နေပြည်တော်၊ ဧရာဝတီလမ်းပေါ်ရှိ စားသောက်ဆိုင် Music Bar (၃)ခု ရက်အကန့်အသတ်မရှိ လိုင်စင်ပိတ်သိမ်းခံရ

 5963

NP News - ဇွန် ၂၆

နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်၊ ဧရာဝတီလမ်းပေါ်ရှိ စားသောက်ဆိုင် Music Bar (၃)ခုသည် ရက်အကန့်အသတ်မရှိ လိုင်စင်ပိတ်သိမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။

ဧရာဝတီလမ်းပေါ်တွင်ရှိသော Excellent Music Bar၊ Relax Music Bar နှင့် X-one space Music Bar တို့ကို ဇွန်လ ၂၄ ရက်မှစတင်ကာ နေပြည်တော်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိနေသည်။

အထက်ပါ စားသောက်ဆိုင် Bar (၃)ခုအား ပိတ်သိမ်းခဲ့ခြင်းသည် PDF အကြမ်းဖက်ကိစ္စများနှင့် ပတ် သက်ဆက်နွယ်မှုမရှိကြောင်းသိရသည်ဟု နေပြည်တော်ရှိ အမည်မဖော်လိုသော သတင်းအရင်းအမြစ်က NP News ကို ပြောဆိုထားသည်။

“အဲဒီဆိုင်တွေက အရင်တုန်းက စားသောက်ဆိုင်လိုင်စင်နဲ့ ဖွင့်ထားတဲ့ ဆိုင်တွေ။ လိုင်စင်က တစ်နှစ်တစ်ခါ ပြန်တင်ရတယ်လေ။ အခုလိုင်စင်ပြန်တင်တော့ club တို့၊ bar တို့ပါ ဖွင့်မယ်ဆိုပြီးတော့ ပြန်တင်တာပေါ့။ အဲဒါတွေကို ကောင်စီက ခွင့်မပြုဘူးလို့ သိရတယ်။ တချို့က အဲဒါတွေပါ တွဲလုပ်နေတာရှိတော့ လိုင်စင်ပိတ်လိုက်တယ်လို့ သိရတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ဆိုသည်။

Excellent Music Bar အပါအဝင် အထက်ပါ Bar များသည် ယခုရက်ပိုင်းအတွင်း ဖွင့်လှစ်ရောင်းချခြင်း မရှိကြောင်း တွေ့ရှိရသည်ဟုလည်း နေပြည်တော်ဒေသခံတစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။

အထက်ပါကဲ့သို့ ပိတ်သိမ်းခံရမှုအခြေအနေနှင့်ပတ်သက်၍ NP News မှ နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်အား မေးမြန်းရာတွင် “Bar တွေ၊ ဘာတွေက ကျွန်တော်တို့ စည်ပင်က ကိုင်တာမဟုတ်ဘူး။ ကျွန်တော်တို့က စားသောက်ဆိုင်လိုင်စင်ပဲ စည်ပင်က ပေးတာ။ Bar တွေ ဘာတွေကတော့ နေပြည်တော်ကောင်စီ၊ ထွေအုပ်နဲ့ပဲ လုပ်တာများတယ်။ ထွေအုပ်ကပဲ ပေးခွင့်ရှိတယ်။ စည်ပင်က ပေးခွင့်မရှိဘူး။ ကျွန်တော်က အဲဒီကိစ္စတော့ သိပ်မသိသေးဘူး။ နေပြည်တော်ကောင်စီကိုပဲ မေးကြည့်လိုက်ပါ။ ကျွန်တော်တို့ဆီမှာ Bar နဲ့ပတ်သက်ပြီးတော့ပေးတဲ့လိုင်စင်လည်း မရှိဘူးလေ” ဟု ပြန်လည်ဖြေကြားထားသည်။

ဆက်လက်ပြီး အထက်ပါကိစ္စနှင့်ပတ်သက်၍ NP News အနေဖြင့် နေပြည်တော်ကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

zawgyi version
ေနျပည္ေတာ္၊ ဧရာဝတီလမ္းေပၚရွိ စားေသာက္ဆိုင္ Music Bar (၃)ခု ရက္အကန႔္အသတ္မရွိ လိုင္စင္ပိတ္သိမ္းခံရ

NP News - ဇြန္ ၂၆

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇဗၺဴသီရိၿမိဳ႕နယ္၊ ဧရာဝတီလမ္းေပၚရွိ စားေသာက္ဆိုင္ Music Bar (၃)ခုသည္ ရက္အကန႔္အသတ္မရွိ လိုင္စင္ပိတ္သိမ္းခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ဧရာဝတီလမ္းေပၚတြင္ရွိေသာ Excellent Music Bar၊ Relax Music Bar ႏွင့္ X-one space Music Bar တို႔ကို ဇြန္လ ၂၄ ရက္မွစတင္ကာ ေနျပည္ေတာ္ေကာင္စီက လိုင္စင္ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။

အထက္ပါ စားေသာက္ဆိုင္ Bar (၃)ခုအား ပိတ္သိမ္းခဲ့ျခင္းသည္ PDF အၾကမ္းဖက္ကိစၥမ်ားႏွင့္ ပတ္ သက္ဆက္ႏြယ္မႈမရွိေၾကာင္းသိရသည္ဟု ေနျပည္ေတာ္ရွိ အမည္မေဖာ္လိုေသာ သတင္းအရင္းအျမစ္က NP News ကို ေျပာဆိုထားသည္။

“အဲဒီဆိုင္ေတြက အရင္တုန္းက စားေသာက္ဆိုင္လိုင္စင္နဲ႔ ဖြင့္ထားတဲ့ ဆိုင္ေတြ။ လိုင္စင္က တစ္ႏွစ္တစ္ခါ ျပန္တင္ရတယ္ေလ။ အခုလိုင္စင္ျပန္တင္ေတာ့ club တို႔၊ bar တို႔ပါ ဖြင့္မယ္ဆိုၿပီးေတာ့ ျပန္တင္တာေပါ့။ အဲဒါေတြကို ေကာင္စီက ခြင့္မျပဳဘူးလို႔ သိရတယ္။ တခ်ိဳ႕က အဲဒါေတြပါ တြဲလုပ္ေနတာရွိေတာ့ လိုင္စင္ပိတ္လိုက္တယ္လို႔ သိရတယ္” ဟု အထက္ပါ သတင္းအရင္းအျမစ္က ဆိုသည္။

Excellent Music Bar အပါအဝင္ အထက္ပါ Bar မ်ားသည္ ယခုရက္ပိုင္းအတြင္း ဖြင့္လွစ္ေရာင္းခ်ျခင္း မရွိေၾကာင္း ေတြ႕ရွိရသည္ဟုလည္း ေနျပည္ေတာ္ေဒသခံတစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။

အထက္ပါကဲ့သို႔ ပိတ္သိမ္းခံရမႈအေျခအေနႏွင့္ပတ္သက္၍ NP News မွ ေနျပည္ေတာ္စည္ပင္သာယာ ေရးေကာ္မတီ၏ ေျပာေရးဆိုခြင့္ရွိသူ၊ အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္အား ေမးျမန္းရာတြင္ “Bar ေတြ၊ ဘာေတြက ကြၽန္ေတာ္တို႔ စည္ပင္က ကိုင္တာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔က စားေသာက္ဆိုင္လိုင္စင္ပဲ စည္ပင္က ေပးတာ။ Bar ေတြ ဘာေတြကေတာ့ ေနျပည္ေတာ္ေကာင္စီ၊ ေထြအုပ္နဲ႔ပဲ လုပ္တာမ်ားတယ္။ ေထြအုပ္ကပဲ ေပးခြင့္ရွိတယ္။ စည္ပင္က ေပးခြင့္မရွိဘူး။ ကြၽန္ေတာ္က အဲဒီကိစၥေတာ့ သိပ္မသိေသးဘူး။ ေနျပည္ေတာ္ေကာင္စီကိုပဲ ေမးၾကည့္လိုက္ပါ။ ကြၽန္ေတာ္တို႔ဆီမွာ Bar နဲ႔ပတ္သက္ၿပီးေတာ့ေပးတဲ့လိုင္စင္လည္း မရွိဘူးေလ” ဟု ျပန္လည္ေျဖၾကားထားသည္။

ဆက္လက္ၿပီး အထက္ပါကိစၥႏွင့္ပတ္သက္၍ NP News အေနျဖင့္ ေနျပည္ေတာ္ေကာင္စီ၏ ေျပာေရး ဆိုခြင့္ရွိသူထံ ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္လည္ေျဖၾကားျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.