မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စုအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေရ

 1044

NP News - ဇွန် ၂၂

မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စုအတွင်း တပ်မတော်စစ်ကြောင်း နှင့် KNU/PDF အဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသူ၊ ရွာသားများ တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများထံမှသိရသည်။

အဆိုပါဖြစ်စဉ်သည် ဇွန်လ ၂ဝ ရက်၊ ညနေ ၄ နာရီ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာနှင့် တုံးတံတားကျေး ရွာအနီး၌ KNU/PDF အဖွဲ့မှအင်အား(၂ဝဝ)ဦးခန့်နှင့် တပ်မတော်စစ်ကြောင်းတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက် နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာတွင် နေထိုင်သည့် အသက်(၅၄)နှစ်အရွယ် ဒေါ်အေးသန်းကြည်၏ နေအိမ်အနီးသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေါ်အေးသန်းကြည်တွင် ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မဲကနယ်ကျေးရွာအုပ်စု၊ ပွင့်လင်းအေးမြိုင်ကျေးရွာမှ အိမ်ထောင်စု (၅၇)စုသည် မြဝတီမြို့၊အမှတ် ၄ ရပ်ကွက်၊ တောရကျောင်းသို့သွားရောက်တိမ်းရှောင်နေကြရကြောင်း ဒေသခံပြည်သူများက ပြောသည်။

zawgyi version
ျမဝတီၿမိဳ႕နယ္၊ မဲကနယ္ေက်း႐ြာအုပ္စုအတြင္း ႏွစ္ဖက္တိုက္ပြဲမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ ေဒသခံျပည္သူမ်ား တိမ္းေရွာင္ေနရ
NP News - ဇြန္ ၂၂

ျမဝတီၿမိဳ႕နယ္၊ မဲကနယ္ေက်း႐ြာအုပ္စုအတြင္း တပ္မေတာ္စစ္ေၾကာင္း ႏွင့္ KNU/PDF အဖြဲ႕တို႔တိုက္ပြဲျဖစ္ပြားခဲ့ျခင္းေၾကာင့္ ႐ြာသူ၊ ႐ြာသားမ်ား တိမ္းေရွာင္ေနရေၾကာင္း ေဒသခံျပည္သူမ်ားထံမွသိရသည္။

အဆိုပါျဖစ္စဥ္သည္ ဇြန္လ ၂ဝ ရက္၊ ညေန ၄ နာရီ အခ်ိန္ခန႔္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ မဲကနယ္ေက်း႐ြာအုပ္စု၊ ပြင့္လင္းေအးၿမိဳင္ေက်း႐ြာႏွင့္ တုံးတံတားေက်း ႐ြာအနီး၌ KNU/PDF အဖြဲ႕မွအင္အား(၂ဝဝ)ဦးခန႔္ႏွင့္ တပ္မေတာ္စစ္ေၾကာင္းတို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး လက္ နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈမ်ားေၾကာင့္ မဲကနယ္ေက်း႐ြာအုပ္စု၊ ပြင့္လင္းေအးၿမိဳင္ေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၅၄)ႏွစ္အ႐ြယ္ ေဒၚေအးသန္းၾကည္၏ ေနအိမ္အနီးသို႔ လက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့သျဖင့္ ေဒၚေအးသန္းၾကည္တြင္ က်ည္စထိမွန္ ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံျပည္သူတစ္ဦးက ေျပာသည္။

လက္ရွိတြင္ မဲကနယ္ေက်း႐ြာအုပ္စု၊ ပြင့္လင္းေအးၿမိဳင္ေက်း႐ြာမွ အိမ္ေထာင္စု (၅၇)စုသည္ ျမဝတီၿမိဳ႕၊အမွတ္ ၄ ရပ္ကြက္၊ ေတာရေက်ာင္းသို႔သြားေရာက္တိမ္းေရွာင္ေနၾကရေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာသည္။

Related news

© 2021. All rights reserved.