အကြောင်းအမျိုးမျိုးကြောင့် (၁ဝ)တန်းစနစ်ဟောင်း မတက်ရသေးသူများအနေဖြင့် သင်ရိုးသစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုနိုင်

4914

ယွန်း (NP News) - ဇူလိုင် ၂
စနစ်ဟောင်းဖြင့် သင်ကြားခဲ့သည့် (၁ဝ)တန်းကို အကြောင်းအမျိုးမျိုးကြောင့် မတက်ရသေးသူများအနေဖြင့် သင်ရိုးသစ်ဖြင့် သင်ကြားနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ကြောင်း နစကမှ အသိပေးပြောဆိုထားသည်။
နစကမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုထားခြင်းဖြစ်သည်။
စနစ်ဟောင်းဖြင့် သင်ကြားခဲ့သည့် (၉)တန်းစာမေးပွဲကို အောင်မြင်ပြီးသော်လည်း အကြောင်း အမျိုးမျိုးကြောင့် စနစ်ဟောင်း(၁ဝ)တန်းကို မတက်ရောက်ရသေးသော ကျောင်းသား၊ ကျောင်းသူများရှိနေကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အတွက် စနစ်ဟောင်းအတန်းများမရှိတော့ဘဲ သင်ရိုးသစ်ဖြင့် သင်ကြားနေသည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ ပြင်ပတွင်စာများလေ့လာ၍ ဝင်ရောက်ဖြေဆိုနိုင်ကြောင်း နစကမှ အသိပေးပြောဆိုထားသည်။
အလားတူ (၁ဝ)တန်းစနစ်ဟောင်းကို ဝင်ရောက်ဖြေဆိုပြီး ကျရှုံးခဲ့သော ကျောင်းသားများအနေဖြင့်လည်း ကျောင်းဆက်လက်တက်ရောက်ခွင့်ရှိမည် မဟုတ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ကိုယ်တိုင်လေ့လာ၍ဖြစ်စေ၊ ပြင်ပသင်တန်းများတက်ရောက်၍ ဖြစ်စေ လေ့လာသင်ယူပြီး Grade-12 သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောဆိုထားသည်။
ပြီးခဲ့သည့် စနစ်ဟောင်းတက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကာ မတ်လ (၁၈) ရက်အထိ ကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း(၁၆၁၈၅ဝ)ဦး ရှိခဲ့ရာ အောင်မြင်သူ (၁ဝ၉၈၅၁)ဦး ရှိခဲ့ခြင်းကြောင့် အောင်ချက်ရာခိုင်နှုန်းသည် (၆၇ ဒသမ ၈၇) ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
ယင်းစာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူအများဆုံးဖြင့်စုစုပေါင်း(၂၃၈ဝ၇)ဦးရှိခဲ့ကာ အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၆၄ ဒသမ ၂ဝ) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

zawgyi version
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ (၁ဝ)တန္းစနစ္ေဟာင္း မတက္ရေသးသူမ်ားအေနျဖင့္ သင္႐ိုးသစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ ဝင္ေရာက္ေျဖဆိုႏိုင္
ယြန္း (NP News) - ဇူလိုင္ ၂
စနစ္ေဟာင္းျဖင့္ သင္ၾကားခဲ့သည့္ (၁ဝ)တန္းကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မတက္ရေသးသူမ်ားအေနျဖင့္ သင္႐ိုးသစ္ျဖင့္ သင္ၾကားေနသည့္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ဝင္ေရာက္ေျဖဆိုႏိုင္ေၾကာင္း နစကမွ အသိေပးေျပာဆိုထားသည္။
နစကမွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ မီဒီယာမ်ားကို အထက္ပါကဲ့သို႔ အသိေပးေျပာဆိုထားျခင္းျဖစ္သည္။
စနစ္ေဟာင္းျဖင့္ သင္ၾကားခဲ့သည့္ (၉)တန္းစာေမးပြဲကို ေအာင္ျမင္ၿပီးေသာ္လည္း အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စနစ္ေဟာင္း(၁ဝ)တန္းကို မတက္ေရာက္ရေသးေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားရွိေနေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အတြက္ စနစ္ေဟာင္းအတန္းမ်ားမရွိေတာ့ဘဲ သင္႐ိုးသစ္ျဖင့္ သင္ၾကားေနသည့္ တကၠသိုလ္ဝင္စာေမးပြဲ၌ ျပင္ပတြင္စာမ်ားေလ့လာ၍ ဝင္ေရာက္ေျဖဆိုႏိုင္ေၾကာင္း နစကမွ အသိေပးေျပာဆိုထားသည္။
အလားတူ (၁ဝ)တန္းစနစ္ေဟာင္းကို ဝင္ေရာက္ေျဖဆိုၿပီး က်ရႈံးခဲ့ေသာ ေက်ာင္းသားမ်ားအေနျဖင့္လည္း ေက်ာင္းဆက္လက္တက္ေရာက္ခြင့္ရွိမည္ မဟုတ္ေၾကာင္း သိရသည္။
၎တို႔အေနျဖင့္ ကိုယ္တိုင္ေလ့လာ၍ျဖစ္ေစ၊ ျပင္ပသင္တန္းမ်ားတက္ေရာက္၍ ျဖစ္ေစ ေလ့လာသင္ယူၿပီး Grade-12 သင္႐ိုးသစ္ တကၠသိုလ္ဝင္ခြင့္ စာေမးပြဲကို ဝင္ေရာက္ေျဖဆိုခြင့္ျပဳမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေျပာဆိုထားသည္။
ၿပီးခဲ့သည့္ စနစ္ေဟာင္းတကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွစတင္ကာ မတ္လ (၁၈) ရက္အထိ က်င္းပခဲ့ၿပီး ဝင္ေရာက္ေျဖဆိုသူ စုစုေပါင္း(၁၆၁၈၅ဝ)ဦး ရွိခဲ့ရာ ေအာင္ျမင္သူ (၁ဝ၉၈၅၁)ဦး ရွိခဲ့ျခင္းေၾကာင့္ ေအာင္ခ်က္ရာခိုင္ႏႈန္းသည္ (၆၇ ဒသမ ၈၇) ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း သိရသည္။
ယင္းစာေမးပြဲကို ရန္ကုန္တိုင္းေဒသႀကီးမွ ဝင္ေရာက္ေျဖဆိုသူအမ်ားဆုံးျဖင့္စုစုေပါင္း(၂၃၈ဝ၇)ဦးရွိခဲ့ကာ ေအာင္ခ်က္ရာခိုင္ႏႈန္းအေနျဖင့္ (၆၄ ဒသမ ၂ဝ) ရာခိုင္ႏႈန္း ရွိေၾကာင္း သိရသည္။