မလေးရှားနိုင်ငံကို တောရိုင်းကြက်တူရွေး ၁၁ ကောင် ခိုးသွင်းဖို့ ကြိုးပမ်းမှုနဲ့ စင်ကာပူနိုင်ငံသားတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

 762

ရောင်နီ (NP News) - ဇွန် ၂၃

မလေးရှားနိုင်ငံကို မက်ကော်ကြက်တူရွေးငှက် အပါအဝင် တောရိုင်းကြက်တူရွေး ၁၁ ကောင် ခိုးသွင်းဖို့ ကြိုးပမ်းမှုနဲ့ အသက် ၄၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသားအမျိုးသားတစ်ဦးကို မလေးရှားအာဏာပိုင်တွေက ၈ဝဝဝဝ (စင်ကာပူ ဒေါ်လာ ၂၃၂ဝဝ) ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

ဂျိုဟာ တောရိုင်းတိရစ္ဆာန်ဥယျဉ် အမျိုးသားဥယျာဉ်ဌာန Perhilitan က အဆိုပါအမျိုးသားတောရိုင်းတိရိစ္ဆာန်တွေ မှောင်ခိုသွင်းမယ့်သတင်းကို မေလ ၃၁ ရက်၊ ညနေ ၇ နာရီ ၃ဝ မိနစ်ခန့်က ရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါ အမျိုးသားဂျိုဟာပြည်နယ်ထဲ ဝင်ရောက်လာစဉ်မှာ သတင်းအရ ၄င်းရဲ့ယာဉ်ကိုရပ်တန့်စေခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ သစ်သားသေတ္တာ ၁ဝ လုံး၊ ငှက်လှောင်အိမ်တွေ၊ လက်ကိုင်ဖုန်းတွေနဲ့အတူ အပြာရောင်နဲ့ ရွှေရောင် ကြက်တူရွေး ၃ ကောင်၊ အမေဇုန် ခေါင်းဝါကြက်တူရွေးနဲ့ အနီရောင် မက်ကော ကြက်တူရွေး ၃ ကောင် အပါအဝင် တောရိုင်းကြက်တူရွေး ၁၁ ကောင်ကို တွေ့ရှိခဲ့ကြောင်း Perhilitan ဒါရိုက်တာ အမီနက်ဒင်ဂျက်မင်း က ဗုဒ္ဓဟူးနေ့(ဇွန် ၂၁) မှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားမှာ တရားဝင် စာရွက်စာတမ်း မပါရှိတာကြောင့် ၄င်းဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးပါ ဘူး။ အဲဒီနောက် ၄င်းကို ဖမ်းဆီးခဲ့ပြီး ၄င်းရဲ့မှောင်ခိုသွင်းလာတဲ့ ငှက် ၁၁ ကောင်နဲ့ ယာဉ်ကို သိမ်းဆည်းလိုက် တယ်လို့ မစ္စတာအမီနက်ဒင်က ပြောကြားခဲ့ပါတယ်။ အဆိုပါ အမျိုးသားကို ဇွန်လ ၇ ရက်က မလေးရှားတောရိုင်း တိရစ္ဆာန်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၆ဝ နဲ့ ၆၈ အရ ဂျိုဟာမြို့တရားရုံးမှာ တရားစွဲခဲ့ပြီး အမျိုးသားကလည်း အပြစ်ရှိ ကြောင်း ဝန်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း မလေးရှားဟာ တရားမဝင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုအတွက် ရေပန်းစားတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။ မလေးရှားမှာ ကာကွယ်စောင့်ရှောက်ဖို့စာရင်းဝင်တဲ့ တောရိုင်း တိရစ္ဆာန်မျိုးစိတ်တွေကို ကွာလာလမ်ပူနဲ့ ပီနန်ရှိ နိုင်ငံတကာလေဆိပ်များနဲ့ ဂျိုဟာရှိ ကုန်းတွင်းနယ်စပ်တွေမှာ မှောင်ခိုရောင်းဝယ်သူတွေနဲ့အတူ ဖမ်းဆီးရမိလေ့ ရှိပါတယ်။

မလေးရှားမှာ ကာကွယ်စောက်ရှောက်ဖို့ စာရင်းဝင်တဲ့ တောရိုင်းတိရစ္ဆာန်တွေကို အမဲလိုက်ခြင်း၊ ဖမ်းဆီးခြင်းဟာ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးဥပဒေ ၂ဝ၁ဝ (အက်ဥပဒေ ၇၁၆) အရ အရေးယူနိုင်ပြီး ရင်းဂစ် ၅ဝဝဝဝ ဖြစ်စေ၊ ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံကို ေတာ႐ိုင္းၾကက္တူေ႐ြး ၁၁ ေကာင္ ခိုးသြင္းဖို႔ ႀကိဳးပမ္းမႈနဲ႔ စင္ကာပူႏိုင္ငံသားတစ္ဦး ေထာင္ဒဏ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇြန္ ၂၃

မေလးရွားႏိုင္ငံကို မက္ေကာ္ၾကက္တူေ႐ြးငွက္ အပါအဝင္ ေတာ႐ိုင္းၾကက္တူေ႐ြး ၁၁ ေကာင္ ခိုးသြင္းဖို႔ ႀကိဳးပမ္းမႈနဲ႔ အသက္ ၄၇ ႏွစ္အ႐ြယ္ စကၤာပူႏိုင္ငံသားအမ်ိဳးသားတစ္ဦးကို မေလးရွားအာဏာပိုင္ေတြက ၈ဝဝဝဝ (စင္ကာပူ ေဒၚလာ ၂၃၂ဝဝ) ဒဏ္ေငြ ခ်မွတ္ခဲ့ပါတယ္။

ဂ်ိဳဟာ ေတာ႐ိုင္းတိရစာၦန္ဥယ်ဥ္ အမ်ိဳးသားဥယ်ာဥ္ဌာန Perhilitan က အဆိုပါအမ်ိဳးသားေတာ႐ိုင္းတိရိစာၦန္ေတြ ေမွာင္ခိုသြင္းမယ့္သတင္းကို ေမလ ၃၁ ရက္၊ ညေန ၇ နာရီ ၃ဝ မိနစ္ခန႔္က ရရွိခဲ့တာျဖစ္ပါတယ္။ အဆိုပါ အမ်ိဳးသားဂ်ိဳဟာျပည္နယ္ထဲ ဝင္ေရာက္လာစဥ္မွာ သတင္းအရ ၄င္းရဲ႕ယာဥ္ကိုရပ္တန္႔ေစခဲ့ၿပီး စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ရာ သစ္သားေသတၱာ ၁ဝ လုံး၊ ငွက္ေလွာင္အိမ္ေတြ၊ လက္ကိုင္ဖုန္းေတြနဲ႔အတူ အျပာေရာင္နဲ႔ ေ႐ႊေရာင္ ၾကက္တူေ႐ြး ၃ ေကာင္၊ အေမဇုန္ ေခါင္းဝါၾကက္တူေ႐ြးနဲ႔ အနီေရာင္ မက္ေကာ ၾကက္တူေ႐ြး ၃ ေကာင္ အပါအဝင္ ေတာ႐ိုင္းၾကက္တူေ႐ြး ၁၁ ေကာင္ကို ေတြ႕ရွိခဲ့ေၾကာင္း Perhilitan ဒါ႐ိုက္တာ အမီနက္ဒင္ဂ်က္မင္း က ဗုဒၶဟူးေန႔(ဇြန္ ၂၁) မွာ ေျပာၾကားခဲ့ပါတယ္။

အမ်ိဳးသားမွာ တရားဝင္ စာ႐ြက္စာတမ္း မပါရွိတာေၾကာင့္ ၄င္းဟာ ဘယ္သူဘယ္ဝါျဖစ္တယ္ဆိုတာ မသိရေသးပါ ဘူး။ အဲဒီေနာက္ ၄င္းကို ဖမ္းဆီးခဲ့ၿပီး ၄င္းရဲ႕ေမွာင္ခိုသြင္းလာတဲ့ ငွက္ ၁၁ ေကာင္နဲ႔ ယာဥ္ကို သိမ္းဆည္းလိုက္ တယ္လို႔ မစၥတာအမီနက္ဒင္က ေျပာၾကားခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသားကို ဇြန္လ ၇ ရက္က မေလးရွားေတာ႐ိုင္း တိရစာၦန္ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၆ဝ နဲ႔ ၆၈ အရ ဂ်ိဳဟာၿမိဳ႕တရား႐ုံးမွာ တရားစြဲခဲ့ၿပီး အမ်ိဳးသားကလည္း အျပစ္ရွိ ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ အနည္းငယ္အတြင္း မေလးရွားဟာ တရားမဝင္ ေတာ႐ိုင္းတိရစာၦန္ ေရာင္းဝယ္ေဖာက္ကားမႈအတြက္ ေရပန္းစားတဲ့ေနရာတစ္ခုျဖစ္လာခဲ့ပါတယ္။ မေလးရွားမွာ ကာကြယ္ေစာင့္ေရွာက္ဖို႔စာရင္းဝင္တဲ့ ေတာ႐ိုင္း တိရစာၦန္မ်ိဳးစိတ္ေတြကို ကြာလာလမ္ပူနဲ႔ ပီနန္ရွိ ႏိုင္ငံတကာေလဆိပ္မ်ားနဲ႔ ဂ်ိဳဟာရွိ ကုန္းတြင္းနယ္စပ္ေတြမွာ ေမွာင္ခိုေရာင္းဝယ္သူေတြနဲ႔အတူ ဖမ္းဆီးရမိေလ့ ရွိပါတယ္။

မေလးရွားမွာ ကာကြယ္ေစာက္ေရွာက္ဖို႔ စာရင္းဝင္တဲ့ ေတာ႐ိုင္းတိရစာၦန္ေတြကို အမဲလိုက္ျခင္း၊ ဖမ္းဆီးျခင္းဟာ ေတာ႐ိုင္းတိရစာၦန္ထိန္းသိမ္းေရးဥပေဒ ၂ဝ၁ဝ (အက္ဥပေဒ ၇၁၆) အရ အေရးယူႏိုင္ၿပီး ရင္းဂစ္ ၅ဝဝဝဝ ျဖစ္ေစ၊ ေထာင္ဒဏ္ ႏွစ္ႏွစ္အထိ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

Related news

© 2021. All rights reserved.