အိန္ဒိယရုပ်ရှင် Adipurush မှာ ပါဝင်တဲ့ ရာမဇာတ်တော်သမိုင်းကြောင်းနဲ့ပတ်သက်ပြီး အငြင်းအခုံဖြစ်ခဲ့ပြီးနောက် နီပေါက အိန္ဒိယရုပ်ရှင်တွေကို ပိတ်ဆို့မှုတွေပြုလုပ်လာ

 2853

ရောင်နီ (NP News) - ဇွန် ၂ဝ

နီပေါနိုင်ငံ၊ မြို့တော် ကတ်မန်ဒူရဲ့ မြို့တော်ဝန်ဘယ်လန်ဒရာဆိုက်ဟ် က အိန္ဒိယရုပ်ရှင် Adipurush မှာ ပါဝင်တဲ့ ရာမယာန ဇာတ်ဝင်ခန်းဟာ ရှေးခေတ် ဟိန္ဒူ ရာမယာနသမိုင်းကြောင်းကို လိမ်လည်တယ်လို့ဆိုကာ ငြင်းခုံခဲ့ပြီး အဆိုပါ ရုပ်ရှင် အပါအဝင် အိန္ဒိယရုပ်ရှင်တွေ မြို့မှာ ပြသခြင်းကို ပိတ်ပင်လိုက်ပါတယ်။

သောကြာနေ့ (ဇွန်လ ၁၆ ရက်) က ဟိန္ဒူဘာသာ၊ အခြားအိန္ဒိယဘာသာ အပါအဝင် ဘာသာစကား လေးမျိုးနဲ့ ကမ္ဘာတစ်ဝန်းက ထုတ်လွှင့်ခဲ့တဲ့ Adipurush ရုပ်ရှင်ဟာ ရာမယာန ဇာတ်ဝန်ခန်းနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ရာမယာနဇာတ်တော်မှ သီတာ မင်းသမီးရဲ့ဇာတိဟာ နီပေါနိုင်ငံ တောင်ပိုင်းခရိုင် ဂျာနက်ခ်ပါ ဖြစ်တယ်လို့ သမိုင်းကြောင်းတွေမှာ ဖော်ပြထားပေမယ့် ရုပ်ရှင်ထဲမှာတော့ သူမဟာ အိန္ဒိယနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်တယ်လို့ ဖော်ပြခဲ့ခြင်းကြောင့် အခုလိုငြင်းခုံမှုတွေ ထွက်ပေါ်လာတာပါ။

ဇာတ်ကားမထွက်လာမီကတည်းက ဆိုက်ဟ်က အဆိုပါဇာတ်လမ်းအပိုင်း ပါဝင်ရင် နိုင်ငံမှာ ပြသမှာ မဟုတ် ကြောင်းနဲ့ နီပေါပရိသတ်တွေအတွက် ဆင်ဆာဖြတ်တောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ရုပ်ရှင်ပြသရာမှာ မပြောင်းလဲခဲ့ခြင်းကြောင့် အခုလိုတားမြစ်ချက်တွေ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အထူးပြုလုပ်ချက်များစွာနဲ့ ရိုက်ကူးထားတဲ့ Adipurush ရုပ်ရှင်ဟာ မျောက်နတ်ဘုရား ဟာနုမာန်၊ ရာမနဲ့ သီတာဇာတ်ကြောင်းကို ရိုက်ကူး ထားခြင်းဖြစ်ပြီး ဒေါ်လာ ၆၁ သန်းခန့် ကုန်ကျခဲ့ပါတယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်ကူးမှုရဲ့ ကုန်ကျစရိတ်ဟာ ရုံတင်ပြီး ပထမနှစ်ရက်အတွင်းမှာပဲ ထက်ဝက်နီးပါး ပြန်လည်ရရှိခဲ့ပါတယ်။

နီပေါဟာ ယခင်ကလည်း အိန္ဒိယရုပ်ရှင်တွေကို အကြိမ်ကြိမ် ပိတ်ပင်ခဲ့ဖူးပါတယ်။ ၂ဝဝ၉ ခုနှစ်ကလည်း ဘောလိဝုဒ်ရုပ်ရှင် Chandni Chowk မှာ ဗုဒ္ဓမြတ်စွာဘုရားကို အိန္ဒိယနိုင်ငံမှာ ဖွားမြင်တယ်လို့ ရိုက်ကူးထားခြင်း ကြောင့် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ဖူးပါတယ်။

Zawgyi Version;
အိႏၵိယ႐ုပ္ရွင္ Adipurush မွာ ပါဝင္တဲ့ ရာမဇာတ္ေတာ္သမိုင္းေၾကာင္းနဲ႔ပတ္သက္ၿပီး အျငင္းအခုံျဖစ္ခဲ့ၿပီးေနာက္ နီေပါက အိႏၵိယ႐ုပ္ရွင္ေတြကို ပိတ္ဆို႔မႈေတြျပဳလုပ္လာ
ေရာင္နီ (NP News) - ဇြန္ ၂ဝ

နီေပါႏိုင္ငံ၊ ၿမိဳ႕ေတာ္ ကတ္မန္ဒူရဲ႕ ၿမိဳ႕ေတာ္ဝန္ဘယ္လန္ဒရာဆိုက္ဟ္ က အိႏၵိယ႐ုပ္ရွင္ Adipurush မွာ ပါဝင္တဲ့ ရာမယာန ဇာတ္ဝင္ခန္းဟာ ေရွးေခတ္ ဟိႏၵဴ ရာမယာနသမိုင္းေၾကာင္းကို လိမ္လည္တယ္လို႔ဆိုကာ ျငင္းခုံခဲ့ၿပီး အဆိုပါ ႐ုပ္ရွင္ အပါအဝင္ အိႏၵိယ႐ုပ္ရွင္ေတြ ၿမိဳ႕မွာ ျပသျခင္းကို ပိတ္ပင္လိုက္ပါတယ္။

ေသာၾကာေန႔ (ဇြန္လ ၁၆ ရက္) က ဟိႏၵဴဘာသာ၊ အျခားအိႏၵိယဘာသာ အပါအဝင္ ဘာသာစကား ေလးမ်ိဳးနဲ႔ ကမာၻတစ္ဝန္းက ထုတ္လႊင့္ခဲ့တဲ့ Adipurush ႐ုပ္ရွင္ဟာ ရာမယာန ဇာတ္ဝန္ခန္းနဲ႔ပတ္သတ္ၿပီး ေဝဖန္မႈေတြ ျမင့္တက္ေနပါတယ္။ ရာမယာနဇာတ္ေတာ္မွ သီတာ မင္းသမီးရဲ႕ဇာတိဟာ နီေပါႏိုင္ငံ ေတာင္ပိုင္းခ႐ိုင္ ဂ်ာနက္ခ္ပါ ျဖစ္တယ္လို႔ သမိုင္းေၾကာင္းေတြမွာ ေဖာ္ျပထားေပမယ့္ ႐ုပ္ရွင္ထဲမွာေတာ့ သူမဟာ အိႏၵိယႏိုင္ငံမွာ ေမြးဖြားခဲ့တာ ျဖစ္တယ္လို႔ ေဖာ္ျပခဲ့ျခင္းေၾကာင့္ အခုလိုျငင္းခုံမႈေတြ ထြက္ေပၚလာတာပါ။

ဇာတ္ကားမထြက္လာမီကတည္းက ဆိုက္ဟ္က အဆိုပါဇာတ္လမ္းအပိုင္း ပါဝင္ရင္ ႏိုင္ငံမွာ ျပသမွာ မဟုတ္ ေၾကာင္းနဲ႔ နီေပါပရိသတ္ေတြအတြက္ ဆင္ဆာျဖတ္ေတာက္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ႐ုပ္ရွင္ျပသရာမွာ မေျပာင္းလဲခဲ့ျခင္းေၾကာင့္ အခုလိုတားျမစ္ခ်က္ေတြ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ အထူးျပဳလုပ္ခ်က္မ်ားစြာနဲ႔ ႐ိုက္ကူးထားတဲ့ Adipurush ႐ုပ္ရွင္ဟာ ေမ်ာက္နတ္ဘုရား ဟာႏုမာန္၊ ရာမနဲ႔ သီတာဇာတ္ေၾကာင္းကို ႐ိုက္ကူး ထားျခင္းျဖစ္ၿပီး ေဒၚလာ ၆၁ သန္းခန႔္ ကုန္က်ခဲ့ပါတယ္။ ဒါေပမယ့္ ႐ုပ္ရွင္႐ိုက္ကူးမႈရဲ႕ ကုန္က်စရိတ္ဟာ ႐ုံတင္ၿပီး ပထမႏွစ္ရက္အတြင္းမွာပဲ ထက္ဝက္နီးပါး ျပန္လည္ရရွိခဲ့ပါတယ္။

နီေပါဟာ ယခင္ကလည္း အိႏၵိယ႐ုပ္ရွင္ေတြကို အႀကိမ္ႀကိမ္ ပိတ္ပင္ခဲ့ဖူးပါတယ္။ ၂ဝဝ၉ ခုႏွစ္ကလည္း ေဘာလိဝုဒ္႐ုပ္ရွင္ Chandni Chowk မွာ ဗုဒၶျမတ္စြာဘုရားကို အိႏၵိယႏိုင္ငံမွာ ဖြားျမင္တယ္လို႔ ႐ိုက္ကူးထားျခင္းေၾကာင့္ ဆန႔္က်င္ကန႔္ကြက္ဆႏၵျပမႈမ်ား ျဖစ္ပြားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.