ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် (၉)ချက်ခန့်ပစ်ခတ်ကာ KRF အဖွဲ့ လုပ်ကြံသတ်ဖြတ်

3091

NP News - ဇွန် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် (၉)ချက်ခန့်ပစ်ခတ်ကာ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။
ကောင်စီအဖွဲ့ဝင် ဦးရဲနိုင်သည် ယမန်နေ့(ဇွန် ၂၂ ရက်) ညနေ ၆ နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိ့တောရကျောင်းအနီးတွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက NP News ကို ပြောသည်။
“ကြားတာကတော့ မြို့နယ်စီမံအုပ်ချုပ်ရေးပိုင်းကလူတွေကို ရှင်းမယ်ဆိုပြီး သတင်းတွေ ထွက်နေတယ်။ သတင်းတွေထွက်နေတော့ ဂရုစိုက်သွားဖို့ ပြောထားတယ်။ သူက ဒေသခံပဲ။ သွားနေလာနေလာနေကြပဲ။ ကျိုက်ထို မြို့နဲ့ဆို (၂)မိုင်လောက်ဝေးတဲ့ ကျိုက်ပိ့တောရ ကျောင်းကိုသွားတာ။ သွားနေကြပဲလေ။ အဲဒီလိုသွားနေရင်းနဲ့ကို ကျောင်းရှေ့ရောက်တဲ့အချိန်မှာ လူ(၂)ဦး ဆိုင်ကယ်တစ်စီးနဲ့ နောက်ကနေလိုက်လာပြီး သေနတ်နဲ့ ကိုးချက် ပစ်ခတ်ပြီး သတ်သွားတာ” ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရဲနိုင်သည် ရင်ညွန့်၊ လည်ပင်း၊ ဦးခေါင်း တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဦးရဲနိုင်အား ဆေရုံကားဖြင့် ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံသို့ ရောက်ရှိစဉ်အချိန်၌ ကွယ်လွန်ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
၎င်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဦးရဲနိုင်သည် ကျိုက်ထိုမြို့ခံတစ်ဦးဖြစ်ပြီး သေဆုံးချိန်၌ အသက်(၄၃) နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။
ကောင်စီအဖွဲ့ဝင် ဦးရဲနိုင်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ကြေညာထားသည်ကိုလည်း တွေ့ရှိရသည်။
ဦးရဲနိုင်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိကြောင်း သိရပြီး သမီးဖြစ်သူမှာ အခြေခံပညာအလယ်တန်း၌ ပညာသင်ယူနေသူဖြစ်ကြောင်း သိရသည်။
“အဓိကကတော့ ကျူရှင်ဆရာပါပဲ။ အရင်ထဲက ကျောင်းသားတော်တော်များများကို နှစ်ပေါင်းများစွာ သင်ခဲ့တာ ပေါ့။ အခုလည်း အသက်(၄၃)နှစ်ဆိုတော့ ဘာပဲပြောပြော ( ၂၀)(၂၅)လောက်ထဲကကို သင်ခဲ့တာပေါ့။ အတွေ့ အကြုံကတော့ (၁၈)နှစ်၊ (၁၉)နှစ် လောက်ကိုရှိပြီ။ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှာ တာဝန် ထမ်းဆောင်တာကတော့ (၂) နှစ်နီးပါးလောက်ရှိပါပြီ” ဟု ဦးရဲနိုင်နှင့်နီးစပ်သော မိတ်ဆွေတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။
ကောင်စီအဖွဲ့ဝင် ဦးရဲနိုင်သည် ယခင်က သင်္ချာဘာသာရပ်ကို သင်ကြားပြသပေးသော ကျူရှင်ဆရာတစ်ဦးဖြစ်ပြီး တပည့်အများအပြား၏ ချစ်ခင်လေးစားမှုကို ရရှိထားသူဖြစ်ကာ စိတ်သဘောထားကောင်းမွန်သူတစ်ဦးဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေက ထပ်မံပြောထားသည်။

Zawgyi Version;
က်ိဳက္ထိုၿမိဳ႕နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္တစ္ဦးကို ေသနတ္ျဖင့္ (၉)ခ်က္ခန႔္ပစ္ခတ္ကာ KRF အဖြဲ႕ လုပ္ႀကံသတ္ျဖတ္
NP News - ဇြန္ ၂၃
မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္တစ္ဦးကို ေသနတ္ျဖင့္ (၉)ခ်က္ခန႔္ပစ္ခတ္ကာ က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု(KRF) က လုပ္ႀကံသတ္ျဖတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ေကာင္စီအဖြဲ႕ဝင္ ဦးရဲႏိုင္သည္ ယမန္ေန႔(ဇြန္ ၂၂ ရက္) ညေန ၆ နာရီအခ်ိန္ခန႔္တြင္ က်ိဳက္ထိုၿမိဳ႕နယ္၊ က်ိဳက္ပိ့ေတာရေက်ာင္းအနီးတြင္ လုပ္ႀကံခံခဲ့ရျခင္းျဖစ္ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူက NP News ကို ေျပာသည္။
“ၾကားတာကေတာ့ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးပိုင္းကလူေတြကို ရွင္းမယ္ဆိုၿပီး သတင္းေတြ ထြက္ေနတယ္။ သတင္းေတြထြက္ေနေတာ့ ဂ႐ုစိုက္သြားဖို႔ ေျပာထားတယ္။ သူက ေဒသခံပဲ။ သြားေနလာေနလာေနၾကပဲ။ က်ိဳက္ထို ၿမိဳ႕နဲ႔ဆို (၂)မိုင္ေလာက္ေဝးတဲ့ က်ိဳက္ပိ့ေတာရ ေက်ာင္းကိုသြားတာ။ သြားေနၾကပဲေလ။ အဲဒီလိုသြားေနရင္းနဲ႔ကို ေက်ာင္းေရွ႕ေရာက္တဲ့အခ်ိန္မွာ လူ(၂)ဦး ဆိုင္ကယ္တစ္စီးနဲ႔ ေနာက္ကေနလိုက္လာၿပီး ေသနတ္နဲ႔ ကိုးခ်က္ ပစ္ခတ္ၿပီး သတ္သြားတာ” ဟု အထက္ပါတာဝန္ရွိသူက ဆိုသည္။
ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ က်ိဳက္ထိုၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္ ဦးရဲႏိုင္သည္ ရင္ၫြန႔္၊ လည္ပင္း၊ ဦးေခါင္း တို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဦးရဲႏိုင္အား ေဆ႐ုံကားျဖင့္ က်ိဳက္ထိုေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေသာ္လည္း ေဆး႐ုံသို႔ ေရာက္ရွိစဥ္အခ်ိန္၌ ကြယ္လြန္ဆုံးပါးသြားခဲ့ေၾကာင္း သိရသည္။
၎ကဲ့သို႔ လုပ္ႀကံသတ္ျဖတ္ျခင္းခံခဲ့ရသည့္ ဦးရဲႏိုင္သည္ က်ိဳက္ထိုၿမိဳ႕ခံတစ္ဦးျဖစ္ၿပီး ေသဆုံးခ်ိန္၌ အသက္(၄၃) ႏွစ္ ရွိၿပီျဖစ္ေၾကာင္း သိရသည္။
ေကာင္စီအဖြဲ႕ဝင္ ဦးရဲႏိုင္ကို က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု(KRF) က လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ယင္းအဖြဲ႕က ထုတ္ျပန္ေၾကညာထားသည္ကိုလည္း ေတြ႕ရွိရသည္။
ဦးရဲႏိုင္တြင္ သားတစ္ေယာက္ႏွင့္ သမီးတစ္ေယာက္ရွိေၾကာင္း သိရၿပီး သမီးျဖစ္သူမွာ အေျခခံပညာအလယ္တန္း၌ ပညာသင္ယူေနသူျဖစ္ေၾကာင္း သိရသည္။
“အဓိကကေတာ့ က်ဴရွင္ဆရာပါပဲ။ အရင္ထဲက ေက်ာင္းသားေတာ္ေတာ္မ်ားမ်ားကို ႏွစ္ေပါင္းမ်ားစြာ သင္ခဲ့တာ ေပါ့။ အခုလည္း အသက္(၄၃)ႏွစ္ဆိုေတာ့ ဘာပဲေျပာေျပာ ( ၂၀)(၂၅)ေလာက္ထဲကကို သင္ခဲ့တာေပါ့။ အေတြ႕ အႀကဳံကေတာ့ (၁၈)ႏွစ္၊ (၁၉)ႏွစ္ ေလာက္ကိုရွိၿပီ။ က်ိဳက္ထိုၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕မွာ တာဝန္ ထမ္းေဆာင္တာကေတာ့ (၂) ႏွစ္နီးပါးေလာက္ရွိပါၿပီ” ဟု ဦးရဲႏိုင္ႏွင့္နီးစပ္ေသာ မိတ္ေဆြတစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။
ေကာင္စီအဖြဲ႕ဝင္ ဦးရဲႏိုင္သည္ ယခင္က သခ်ၤာဘာသာရပ္ကို သင္ၾကားျပသေပးေသာ က်ဴရွင္ဆရာတစ္ဦးျဖစ္ၿပီး တပည့္အမ်ားအျပား၏ ခ်စ္ခင္ေလးစားမႈကို ရရွိထားသူျဖစ္ကာ စိတ္သေဘာထားေကာင္းမြန္သူတစ္ဦးျဖစ္ေၾကာင္း ၎၏ မိတ္ေဆြက ထပ္မံေျပာထားသည္။