက်ကလည်း ရန်ကုန်မြို့ရှိ KTV၊ CLUB၊ BAR နှင့် စားသောက်ဆိုင်များ၌ ရောင်းချမည့် ငွေကျပ်သိန်း(၉ဝဝဝ)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ရွိ KTV၊ CLUB ႏွင့္ BAR မ်ားတြင္ ျဖန႔္ျဖဴးေရာင္းခ်မည့္ ေငြက်ပ္သိန္း (၈ဝဝဝ)ေက်ာ္ တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သိမ္းဆည္းရမိ
ေစာ (NP News) - ဇြန္ ၂ဝ
ရန္ကုန္တိုင္း၊ အင္းစိန္ၿမိဳ႕နယ္၊ ဒညင္းကုန္းရပ္ကြက္တြင္ ေငြက်ပ္သိန္း (၈ဝဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕မွ ယမန္ေန႔(ဇြန္လ ၁၉ ရက္)တြင္ အထက္ပါကဲ့သို႔ထုတ္ျပန္ထားျခင္းျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕သည္ ၿပီးခဲ့သည့္ ဇြန္လ ၁၆ ရက္၊ ည ၇ နာရီခြဲအခ်ိန္တြင္ ဒညင္းကုန္းရပ္ကြက္၊ ေအာက္မဂၤလာဒုံလမ္းမႀကီးႏွင့္ ျပည္ေတာ္သာ(၁)လမ္းထိပ္တြင္ ထူးခန႔္ေနာင္၊ ျပည့္စုံေက်ာ္မင္းႏွင့္ ဟိန္းခင္ေဇာ္တို႔ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္(၂)စီးအား ရွာေဖြစစ္ေဆးခဲ့ရာ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၄ ဒသမ ၆၇)သိန္းအား သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဇြန္လ (၁၇)ရက္၊ နံနက္(၁)နာရီအခ်ိန္တြင္လည္း ျပည္စုံေက်ာ္မင္း ငွားရမ္းေနထိုင္သည့္ ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၈/၄)ရပ္ကြက္၊ ေယာမင္းႀကီးလမ္းရွိေနအိမ္မွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂ ဒသမ ၉)သိန္းႏွင့္ အိုက္စ္(မက္သ္အဖက္တမင္း) (၃)ကီလိုကို ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စုစုေပါင္း ေငြက်ပ္သိန္း (၈၃ဝဝ)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၇ ဒသမ ၅၇)သိန္းႏွင့္ အိုက္စ္(မက္သ္အဖက္တမင္း) (၃)ကီလိုကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားအား ရန္ကုန္ၿမိဳ႕ရွိ KTV, CLUB , BAR ႏွင့္ စားေသာက္ဆိုင္မ်ားတြင္လူငယ္မ်ားအား ျဖန႔္ျဖဴးေရာင္းခ်သြားမည္ျဖစ္ေၾကာင္းသိရွိရသျဖင့္ ၎တို႔အားဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕ကဆိုသည္။
ထို႔ျပင္ ၿပီးခဲ့သည့္ (ဇြန္လ ၁၁)ရက္ကလည္း ရန္ကုန္ၿမိဳ႕ရွိ KTV၊ CLUB၊ BAR ႏွင့္ စားေသာက္ဆိုင္မ်ား၌ ေရာင္းခ်မည့္ ေငြက်ပ္သိန္း(၉ဝဝဝ)တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကိုလည္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။