လာမည့်ပညာသင်နှစ်တွင် ကုန်သွယ်ရေကြောင်းကောလိပ်အတွက် အရာရှိလောင်း သင်တန်းသား(၃ဝဝ) ခေါ်ယူသွားမည်

1656

စော (NP News) - ဇူလိုင် ၁
လာမည့် ပညာသင်နှစ် (၂ဝ၂၄-၂ဝ၂၅)ခုနှစ်တွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်အတွက် အရာရှိလောင်းသင်တန်းသား(၃ဝဝ)ကို ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ ယမန်နေ့ (ဇွန်လ ၃ဝ ရက်) တွင် အထက်ပါကဲ့သို့အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါအရာရှိသင်တန်းသား(၃ဝဝ)အနက် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းသား(၁၃ဝ)ဦး၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းသင်တန်းသား(၁၃ဝ)ဦးနှင့် ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းသား(၄ဝ)ဦးကို ခေါ်ယူလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၇)ကို လာမည့် (၂ဝ၂၄)ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကုန် သွယ်ရေကြောင်းအရာရှိလောင်းသင်တန်း၊ ကုန်သွယ်ရေကြောင်း အင်ဂျင်နီယာအရာရှိလောင်းသင်တန်းနှင့် ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် တက္ကသိုလ်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သောဘာသာတွဲများဖြင့် အောင်မြင်ရမည်ဖြစ်ပြီး စုစုပေါင်းရမှတ်အနည်းဆုံး(၄ဝဝ)ရရှိရန်လိုအပ်ကြောင်း သိရသည်။
ထို့ပြင် လျှောက်ထားလိုသူများအနေဖြင့် (၂ဝ၂၃)ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်တွင် အသက်(၁၉)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါသင်တန်းများသည် သင်တန်းကာလ(၂)နှစ်စီကြာမြင့်မည်ဖြစ်ကြောင်းသိရပြီး လျှောက်လွှာများကို ဇူလိုင်လ(၇)ရက်မှ စက်တင်ဘာလ(၁)ရက်အထိ လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

zawgyi version
လာမည့္ပညာသင္ႏွစ္တြင္ ကုန္သြယ္ေရေၾကာင္းေကာလိပ္အတြက္ အရာရွိေလာင္း သင္တန္းသား(၃ဝဝ) ေခၚယူသြားမည္
ေစာ (NP News) - ဇူလိုင္ ၁
လာမည့္ ပညာသင္ႏွစ္ (၂ဝ၂၄-၂ဝ၂၅)ခုႏွစ္တြင္ ျမန္မာႏိုင္ငံ ကုန္သြယ္ေရေၾကာင္း ေကာလိပ္အတြက္ အရာရွိေလာင္းသင္တန္းသား(၃ဝဝ)ကို ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ကုန္သြယ္ေရေၾကာင္း ေကာလိပ္မွ ယမန္ေန႔ (ဇြန္လ ၃ဝ ရက္) တြင္ အထက္ပါကဲ့သို႔အသိေပးေၾကညာထားျခင္းျဖစ္သည္။
အဆိုပါအရာရွိသင္တန္းသား(၃ဝဝ)အနက္ ကုန္သြယ္ေရေၾကာင္းအရာရွိေလာင္းသင္တန္းသား(၁၃ဝ)ဦး၊ ကုန္သြယ္ေရေၾကာင္း အင္ဂ်င္နီယာအရာရွိေလာင္းသင္တန္းသား(၁၃ဝ)ဦးႏွင့္ ေရေၾကာင္းလွ်ပ္စစ္နည္းပညာအရာရွိေလာင္းသင္တန္းသား(၄ဝ)ဦးကို ေခၚယူလက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
အရာရွိေလာင္း ဒီပလိုမာသင္တန္း အမွတ္စဥ္(၁၇)ကို လာမည့္ (၂ဝ၂၄)ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ကုန္ သြယ္ေရေၾကာင္းအရာရွိေလာင္းသင္တန္း၊ ကုန္သြယ္ေရေၾကာင္း အင္ဂ်င္နီယာအရာရွိေလာင္းသင္တန္းႏွင့္ ေရေၾကာင္းလွ်ပ္စစ္နည္းပညာအရာရွိေလာင္းသင္တန္းမ်ားကို ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားလိုသူမ်ားသည္ တကၠသိုလ္စာေမးပြဲတြင္ ႐ူပေဗဒ၊ ဓာတုေဗဒဘာသာရပ္မ်ား ပါဝင္ေသာဘာသာတြဲမ်ားျဖင့္ ေအာင္ျမင္ရမည္ျဖစ္ၿပီး စုစုေပါင္းရမွတ္အနည္းဆုံး(၄ဝဝ)ရရွိရန္လိုအပ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ (၂ဝ၂၃)ခုႏွစ္၊ ဒီဇင္ဘာလ(၃၁)ရက္တြင္ အသက္(၁၉)ႏွစ္ထက္ မေက်ာ္လြန္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါသင္တန္းမ်ားသည္ သင္တန္းကာလ(၂)ႏွစ္စီၾကာျမင့္မည္ျဖစ္ေၾကာင္းသိရၿပီး ေလွ်ာက္လႊာမ်ားကို ဇူလိုင္လ(၇)ရက္မွ စက္တင္ဘာလ(၁)ရက္အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။