အင်္ဂလန်နိုင်ငံက ရယူထားသော ပတ္တမြားငမောက်နှင့် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့ထိ ပြန်မရ၍ မြန်မာ့အမွေများရရှိရေး ကြိုးစားရမည်ဟု နစကတိုက်တွန်း

 8164

မျိုးကြီး (NP News) - ဇွန် ၂၈

အင်္ဂလန်နိုင်ငံက ရယူထားသော ပတ္တမြားငမောက်ကျောက်နှင့် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့ထိ ပြန်လည်မရရှိသေးကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆိုသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ယနေ့ (ဇွန်လ ၂၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။

အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ကျူးကျော်စစ် (၃)ကြိမ် ဆင်နွှဲပြီးနောက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာသည် လုံးဝလက်လွှတ်ဆုံးရှုံးသွားခဲ့ရသည်။

ထိုသို့ အင်္ဂလိပ်တို့သည် မြန်မာ့မြေကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးနောက် မြန်မာလူမျိုးတို့၏ ရတနာအမွေ အနှစ်ပစ္စည်းများကိုလည်း တစ်ပါတည်းသိမ်းယူသွားခဲ့ကြောင်း အထက်ပါဦးစီးဌာနက ဆိုထားသည်။

ထို့နောက် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ကာ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ပြန်လည်ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ အင်္ဂလန်နိုင်ငံ ဒုတိယမြောက် အဲလီဇဘက်ဘုရင်မကြီးက မြန်မာနိုင်ငံကုန်းဘောင်မင်းဆက်များ၏ မင်းခမ်းတော်ပစ္စည်းများအပါအဝင် ပစ္စည်းအရေးအတွက် (၁၄၁)ခုကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ဦးစီးဌာနက အသိပေးထားသည်။

အင်္ဂလိပ်တို့ သိမ်းယူခဲ့သော မြန်မာ့အမွေပစ္စည်းအချို့သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ပတ္တမြားငမောက်ကျောက်အပါအဝင် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့တိုင် ပြန် လည်ရရှိရန် ကျန်နေဆဲဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာနက ဆို သည်။

ယနေ့အထိ အင်္ဂလန်နိုင်ငံထံမှ ပြန်လည်ရရှိရန် ကျန်နေဆဲဖြစ်သော မြန်မာ့အမွေပစ္စည်းများမှာ ပတ္တမြားငမောက်ကျောက်၊ လှော်ကားတင်လေးကျောက်(ရတီ ၂ဝ)၊ လှော်ကားတင်ကြီးကျောက်(ရတီ ၄ဝ ကျော်)၊ ဆက်မတော်ကျောက်(ရတီ ၄ဝ ကျော်)တို့ ပါဝင်နေကြောင်း ဦးစီးဌာနက ဆက်လက်အသိပေးထားသည်။

ထို့ပြင် စိန်၊ မြ၊ ပတ္တမြားနားတောင်းတောင် (၁၂)ရန်၊ ပတ္တမြားစလွယ် (ခ)ခု၊ စိန်ခါးစည်း၊ စိန်ပန်းခွေ၊ စိန် ပန်းခိုင်၊ စိန်လက် ကောက်၊ စိန်လက်စွပ်၊ ပတ္တမြားလက်စွပ်တို့အပါအဝင် မြန်မာ့အမွေပစ္စည်း (၇၉)မျိုးသည် ယနေ့တိုင် အင်္ဂလန်နိုင်ငံထံမှ ရရှိရန် ကျန်နေဆဲဖြစ်ကြောင်း ဦးစီးဌာနက ဆိုထားသည်။

ထို့ကြောင့် ဆုံးရှုံးသွားပြီး ပြန်လည်ရရှိရန် ကျန်နေဆဲဖြစ်သော စာရင်းဝင်/ စာရင်းမဝင် မြန်မာ့အမွေ နန်းစဉ်ပစ္စည်းများကို ပြန်လည်ရရှိရန် ကြိုးစားကြရမည်ဟု သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့် တိုက်ဦးစီးဌာနက တိုက်တွန်းထားသည်။

“သူ့ပစ္စည်းကို သူ့ဆီ ပြန်ပေးတာက တရားနည်းလမ်းကျပါတယ်။ ပြန်ပေးသင့်တာပေါ့။ လွတ်လပ်ရေးလည်း ပေးပြီးပြီလေ။ အဲဒီတော့ ကိုလိုနီနယ်ချဲ့ခဲ့တဲ့ နယ်မြေအားလုံးနီးပါးလောက်က အမွေအနှစ်တွေကို ပြန်ပေးဖို့ တာဝန်က လက်ရှိ ဗြိတိန်ဘုရင်နဲ့ သူ့ရဲ့အစိုးရအဖွဲ့မှာ တာဝန်ရှိတာပေါ့။ အဲဒီတော့ အမွေအနှစ်တွေက သူ့ရဲ့ မူရင်းနေရာမှာ ရှိမှပဲ တန်ဖိုးက ပိုပိုတက်လာတာပေါ့။ အဲဒါကြောင့်လည်း နိုင်ငံပေါင်းစုံက ယူသွားတဲ့ သူတို့ရဲ့ အမွေအနှစ်တွေကို ပြန်တောင်းကြတာပေါ့။ အဲဒီတော့ တောင်းဆိုသင့်ပါတယ်။ တစ် ဖက်ကလည်း အတင်းအဓမ္မသိမ်းယူခဲ့တာမို့ ပြန်ပေးသင့်ပါတယ်”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်က NP News ကို မှတ်ချက်ပြုပြောဆိုထားသည်။

အင်္ဂလန်နိုင်ငံအနေဖြင့် မြန်မာ့အမွေအနှစ်ပစ္စည်းများကို မူလပိုင်ရှင်မြန်မာထံသို့ ပြန်လည်ပေးပို့ရန် တာဝန်ရှိကြောင်းလည်း ဒေါက်တာအေးမောင်က ဆိုထားသည်။

“ဒီဘက်ကလည်း နောင်လာနောက်သားတွေရဲ့ အမွေအနှစ်ဖြစ်တာမိုလို့ အရကို တောင်းသင့်တာပေါ့။ လုပ်ထုံးလုပ်နည်းအတိုင်းပဲ တောင်းရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

မြန်မာ့အမွေအနှစ်ပစ္စည်းများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးမှ ပူးပေါင်းတောင်းဆိုသင့်ကြောင်းလည်း အကြံပြုထားသည်။

zawgyi version
အဂၤလန္ႏိုင္ငံက ရယူထားေသာ ပတၱျမားငေမာက္ႏွင့္ ျမန္မာ့အေမြပစၥည္း (၇၉)မ်ိဳးသည္ ယေန႔ထိ ျပန္မရ၍ ျမန္မာ့အေမြမ်ားရရွိေရး ႀကိဳးစားရမည္ဟု နစကတိုက္တြန္း

မ်ိဳးႀကီး (NP News) - ဇြန္ ၂၈

အဂၤလန္ႏိုင္ငံက ရယူထားေသာ ပတၱျမားငေမာက္ေက်ာက္ႏွင့္ ျမန္မာ့အေမြပစၥည္း (၇၉)မ်ိဳးသည္ ယေန႔ထိ ျပန္လည္မရရွိေသးေၾကာင္း သမိုင္းသုေတသနႏွင့္ အမ်ိဳးသားစာၾကည့္တိုက္ဦးစီးဌာနက ဆိုသည္။

သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန လက္ေအာက္ရွိ သမိုင္းသုေတသနႏွင့္ အမ်ိဳးသားစာၾကည့္တိုက္ဦးစီးဌာနက ယေန႔ (ဇြန္လ ၂၈ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။

အဂၤလိပ္တို႔သည္ ျမန္မာႏိုင္ငံအား က်ဴးေက်ာ္စစ္ (၃)ႀကိမ္ ဆင္ႏႊဲၿပီးေနာက္ ၁၈၈၅ ခုႏွစ္ ႏိုဝင္ဘာလ ၂၉ ရက္တြင္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာသည္ လုံးဝလက္လႊတ္ဆုံးရႈံးသြားခဲ့ရသည္။

ထိုသို႔ အဂၤလိပ္တို႔သည္ ျမန္မာ့ေျမကို က်ဴးေက်ာ္သိမ္းပိုက္ခဲ့ၿပီးေနာက္ ျမန္မာလူမ်ိဳးတို႔၏ ရတနာအေမြ အႏွစ္ပစၥည္းမ်ားကိုလည္း တစ္ပါတည္းသိမ္းယူသြားခဲ့ေၾကာင္း အထက္ပါဦးစီးဌာနက ဆိုထားသည္။

ထို႔ေနာက္ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္တြင္ လြတ္လပ္ေရးရရွိခဲ့ကာ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာ အာဏာကို ျပန္လည္ရရွိခဲ့ၿပီး ၁၉၆၄ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီလက္ထက္၌ အဂၤလန္ႏိုင္ငံ ဒုတိယေျမာက္ အဲလီဇဘက္ဘုရင္မႀကီးက ျမန္မာႏိုင္ငံကုန္းေဘာင္မင္းဆက္မ်ား၏ မင္းခမ္းေတာ္ပစၥည္းမ်ားအပါအဝင္ ပစၥည္းအေရးအတြက္ (၁၄၁)ခုကို ျပန္လည္ေပးအပ္ခဲ့ေၾကာင္း ဦးစီးဌာနက အသိေပးထားသည္။

အဂၤလိပ္တို႔ သိမ္းယူခဲ့ေသာ ျမန္မာ့အေမြပစၥည္းအခ်ိဳ႕သည္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ေသာ္လည္း ပတၱျမားငေမာက္ေက်ာက္အပါအဝင္ ျမန္မာ့အေမြပစၥည္း (၇၉)မ်ိဳးသည္ ယေန႔တိုင္ ျပန္ လည္ရရွိရန္ က်န္ေနဆဲျဖစ္ေၾကာင္း သမိုင္းသုေတသနႏွင့္ အမ်ိဳးသားစာၾကည့္တိုက္ဦးစီးဌာနက ဆို သည္။

ယေန႔အထိ အဂၤလန္ႏိုင္ငံထံမွ ျပန္လည္ရရွိရန္ က်န္ေနဆဲျဖစ္ေသာ ျမန္မာ့အေမြပစၥည္းမ်ားမွာ ပတၱျမားငေမာက္ေက်ာက္၊ ေလွာ္ကားတင္ေလးေက်ာက္(ရတီ ၂ဝ)၊ ေလွာ္ကားတင္ႀကီးေက်ာက္(ရတီ ၄ဝ ေက်ာ္)၊ ဆက္မေတာ္ေက်ာက္(ရတီ ၄ဝ ေက်ာ္)တို႔ ပါဝင္ေနေၾကာင္း ဦးစီးဌာနက ဆက္လက္အသိေပးထားသည္။

ထို႔ျပင္ စိန္၊ ျမ၊ ပတၱျမားနားေတာင္းေတာင္ (၁၂)ရန္၊ ပတၱျမားစလြယ္ (ခ)ခု၊ စိန္ခါးစည္း၊ စိန္ပန္းေခြ၊ စိန္ ပန္းခိုင္၊ စိန္လက္ ေကာက္၊ စိန္လက္စြပ္၊ ပတၱျမားလက္စြပ္တို႔အပါအဝင္ ျမန္မာ့အေမြပစၥည္း (၇၉)မ်ိဳးသည္ ယေန႔တိုင္ အဂၤလန္ႏိုင္ငံထံမွ ရရွိရန္ က်န္ေနဆဲျဖစ္ေၾကာင္း ဦးစီးဌာနက ဆိုထားသည္။

ထို႔ေၾကာင့္ ဆုံးရႈံးသြားၿပီး ျပန္လည္ရရွိရန္ က်န္ေနဆဲျဖစ္ေသာ စာရင္းဝင္/ စာရင္းမဝင္ ျမန္မာ့အေမြ နန္းစဥ္ပစၥည္းမ်ားကို ျပန္လည္ရရွိရန္ ႀကိဳးစားၾကရမည္ဟု သမိုင္းသုေတသနႏွင့္ အမ်ိဳးသားစာၾကည့္ တိုက္ဦးစီးဌာနက တိုက္တြန္းထားသည္။

“သူ႔ပစၥည္းကို သူ႔ဆီ ျပန္ေပးတာက တရားနည္းလမ္းက်ပါတယ္။ ျပန္ေပးသင့္တာေပါ့။ လြတ္လပ္ေရးလည္း ေပးၿပီးၿပီေလ။ အဲဒီေတာ့ ကိုလိုနီနယ္ခ်ဲ႕ခဲ့တဲ့ နယ္ေျမအားလုံးနီးပါးေလာက္က အေမြအႏွစ္ေတြကို ျပန္ေပးဖို႔ တာဝန္က လက္ရွိ ၿဗိတိန္ဘုရင္နဲ႔ သူ႔ရဲ႕အစိုးရအဖြဲ႕မွာ တာဝန္ရွိတာေပါ့။ အဲဒီေတာ့ အေမြအႏွစ္ေတြက သူ႔ရဲ႕ မူရင္းေနရာမွာ ရွိမွပဲ တန္ဖိုးက ပိုပိုတက္လာတာေပါ့။ အဲဒါေၾကာင့္လည္း ႏိုင္ငံေပါင္းစုံက ယူသြားတဲ့ သူတို႔ရဲ႕ အေမြအႏွစ္ေတြကို ျပန္ေတာင္းၾကတာေပါ့။ အဲဒီေတာ့ ေတာင္းဆိုသင့္ပါတယ္။ တစ္ ဖက္ကလည္း အတင္းအဓမၼသိမ္းယူခဲ့တာမို႔ ျပန္ေပးသင့္ပါတယ္”ဟု ရခိုင့္ဦးေဆာင္ပါတီဥကၠ႒ေဒါက္တာေအးေမာင္က NP News ကို မွတ္ခ်က္ျပဳေျပာဆိုထားသည္။

အဂၤလန္ႏိုင္ငံအေနျဖင့္ ျမန္မာ့အေမြအႏွစ္ပစၥည္းမ်ားကို မူလပိုင္ရွင္ျမန္မာထံသို႔ ျပန္လည္ေပးပို႔ရန္ တာဝန္ရွိေၾကာင္းလည္း ေဒါက္တာေအးေမာင္က ဆိုထားသည္။

“ဒီဘက္ကလည္း ေနာင္လာေနာက္သားေတြရဲ႕ အေမြအႏွစ္ျဖစ္တာမိုလို႔ အရကို ေတာင္းသင့္တာေပါ့။ လုပ္ထုံးလုပ္နည္းအတိုင္းပဲ ေတာင္းရမွာေပါ့” ဟု ၎က ဆက္လက္ေျပာဆိုထားသည္။

ျမန္မာ့အေမြအႏွစ္ပစၥည္းမ်ား ျပန္လည္ရရွိေရးအတြက္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရး ပါတီမ်ားအပါအဝင္ ျပည္သူလူထုတစ္ရပ္လုံးမွ ပူးေပါင္းေတာင္းဆိုသင့္ေၾကာင္းလည္း အႀကံျပဳထားသည္။

Picture

ko kyaw Myo Zaw

28/06/2023 14:59

ပြောပြော လိပ်ခေါင်းထွက်အောင်ပြော ကိုယ်နိုင်ငံကသံတမန်တွေကသူများနိုင်ငံမှာပါးစပ်ကပြောဖို့နေနေသာ ဖင်ကတောင်အသံမထွက်တဲ့ဟာတွေ

Related news

© 2021. All rights reserved.