ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးက ဆိုင်ကယ်ဖြင့် လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိခဲ့သည့်အတွက် ပွဲချင်းပြီးသေဆုံး

825

ဂျန်ဇက် (NP News) - ဇူလိုင် ၅
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ဇူလိုင် ၄ ရက်က ချွန်ဘူရီပြည်နယ် Bang Lamung ဒေသရှိ Soi Nong Sadao လမ်းမကြီးနားတွင် အက်ဆီးဒန့်ဖြစ်ပွားခဲ့ပြီးနောက် ပွဲချင်းပြီး သေဆုံးသွားခဲ့ ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
Bang Lamung ရဲစခန်းမှ ရဲမှူး Takonkiat Umong ဦးဆောင်သောရဲတပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်အက်ဆီးဒန့် ဖြစ်ပွားသည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် Soi Nong Sadao လမ်းကိုသွားရောက်စစ်ဆေးခဲ့ရာ အသက် ၃ဝ အရွယ်ရှိ မြန်မာနိုင်ငံသားတစ်ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ပြောသည်။
မြန်မာနိုင်ငံသား ခိုင်လင်းအောင်သည် Bang Lamung ဒေသရှိ စာသင်ကျောင်းတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးဖြစ်ပြီး Honda Wave 125 i အမျိုးအစား အနက်ရောင်ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းနှင်လာ ချိန်အတွင်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဓါတ်တိုင်ကို ဝင်တိုက်မိကာ ဦးခေါင်းကွဲပြီး သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ခိုင်းလင်းအောင် အဆိုပါဆိုင်ကယ်အက်ဆီးဒန့်မဖြစ်ပွားခင် သူငယ်ချင်းများနှင့်အတူ အရက်သောက်နေခဲ့ကြောင်း၊ အရက်သောက်ပြီးနောက် ဆိုင်ကယ်ဖြင့် ပြန်ချိန်တွင် လမ်းတွင် အက်ဆီးဒန့်ဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ကြောင်း၊ ဆိုင်ကယ်ဖြင့် အိမ်သို့ စောစီးစွာမပြန်ရန် ပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိဘဲ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ မြန်မာနိုင်ငံသား သူငယ်ချင်းများက ပြောသည်။
ခိုင်းလင်းအောင်သည် အရက်သောက်ပြီးနောက် ဆိုင်ကယ်ဖြင့် ပြန်သွားချိန်အတွင်း ဆိုင်ကယ်ကို အရှိန်မြင့် မောင်းနှင်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့အရက်သောက်သုံးသည့် အိမ်နားတွင် နေထိုင်သောမျက်မြင်သက်သေ တစ်ဦး က ပြောသည်။

Zawgyi Version;
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားတစ္ဦးက ဆိုင္ကယ္ျဖင့္ လမ္းေဘးဓါတ္တိုင္ကို ဝင္တိုက္မိခဲ့သည့္အတြက္ ပြဲခ်င္းၿပီးေသဆုံး
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅
ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ေနေသာ ျမန္မာႏိုင္ငံသားတစ္ဦးသည္ ဇူလိုင္ ၄ ရက္က ခြၽန္ဘူရီျပည္နယ္ Bang Lamung ေဒသရွိ Soi Nong Sadao လမ္းမႀကီးနားတြင္ အက္ဆီးဒန႔္ျဖစ္ပြားခဲ့ၿပီးေနာက္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္လိုက္သည္။
Bang Lamung ရဲစခန္းမွ ရဲမႉး Takonkiat Umong ဦးေဆာင္ေသာရဲတပ္ဖြဲ႕ဝင္မ်ားသည္ ဆိုင္ကယ္အက္ဆီးဒန႔္ ျဖစ္ပြားသည္ဆိုေသာ သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ Soi Nong Sadao လမ္းကိုသြားေရာက္စစ္ေဆးခဲ့ရာ အသက္ ၃ဝ အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားတစ္ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း ေျပာသည္။
ျမန္မာႏိုင္ငံသား ခိုင္လင္းေအာင္သည္ Bang Lamung ေဒသရွိ စာသင္ေက်ာင္းတြင္ အလုပ္လုပ္ေနေသာ အလုပ္သမားတစ္ဦးျဖစ္ၿပီး Honda Wave 125 i အမ်ိဳးအစား အနက္ေရာင္ဆိုင္ကယ္ကို အရွိန္ျဖင့္ ေမာင္းႏွင္လာ ခ်ိန္အတြင္း အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိ ဓါတ္တိုင္ကို ဝင္တိုက္မိကာ ဦးေခါင္းကြဲၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။
ခိုင္းလင္းေအာင္ အဆိုပါဆိုင္ကယ္အက္ဆီးဒန႔္မျဖစ္ပြားခင္ သူငယ္ခ်င္းမ်ားႏွင့္အတူ အရက္ေသာက္ေနခဲ့ေၾကာင္း၊ အရက္ေသာက္ၿပီးေနာက္ ဆိုင္ကယ္ျဖင့္ ျပန္ခ်ိန္တြင္ လမ္းတြင္ အက္ဆီးဒန႔္ျဖစ္ပြားခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း၊ ဆိုင္ကယ္ျဖင့္ အိမ္သို႔ ေစာစီးစြာမျပန္ရန္ ေျပာဆိုခဲ့ေသာ္လည္း လက္ခံျခင္းမရွိဘဲ ျပန္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎၏ ျမန္မာႏိုင္ငံသား သူငယ္ခ်င္းမ်ားက ေျပာသည္။
ခိုင္းလင္းေအာင္သည္ အရက္ေသာက္ၿပီးေနာက္ ဆိုင္ကယ္ျဖင့္ ျပန္သြားခ်ိန္အတြင္း ဆိုင္ကယ္ကို အရွိန္ျမင့္ ေမာင္းႏွင္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎တို႔အရက္ေသာက္သုံးသည့္ အိမ္နားတြင္ ေနထိုင္ေသာမ်က္ျမင္သက္ေသတစ္ဦး က ေျပာသည္။