ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ အိမ်ငှားဈေးကွက် ကောင်းမွန်နေ

 1446

NP News - ဇွန် ၂၉

ယခု ဇွန်လ နောက်ဆုံးပတ်အတွင်း ရန်ကုန် အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက် ခပ်သွက်သွက်ဖြစ်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

ငှားရမ်းမှုအများဆုံးမြို့နယ်များသည် သင်္ဃန်ကျွန်း၊ သာကေတ၊ ဒေါပုံ၊ လှိုင်၊ ကမာရွတ်၊ ဆင်ခြေဖုန်းမြို့နယ်များဖြစ်သည့် ဒဂုံလေးမြို့နယ် နှင့် ရွှေပေါက်က္ကံ ၊ ရွှေပြည်သာ ၊ လှိုင်သာယာမြို့နယ်များဖြစ် ကြောင်းသိရသည်။

"လက်ရှိ အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်လည်း အနည်းငယ်ဖြစ်လာနေတယ်။ သိန်းထောင်ချီတဲ့ အိမ်တွေ အနည်းအကျဉ်း အရောင်းအဝယ်ဖြစ်တယ်။ အိမ်ခြံမြေဈေးကွက်ထဲ လက်ရှိကာလမှာကတော့အရောင်းအဝယ်ဖြစ်တာထက် အငှားကတော့ ပိုဖြစ်လာတယ်။ နှစ်တိုင်းကဒီလိုပဲ ဝါမဝင်ခင် အိမ်အပြောင်း အရွှေ့အတွက် ဒီကာလအငှားပိုလိုက်တယ်။ ဝါဝင်ပြီးရင်တော့ အနည်းဆုံ သုံးလေးလကတော့ အငှားဈေးကွက်လည်း ပြန်အေးသွားတတ်တယ်"ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။

မြို့တွင်းမြို့နယ်များအနေဖြင့် အိမ်အငှားခဈေးနှုန်း ပိုမိုမြင့်မားပြီး မြို့အစွန်ပိုင်း မြို့နယ်တွင် အိမ်ငှားရမ်းခ သက်သာမှုရှိကြောင်းသိရသည်။

လက်ရှိ အိမ်အငှားဈေးကွက်တွင် ယခင်က ငွေကျပ်(၁)သိန်းအောက်ဈေးရှိနေသည့် အငှားခန်းများသည် လက်ရှိတွင် ငွေကျပ် (၂)သိန်းဝန်းကျင်မှ (၃)သိန်းကြားအထိ ဈေးတက်လာပြီး အမြင့်ဆုံးအငှားဈေးနှုန်းသည် ငွေကျပ် (၅)သိန်းမှ သိန်းဆယ်ချီအထိ ရှိနေကြောင်းသိရသည်။

zawgyi version
ရန္ကုန္ အိမ္ၿခံေျမေဈးကြက္၌ အိမ္ငွားေဈးကြက္ ေကာင္းမြန္ေန
NP News - ဇြန္ ၂၉

ယခု ဇြန္လ ေနာက္ဆုံးပတ္အတြင္း ရန္ကုန္ အိမ္ၿခံေျမေဈးကြက္အတြင္း အငွားေဈးကြက္ ခပ္သြက္သြက္ျဖစ္လာေၾကာင္း အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားထံမွ သိရသည္။

ငွားရမ္းမႈအမ်ားဆုံးၿမိဳ႕နယ္မ်ားသည္ သဃၤန္ကြၽန္း၊ သာေကတ၊ ေဒါပုံ၊ လႈိင္၊ ကမာ႐ြတ္၊ ဆင္ေျခဖုန္းၿမိဳ႕နယ္မ်ားျဖစ္သည့္ ဒဂုံေလးၿမိဳ႕နယ္ ႏွင့္ ေ႐ႊေပါက္ကၠံ ၊ ေ႐ႊျပည္သာ ၊ လႈိင္သာယာၿမိဳ႕နယ္မ်ားျဖစ္ ေၾကာင္းသိရသည္။

"လက္ရွိ အိမ္ၿခံေျမေဈးကြက္က အေရာင္းအဝယ္လည္း အနည္းငယ္ျဖစ္လာေနတယ္။ သိန္းေထာင္ခ်ီတဲ့ အိမ္ေတြ အနည္းအက်ဥ္း အေရာင္းအဝယ္ျဖစ္တယ္။ အိမ္ၿခံေျမေဈးကြက္ထဲ လက္ရွိကာလမွာကေတာ့အေရာင္းအဝယ္ျဖစ္တာထက္ အငွားကေတာ့ ပိုျဖစ္လာတယ္။ ႏွစ္တိုင္းကဒီလိုပဲ ဝါမဝင္ခင္ အိမ္အေျပာင္း အေ႐ႊ႕အတြက္ ဒီကာလအငွားပိုလိုက္တယ္။ ဝါဝင္ၿပီးရင္ေတာ့ အနည္းဆုံ သုံးေလးလကေတာ့ အငွားေဈးကြက္လည္း ျပန္ေအးသြားတတ္တယ္"ဟု အိမ္ၿခံေျမအက်ိဳးေဆာင္တစ္ဦးက ေျပာသည္။

ၿမိဳ႕တြင္းၿမိဳ႕နယ္မ်ားအေနျဖင့္ အိမ္အငွားခေဈးႏႈန္း ပိုမိုျမင့္မားၿပီး ၿမိဳ႕အစြန္ပိုင္း ၿမိဳ႕နယ္တြင္ အိမ္ငွားရမ္းခ သက္သာမႈရွိေၾကာင္းသိရသည္။

လက္ရွိ အိမ္အငွားေဈးကြက္တြင္ ယခင္က ေငြက်ပ္(၁)သိန္းေအာက္ေဈးရွိေနသည့္ အငွားခန္းမ်ားသည္ လက္ရွိတြင္ ေငြက်ပ္ (၂)သိန္းဝန္းက်င္မွ (၃)သိန္းၾကားအထိ ေဈးတက္လာၿပီး အျမင့္ဆုံးအငွားေဈးႏႈန္းသည္ ေငြက်ပ္ (၅)သိန္းမွ သိန္းဆယ္ခ်ီအထိ ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.