ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၌ ကားတစ်စီး ထန်းပင်အားဝင်တိုက်မိ၍ အမျိုးသား (၁)ဦး သေဆုံး

788
စော (NP News) - ဇွန် ၂၈
ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁၃/၅)မိုင်၌ ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ထန်းပင်အားဝင်တိုက်မိ၍ အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၈ ရက်)၊ နံနက် (၁)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
အဆိုပါယာဉ်သည် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Nissan Vanette အမျိုးအစား ဖြစ်ကြောင်း သိရသည်။
“အရှိန်လွန်ပြီးတော့ လမ်းလယ်ကျွန်းကိုရောက်သွားပြီး ထန်းပင်ကိုဝင်တိုက်တာပါ။ အဲဒီကားပေါ်မှာ အမျိုးသား(၂)ယောက်ပါပါတယ်”ဟု (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်မတော်တဆမှုကြောင့် အမျိုးသား(၂)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ၎င်းတို့အား ဖြူးမြို့ နယ်ပြည်သူ့ဆေးရုံ့သို့ ပို့ဆောင်ထားကြောင်း သိရသည်။
zawgyi version
ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းမႀကီး၌ ကားတစ္စီး ထန္းပင္အားဝင္တိုက္မိ၍ အမ်ိဳးသား (၁)ဦး ေသဆုံး
ေစာ (NP News) - ဇြန္ ၂၈
ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းမႀကီး၊ မိုင္တိုင္အမွတ္(၁၁၃/၅)မိုင္၌ ကားတစ္စီး အရွိန္မထိန္းႏိုင္ဘဲ ထန္းပင္အားဝင္တိုက္မိ၍ အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၂၈ ရက္)၊ နံနက္ (၁)နာရီဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ေၾကာင္း (၁၁၅)မိုင္ အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
အဆိုပါယာဥ္သည္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ ေမာင္းႏွင္လာသည့္ Nissan Vanette အမ်ိဳးအစား ျဖစ္ေၾကာင္း သိရသည္။
“အရွိန္လြန္ၿပီးေတာ့ လမ္းလယ္ကြၽန္းကိုေရာက္သြားၿပီး ထန္းပင္ကိုဝင္တိုက္တာပါ။ အဲဒီကားေပၚမွာ အမ်ိဳးသား(၂)ေယာက္ပါပါတယ္”ဟု (၁၁၅)မိုင္ အျမန္လမ္းမီးသတ္စခန္းထံမွ သိရသည္။
ယာဥ္မေတာ္တဆမႈေၾကာင့္ အမ်ိဳးသား(၂)ဦးအနက္ အမ်ိဳးသား (၁)ဦးေသဆုံးခဲ့ၿပီး ၎တို႔အား ျဖဴးၿမိဳ႕ နယ္ျပည္သူ႔ေဆး႐ုံ႔သို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။