အမေရိကန်ကျွန်စနစ်ကြောင့် အာဖရိက တိုင်းရင်းသားမျိုးနွယ်စုအချို့ လူမျိုးသုဉ်းပျောက်ကွယ်ခဲ့

 1106

Htay Oung (NP News) - ဇွန် ၂၉

ဒေါ်နယ်ထရမ့်ဟာ မျိုးရိုးစဉ်ဆက်တစ်လျှောက် ကျေးကျွန်ပိုင်ဆိုင်ခြင်းမရှိတဲ့ တစ်ဦးတည်းသော အသက်ရှင်လျက် ရှိနေဆဲ အမေရိကန်သမ္မတဖြစ်ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်ရတာကလည်း ထရမ့်ရဲ့ ဘိုးဘေးတွေ ဟာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပြီးမှ အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ Business insider ၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် သမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့ဖူးသူတိုင်းဟာ ဒေါ်နယ်ထရမ့် တစ်ယောက်မှ လွဲလျှင် ကျွန်ပိုင်ရှင်ဘိုးဘွားများမှ ဆင်းသက်လာသူတွေဖြစ်နေပါတယ်။

ဒါဟာ အမေရိကန်လွှတ်တော်အမတ်တွေနဲ့ သမ္မတတွေရဲ့ ဘိုးဘေးရာဇဝင်ကို ဆန်းစစ်တဲ့ ရိုက်တာသတင်း အေဂျင်စီရဲ့ ယခုနောက်ဆုံတွေ့ရှိချက်အရဖြစ်ပါတယ်။ သမ္မတများအပြင် တရားရုံးချုပ်တရားသူကြီး နှစ်ဦး၊ အုပ်ချုပ်ရေးမှူး ၁၁ ဦးနဲ့ ကွန်ဂရက်အမတ် ၁ဝဝ တို့ဟာ ကျေးကျွန်ပိုင်ဆိုင်သူများရဲ့တိုက်ရိုက်သားမြေးများဖြစ် ကြောင်း သိရှိရပါတယ်။

၎င်းတို့အနက် အထက်လွှတ်တော်လူနည်းစုဖြစ်နေတဲ့ ရီပတ်ဘလစ်ကင်ခေါင်းဆောင် မစ်ခ်ျ_မက်ကွန်းနဲလ်၊ အထက်လွှတ်တော်အမတ် လင်ဆေး_ဂရာဟမ်၊ ဒီမိုကရက်တစ် ဆန်_အယ်လီဇဘက်_ဝါရင်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွားမြင်ခဲ့ပြီး ဟိုနိုလူလူတွင် ကြီးပြင်းခဲ့သူ အီရတ်စစ်ပြန် အမျိုးသမီး ရဟတ်ယာဉ်မှူးဟောင်း တမ်မီ_ဒတ်ဝါ့သ် တို့လို ပါတီနှစ်ရပ်လုံးမှ ထင်ရှားသူများကို စာရင်းကောက်ယူထားခြင်းဖြစ်ပါတယ်။

အမေရိကန်န်ိုင်ငံရဲ့ပထမဆုံးလူမည်းသမ္မတဖြစ်သူ သမ္မတဟောင်း ဘာရက်_အိုဘားမားသည်ပင်လျှင် သူ့မိသားစုရဲ့ လူဖြူမိခင်ဘက်မှာ ကျွန်ပိုင်ရှင်မိသားစုမှ ဆင်းသက်လာသူဖြစ်နေပါတယ်။

အသက်ရှင်လျက်ရှိနေဆဲ အမေရိကန်သမ္မတများရဲ့ ကျွန်ပိုင်ရှင် ဘိုးဘေးများကို ရိုက်တာက ဆန်းစစ်ခဲ့ရာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် - တိုက်ရိုက်ဘိုးဘေးတစ်ဦး၊ မျိုးဆက်ငါးဆက်အလွန်မှာ ကျွန်တစ်ဦးပိုင်ဆိုင်ခဲ့ကြောင်း၊ ဘားရက် အိုဘားမား - တိုက်ရိုက် ဘိုးဘေးတစ်ဦး၊ မျိုးဆက်ခြောက်ဆက်အလွန် ကျွန်နှစ်ဦးကို ပိုင်ဆိုင်ခဲ့ကြောင်း၊ ဂျော့_ဒဗလျူ_ဘုရှ် (သား_ဘုရှ့်) — တိုက်ရိုက် ဘိုးဘေးတစ်ဦး၊ မျိုးဆက်ခြောက်ဆက်အလွန် ကျေးကွန် ၂၅ ဦးကို ပိုင်ဆိုင်ခဲ့ကြောင်း၊ ဘီလ် ကလင်တန် - တိုက်ရိုက် ဘိုးဘေးတစ်ဦး၊ မျိုးဆက်ငါးဆက်အလွန် ကျေးကျွန် နှစ်ဦးကို ပိုင်ဆိုင်ခဲ့ကြောင်း၊ ဂျင်မီကာတာ- တိုက်ရိုက် ဘိုးဘေးတစ်ဦး၊ မျိုးဆက်လေးဆက်အလွန် ကျွန် ၅၄ ဦးကို ပိုင်ဆိုင်ခဲ့သူဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒေါ်နယ်ထရမ့်တစ်ယောက်ကတော့ သူတို့အထဲမှာ ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ အခြားသမ္မတတွေရဲ့ ဘိုးဘေးတွေဟာ အမေရိကမြေပေါ်မှာ စဉ်ဆက်မပြတ် နေထိုင်လာခဲ့ကြသူများဖြစ်ပေမယ့် ထရမ့်ရဲ့ ဘိုးဘေးများ ကတော့ အမေရိကန်ပြည်ထောင်စုမှာ ကျေးကျွန်စနစ်ဖျက်သိမ်းပြီးနောက် ၁၈၆၅ ခုနှစ်အထိ ရွှေ့ပြောင်းနေထိုင်ခဲ့ ခြင်း မရှိခဲ့ပါဘူး။

တကယ်တော့ သူ့အဘိုးအဘွားများကိုယ်တိုင် အမေရိကန်မှာ မွေးဖွားကြသူများ မဟုတ်ပါ။ ထရမ့် ဖခင်ရဲ့ ဘိုးဘွား များဟာ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းရှိ “ကဲ့စ်ဒက်” မြို့ငယ်လေးမှာ မွေးဖွားခဲ့ပြီး ၁၉ဝဝ ပြည့်လွန်နှစ် စောစော ပိုင်းရောက်မှ အမေရိကန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ထရမ့် မိခင် “မေရီ” ကတော့ စကော့တလန်မှာ မွေးဖွားသူဖြစ်ပါတယ်။

ဒါပေမဲ့ ထရမ့်ဟာ အမေရိကန်နိုင်ငံမှာ ကျေးကျွန်စနစ်ကို ဖျက်သိမ်းခြင်းဟာ (လူဖြူ) မျိုးသုဉ်းမယ့်လမ်းစဉ်သာ ဖြစ်တယ်လို့ (ပြည်တွင်းစစ်ကာလ) မြောက်ပိုင်းပြည်နယ်များကို ပုန်ကန်ခြားနားခဲ့သူ ကွန်ဖက်ဒရိတ်တို့ရဲ့ သင်္ကေတအမှတ်အသားများကို မပျောက်မပျက်ရအောင် ခုခံကာကွယ်ခဲ့တဲ့ သမိုင်းရှည်ကြီး ရှိနေပါတယ်။

ကွန်ဖက်ဒရိတ်စစ်ဗိုလ်ချုပ်များရဲ့အမည်နဲ့ မှည့်ခေါ်ထားတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းများကို ကာကွယ်ရေး ဌာနက အမည်အပြောင်းအလဲပြုလုပ်စဉ် သမ္မတတစ်ဦးရဲ့ အခွင့်အာဏာကိုသုံးစွဲပြီး ဆန့်ကျင် ကန့်ကွက်ခဲ့ဖူးသူ ဖြစ်နေပါတယ်။

ဗာဂျီးနီးယားပြည်နယ် ချာလော့တ်ဗီးလ်မှာ စိုက်ထူထားတဲ့ ကွန်ဖက်ဒရိတ်ဗိုလ်ချုပ်ကြီး “ရောဘတ်_အီး_လီး” ရဲ့ ရုပ်တုကို ၂ဝ၁၇ ခုနှစ် ဖယ်ရှားစဉ် လူဖြူအမျိုးသားရေးဝါဒီ နာဇီလက်သစ်တို့ရဲ့အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား ခြင်းကို “နှစ်ဖက်စလုံးမှာ လူကောင်းတွေ ရှိနေပါတယ်” လို့ ကာကွယ်ပြောဆိုခဲ့တဲ့အတွက် နာမည်ဆိုးထွက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

(ဌာနေတိုင်းရင်းသားတို့ နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ အမေရိကတိုက်မှာ ၁၆ဝ၇ ခုနှစ် ဗြိတိသျှ ကိုလိုနီပြုမှုနဲ့ အမေရိကန်နိုင်ငံ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ ဗြိတိသျှ သရဖူကို ဆန့်ကျင် ပုန်ကန်တဲ့ “အမေရိကန် တော်လှန်ရေး” အပြီး ၁၇၇၆ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ပြည်ထောင်စုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

လူဖြူများပိုင် ကျယ်ဝန်းတဲ့စိုက်ပျိုးမြေပေါ်မှာ အလုပ်သမား လိုအပ်တဲ့အတွက် အာဖရိကတိုက် အနောက်ပိုင်းဒေသ အများစုနေ ဒါးလှံကိုင် လူမည်းများကို ခေတ်မီသေနတ်များနဲ့ တိုက်ခိုက်ဖမ်းဆီးခေါ်ဆောင်လာပြီး ကျွန်အဖြစ် ရိုက်နှက်ခိုင်းစေခဲ့ကြပါတယ်။ လူကို လူချင်း ကျွန်ပြုခြင်းဖြင့် လူဖြူများက ကျိကျတက်ချမ်းသာလာသလာက် ကျွန်ဖြစ် ဖမ်းဆီးခံရသူ လူမည်းများဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ကျော်စဉ် သေဆုံးကြရပြီး အာဖရိက လူနည်းစုအချို့မှာ လူမျိုးသုဉ်း ပျောက်ကွယ်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

၁၅၂၆ ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်ကပင် အမေရိကန်ပြည်နယ်အချို့မှာ ကျွန်စနစ်ရှိနေခဲ့ပြီး ၁၇၇၆ ခုနှစ် အမေရိကန်နိုင်ငံ ပေါ်ပေါက်လာခြင်းနဲ့အတူ ဥပဒေပြဋ္ဌာန်းချက်အရ တရားဝင်ဖြစ်လာခဲ့ပါတယ်။ ဥပဒေအရ ကျွန်ပြုခံရသူသားစဉ်မြေးဆက်ကို ဝယ်-ရောင်း (သို့မဟုတ်) စွန့်လွှတ်နိုင်တဲ့ သက်ရှိအဖြစ်သတ်မှတ်ထားပြီး အလုပ်ခိုင်းစေခွင့်၊ ကိုယ်လက်အင်္ဂါ ရာသက်ပန်ချို့တဲ့သွားတဲ့အထိ ရိုက်နှက်ခွင့် နဲ့ ထွက်ပြေးလျှင် သေဒဏ် ပေးခွင့်အထိ ရှိနေခဲ့ပါတယ်။

ကျွန်စနစ် ဖျက်သိမ်းထားတယ်ဆိုတဲ့ လက်ရှိ အမေရိကန်နိုင်ငံမှာ အာရှိတိုက် လူဝါများ အပါအ၀င် အသားအရောင် ရှိသူများအပေါ် အထင်သေးခွဲခြားဆက်ဆံတဲ့ လူဖြူကြီးစိုးရေးဝါဒ အမြစ်တွယ်နေဆဲဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သူများက ထောက်ပြနေကြပါတယ်။ ဘားရက်အိုဘားမားလို လူမည်းတစ်ယောက်သမ္မတဖြစ်ခြင်းမှာ ကျွန်မျိုးရိုး မဟုတ်သူမှသာ ဖြစ်နိုင်စရာတယ်လို့ ဆိုပါတယ်။

#ဒေါ်နယ်ထရမ့် #ကျွန်ပိုင်ရှင်မျိုးရိုးအမေရိကန်သမ္မတများ

(Business insider., 27 June 2023, “Donald Trump is the only living US president whose ancestors didn't own slaves, report says” ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အေမရိကန္ကြၽန္စနစ္ေၾကာင့္ အာဖရိက တိုင္းရင္းသားမ်ိဳးႏြယ္စုအခ်ိဳ႕ လူမ်ိဳးသုဥ္းေပ်ာက္ကြယ္ခဲ့
Htay Oung (NP News) - ဇြန္ ၂၉

ေဒၚနယ္ထရမ့္ဟာ မ်ိဳး႐ိုးစဥ္ဆက္တစ္ေလွ်ာက္ ေက်းကြၽန္ပိုင္ဆိုင္ျခင္းမရွိတဲ့ တစ္ဦးတည္းေသာ အသက္ရွင္လ်က္ ရွိေနဆဲ အေမရိကန္သမၼတျဖစ္ေၾကာင္း သိရွိရပါတယ္။ ဒါေပမဲ့ အဲဒီလိုျဖစ္ရတာကလည္း ထရမ့္ရဲ႕ ဘိုးေဘးေတြ ဟာ ေက်းကြၽန္စနစ္ကို ဖ်က္သိမ္းၿပီးမွ အေမရိကန္ႏိုင္ငံကို ေရာက္ရွိလာတဲ့အတြက္ေၾကာင့္ျဖစ္တယ္လို႔ Business insider ၂ဝ၂၃ ခုႏွစ္ ဇြန္လ ၂၇ ရက္မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသမိုင္းတစ္ေလွ်ာက္ သမၼတအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးသူတိုင္းဟာ ေဒၚနယ္ထရမ့္ တစ္ေယာက္မွ လြဲလွ်င္ ကြၽန္ပိုင္ရွင္ဘိုးဘြားမ်ားမွ ဆင္းသက္လာသူေတြျဖစ္ေနပါတယ္။

ဒါဟာ အေမရိကန္လႊတ္ေတာ္အမတ္ေတြနဲ႔ သမၼတေတြရဲ႕ ဘိုးေဘးရာဇဝင္ကို ဆန္းစစ္တဲ့ ႐ိုက္တာသတင္း ေအဂ်င္စီရဲ႕ ယခုေနာက္ဆုံေတြ႕ရွိခ်က္အရျဖစ္ပါတယ္။ သမၼတမ်ားအျပင္ တရား႐ုံးခ်ဳပ္တရားသူႀကီး ႏွစ္ဦး၊ အုပ္ခ်ဳပ္ေရးမႉး ၁၁ ဦးနဲ႔ ကြန္ဂရက္အမတ္ ၁ဝဝ တို႔ဟာ ေက်းကြၽန္ပိုင္ဆိုင္သူမ်ားရဲ႕တိုက္႐ိုက္သားေျမးမ်ားျဖစ္ ေၾကာင္း သိရွိရပါတယ္။

၎တို႔အနက္ အထက္လႊတ္ေတာ္လူနည္းစုျဖစ္ေနတဲ့ ရီပတ္ဘလစ္ကင္ေခါင္းေဆာင္ မစ္ခ္်_မက္ကြန္းနဲလ္၊ အထက္လႊတ္ေတာ္အမတ္ လင္ေဆး_ဂရာဟမ္၊ ဒီမိုကရက္တစ္ ဆန္_အယ္လီဇဘက္_ဝါရင္နဲ႔ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ဖြားျမင္ခဲ့ၿပီး ဟိုႏိုလူလူတြင္ ႀကီးျပင္းခဲ့သူ အီရတ္စစ္ျပန္ အမ်ိဳးသမီး ရဟတ္ယာဥ္မႉးေဟာင္း တမ္မီ_ဒတ္ဝါ့သ္ တို႔လို ပါတီႏွစ္ရပ္လုံးမွ ထင္ရွားသူမ်ားကို စာရင္းေကာက္ယူထားျခင္းျဖစ္ပါတယ္။

အေမရိကန္န္ိုင္ငံရဲ႕ပထမဆုံးလူမည္းသမၼတျဖစ္သူ သမၼတေဟာင္း ဘာရက္_အိုဘားမားသည္ပင္လွ်င္ သူ႔မိသားစုရဲ႕ လူျဖဴမိခင္ဘက္မွာ ကြၽန္ပိုင္ရွင္မိသားစုမွ ဆင္းသက္လာသူျဖစ္ေနပါတယ္။

အသက္ရွင္လ်က္ရွိေနဆဲ အေမရိကန္သမၼတမ်ားရဲ႕ ကြၽန္ပိုင္ရွင္ ဘိုးေဘးမ်ားကို ႐ိုက္တာက ဆန္းစစ္ခဲ့ရာ လက္ရွိသမၼတ ဂ်ိဳးဘိုင္ဒင္ - တိုက္႐ိုက္ဘိုးေဘးတစ္ဦး၊ မ်ိဳးဆက္ငါးဆက္အလြန္မွာ ကြၽန္တစ္ဦးပိုင္ဆိုင္ခဲ့ေၾကာင္း၊ ဘားရက္ အိုဘားမား - တိုက္႐ိုက္ ဘိုးေဘးတစ္ဦး၊ မ်ိဳးဆက္ေျခာက္ဆက္အလြန္ ကြၽန္ႏွစ္ဦးကို ပိုင္ဆိုင္ခဲ့ေၾကာင္း၊ ေဂ်ာ့_ဒဗလ်ဴ_ဘုရွ္ (သား_ဘုရွ္႕) — တိုက္႐ိုက္ ဘိုးေဘးတစ္ဦး၊ မ်ိဳးဆက္ေျခာက္ဆက္အလြန္ ေက်းကြန္ ၂၅ ဦးကို ပိုင္ဆိုင္ခဲ့ေၾကာင္း၊ ဘီလ္ ကလင္တန္ - တိုက္႐ိုက္ ဘိုးေဘးတစ္ဦး၊ မ်ိဳးဆက္ငါးဆက္အလြန္ ေက်းကြၽန္ ႏွစ္ဦးကို ပိုင္ဆိုင္ခဲ့ေၾကာင္း၊ ဂ်င္မီကာတာ- တိုက္႐ိုက္ ဘိုးေဘးတစ္ဦး၊ မ်ိဳးဆက္ေလးဆက္အလြန္ ကြၽန္ ၅၄ ဦးကို ပိုင္ဆိုင္ခဲ့သူျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဒါေပမဲ့ ေဒၚနယ္ထရမ့္တစ္ေယာက္ကေတာ့ သူတို႔အထဲမွာ ထူးထူးဆန္းဆန္းျဖစ္ေနပါတယ္။ အျခားသမၼတေတြရဲ႕ ဘိုးေဘးေတြဟာ အေမရိကေျမေပၚမွာ စဥ္ဆက္မျပတ္ ေနထိုင္လာခဲ့ၾကသူမ်ားျဖစ္ေပမယ့္ ထရမ့္ရဲ႕ ဘိုးေဘးမ်ား ကေတာ့ အေမရိကန္ျပည္ေထာင္စုမွာ ေက်းကြၽန္စနစ္ဖ်က္သိမ္းၿပီးေနာက္ ၁၈၆၅ ခုႏွစ္အထိ ေ႐ႊ႕ေျပာင္းေနထိုင္ခဲ့ ျခင္း မရွိခဲ့ပါဘူး။

တကယ္ေတာ့ သူ႔အဘိုးအဘြားမ်ားကိုယ္တိုင္ အေမရိကန္မွာ ေမြးဖြားၾကသူမ်ား မဟုတ္ပါ။ ထရမ့္ ဖခင္ရဲ႕ ဘိုးဘြား မ်ားဟာ ဂ်ာမနီႏိုင္ငံ အေနာက္ေတာင္ပိုင္းရွိ “ကဲ့စ္ဒက္” ၿမိဳ႕ငယ္ေလးမွာ ေမြးဖြားခဲ့ၿပီး ၁၉ဝဝ ျပည့္လြန္ႏွစ္ ေစာေစာ ပိုင္းေရာက္မွ အေမရိကန္ကို ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ၾကပါတယ္။ ထရမ့္ မိခင္ “ေမရီ” ကေတာ့ စေကာ့တလန္မွာ ေမြးဖြားသူျဖစ္ပါတယ္။

ဒါေပမဲ့ ထရမ့္ဟာ အေမရိကန္ႏိုင္ငံမွာ ေက်းကြၽန္စနစ္ကို ဖ်က္သိမ္းျခင္းဟာ (လူျဖဴ) မ်ိဳးသုဥ္းမယ့္လမ္းစဥ္သာ ျဖစ္တယ္လို႔ (ျပည္တြင္းစစ္ကာလ) ေျမာက္ပိုင္းျပည္နယ္မ်ားကို ပုန္ကန္ျခားနားခဲ့သူ ကြန္ဖက္ဒရိတ္တို႔ရဲ႕ သေကၤတအမွတ္အသားမ်ားကို မေပ်ာက္မပ်က္ရေအာင္ ခုခံကာကြယ္ခဲ့တဲ့ သမိုင္းရွည္ႀကီး ရွိေနပါတယ္။

ကြန္ဖက္ဒရိတ္စစ္ဗိုလ္ခ်ဳပ္မ်ားရဲ႕အမည္နဲ႔ မွည့္ေခၚထားတဲ့ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားကို ကာကြယ္ေရး ဌာနက အမည္အေျပာင္းအလဲျပဳလုပ္စဥ္ သမၼတတစ္ဦးရဲ႕ အခြင့္အာဏာကိုသုံးစြဲၿပီး ဆန္႔က်င္ ကန္႔ကြက္ခဲ့ဖူးသူ ျဖစ္ေနပါတယ္။

ဗာဂ်ီးနီးယားျပည္နယ္ ခ်ာေလာ့တ္ဗီးလ္မွာ စိုက္ထူထားတဲ့ ကြန္ဖက္ဒရိတ္ဗိုလ္ခ်ဳပ္ႀကီး “ေရာဘတ္_အီး_လီး” ရဲ႕ ႐ုပ္တုကို ၂ဝ၁၇ ခုႏွစ္ ဖယ္ရွားစဥ္ လူျဖဴအမ်ိဳးသားေရးဝါဒီ နာဇီလက္သစ္တို႔ရဲ႕အၾကမ္းဖက္တိုက္ခိုက္မႈ ျဖစ္ပြား ျခင္းကို “ႏွစ္ဖက္စလုံးမွာ လူေကာင္းေတြ ရွိေနပါတယ္” လို႔ ကာကြယ္ေျပာဆိုခဲ့တဲ့အတြက္ နာမည္ဆိုးထြက္ခဲ့ဖူးသူ ျဖစ္ပါတယ္။

(ဌာေနတိုင္းရင္းသားတို႔ ႏွစ္ေထာင္ေပါင္းမ်ားစြာ ေနထိုင္လာခဲ့ၾကတဲ့ အေမရိကတိုက္မွာ ၁၆ဝ၇ ခုႏွစ္ ၿဗိတိသွ် ကိုလိုနီျပဳမႈနဲ႔ အေမရိကန္ႏိုင္ငံ စတင္ျဖစ္ေပၚလာခဲ့ပါတယ္။ ၿဗိတိသွ် သရဖူကို ဆန္႔က်င္ ပုန္ကန္တဲ့ “အေမရိကန္ ေတာ္လွန္ေရး” အၿပီး ၁၇၇၆ ခုႏွစ္ ဇူလိုင္လ ၄ ရက္ေန႔မွာ ျပည္ေထာင္စုအျဖစ္ ျပင္ဆင္ဖြဲ႕စည္းခဲ့ပါတယ္။

လူျဖဴမ်ားပိုင္ က်ယ္ဝန္းတဲ့စိုက္ပ်ိဳးေျမေပၚမွာ အလုပ္သမား လိုအပ္တဲ့အတြက္ အာဖရိကတိုက္ အေနာက္ပိုင္းေဒသ အမ်ားစုေန ဒါးလွံကိုင္ လူမည္းမ်ားကို ေခတ္မီေသနတ္မ်ားနဲ႔ တိုက္ခိုက္ဖမ္းဆီးေခၚေဆာင္လာၿပီး ကြၽန္အျဖစ္ ႐ိုက္ႏွက္ခိုင္းေစခဲ့ၾကပါတယ္။ လူကို လူခ်င္း ကြၽန္ျပဳျခင္းျဖင့္ လူျဖဴမ်ားက က်ိက်တက္ခ်မ္းသာလာသလာက္ ကြၽန္ျဖစ္ ဖမ္းဆီးခံရသူ လူမည္းမ်ားဟာ အတၱလန္တိတ္သမုဒၵရာကို ျဖတ္ေက်ာ္စဥ္ ေသဆုံးၾကရၿပီး အာဖရိက လူနည္းစုအခ်ိဳ႕မွာ လူမ်ိဳးသုဥ္း ေပ်ာက္ကြယ္တဲ့အထိ ျဖစ္ခဲ့ရပါတယ္။

၁၅၂၆ ခုႏွစ္ ၿဗိတိသွ်ကိုလိုနီလက္ထက္ကပင္ အေမရိကန္ျပည္နယ္အခ်ိဳ႕မွာ ကြၽန္စနစ္ရွိေနခဲ့ၿပီး ၁၇၇၆ ခုႏွစ္ အေမရိကန္ႏိုင္ငံ ေပၚေပါက္လာျခင္းနဲ႔အတူ ဥပေဒျပ႒ာန္းခ်က္အရ တရားဝင္ျဖစ္လာခဲ့ပါတယ္။ ဥပေဒအရ ကြၽန္ျပဳခံရသူသားစဥ္ေျမးဆက္ကို ဝယ္-ေရာင္း (သို႔မဟုတ္) စြန္႔လႊတ္ႏိုင္တဲ့ သက္ရွိအျဖစ္သတ္မွတ္ထားၿပီး အလုပ္ခိုင္းေစခြင့္၊ ကိုယ္လက္အဂၤါ ရာသက္ပန္ခ်ိဳ႕တဲ့သြားတဲ့အထိ ႐ိုက္ႏွက္ခြင့္ နဲ႔ ထြက္ေျပးလွ်င္ ေသဒဏ္ ေပးခြင့္အထိ ရွိေနခဲ့ပါတယ္။

ကြၽန္စနစ္ ဖ်က္သိမ္းထားတယ္ဆိုတဲ့ လက္ရွိ အေမရိကန္ႏိုင္ငံမွာ အာရွိတိုက္ လူဝါမ်ား အပါအ၀င္ အသားအေရာင္ ရွိသူမ်ားအေပၚ အထင္ေသးခြဲျခားဆက္ဆံတဲ့ လူျဖဴႀကီးစိုးေရးဝါဒ အျမစ္တြယ္ေနဆဲျဖစ္ေၾကာင္း ႏိုင္ငံေရးေလ့လာ သူမ်ားက ေထာက္ျပေနၾကပါတယ္။ ဘားရက္အိုဘားမားလို လူမည္းတစ္ေယာက္သမၼတျဖစ္ျခင္းမွာ ကြၽန္မ်ိဳး႐ိုး မဟုတ္သူမွသာ ျဖစ္ႏိုင္စရာတယ္လို႔ ဆိုပါတယ္။

#ေဒၚနယ္ထရမ့္ #ကြၽန္ပိုင္ရွင္မ်ိဳး႐ိုးအေမရိကန္သမၼတမ်ား

(Business insider., 27 June 2023, “Donald Trump is the only living US president whose ancestors didn't own slaves, report says” ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.