အသက်(၁၅)နှစ်အရွယ် အမျိုုးသမီးတစ်ဦးကို ပြည့်တန်ဆာအဖြစ် အဓ္ဓမခိုင်းစေပြီး လုပ်အားခခေါင်းပုံ ဖြတ်ခဲ့သူ(၂)ဦးကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်

11687

သန့်ဇင် (NP News) - ဇွန် ၂၈
ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင် အသက်မပြည့်သေးသည့် (၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ပြည့် တန်ဆာအဖြစ် အဓ္ဓမခိုင်းစေပြီး လုပ်အားခခေါင်းပုံဖြတ်ခဲ့သူ(၂)ဦးအား အလုပ်နှင့်ထောင်ဒဏ် (၁ဝ)နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါလုပ်အားခခေါင်းပုံဖြတ်ခဲ့သူ(၂)ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်တွင် တွံတေးခရိုင်တရာရုံးမှအလုပ် နှင့် ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်း၊ ဒလမြို့နယ်တွင်နေထိုင်သည့် တရားခံနှစ်ဦးက ၎င်းတို့နှင့် တစ်မြို့နယ်တည်း နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ဦးအား KTVဆိုင်တွင် တစ်လလျှင် ငွေကျပ်သုံးသိန်းခန့်ဖြင့် သန်းရှင်းလုပ်ရမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ အမျိုးသမီးငယ်အား ပြည့်တန်ဆာအိမ်၌ အတင်းအဓ္ဓမ အလုပ်စေခိုင်း၍ လုပ်အားခများကို ခေါင်းပုံဖြတ်ခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သည် အဆိုပါမြို့နယ်နေ စွမ်းရည်မိုးနှင့် မရန်နိုင်(ခ)ရင်ရင်နိုင်တို့ကို ဒလမြို့မရဲစခန်းက (ပ)၂ဝ/၂ဝ၂၃၊ လူကုန်ကူးမှုဖြင့် အမှုဖွင့်ကာ တွံတေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတရားခံနှစ်ဦးအား လူကုန်ကူမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် (၁ဝ)နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
zawgyi version
အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳုးသမီးတစ္ဦးကို ျပည့္တန္ဆာအျဖစ္ အဓၶမခိုင္းေစၿပီး လုပ္အားခေခါင္းပုံ ျဖတ္ခဲ့သူ(၂)ဦးကို အလုပ္ႏွင့္ေထာင္ဒဏ္(၁ဝ)ႏွစ္ခ်မွတ္
သန႔္ဇင္ (NP News) - ဇြန္ ၂၈
ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္တြင္ အသက္မျပည့္ေသးသည့္ (၁၅)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးကို ျပည့္ တန္ဆာအျဖစ္ အဓၶမခိုင္းေစၿပီး လုပ္အားခေခါင္းပုံျဖတ္ခဲ့သူ(၂)ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ (၁ဝ)ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
အဆိုပါလုပ္အားခေခါင္းပုံျဖတ္ခဲ့သူ(၂)ဦးကို ၿပီးခဲ့သည့္ ဇြန္လ ၂၆ ရက္တြင္ တြံေတးခ႐ိုင္တရာ႐ုံးမွအလုပ္ ႏွင့္ ေထာင္ဒဏ္(၁ဝ)ႏွစ္ခ်မွတ္ခဲ့ျခင္းျဖစ္သည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္း၊ ဒလၿမိဳ႕နယ္တြင္ေနထိုင္သည့္ တရားခံႏွစ္ဦးက ၎တို႔ႏွင့္ တစ္ၿမိဳ႕နယ္တည္း ေနထိုင္သည့္ အသက္(၁၅)ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးအား KTVဆိုင္တြင္ တစ္လလွ်င္ ေငြက်ပ္သုံးသိန္းခန႔္ျဖင့္ သန္းရွင္းလုပ္ရမည္ဟုဆိုကာ လိမ္လည္ေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္။
သို႔ေသာ္ အဆိုပါ အမ်ိဳးသမီးငယ္အား ျပည့္တန္ဆာအိမ္၌ အတင္းအဓၶမ အလုပ္ေစခိုင္း၍ လုပ္အားခမ်ားကို ေခါင္းပုံျဖတ္ခဲ့ေၾကာင္းလည္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္ခဲ့သည္ အဆိုပါၿမိဳ႕နယ္ေန စြမ္းရည္မိုးႏွင့္ မရန္ႏိုင္(ခ)ရင္ရင္ႏိုင္တို႔ကို ဒလၿမိဳ႕မရဲစခန္းက (ပ)၂ဝ/၂ဝ၂၃၊ လူကုန္ကူးမႈျဖင့္ အမႈဖြင့္ကာ တြံေတးခ႐ိုင္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တရားခံႏွစ္ဦးအား လူကုန္ကူမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ေထာင္ဒဏ္ (၁ဝ)ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။