ပြည်တွင်း၌ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လာရောက်လျှောက်ထားသူ (၅ဝ,ဝဝဝ) ကျော်ရှိလာ

 735

NP News - ဇူလိုင် ၇

မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ကို တရားဝင်စတင်လိုက်သည့် ၂ဝ၂၃ ခုနှစ် ဧပြီလ ၂၆ ရက်မှ လက်ရှိအချိန်အထိ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် လာရောက်လျှောက်ထားသူ (၅ဝ,ဝဝဝ)ကျော်ရှိလာကြောင်း မူပိုင်ခွင့်ဦးစီးဌာနမှ သိရသည်။

မူပိုင်ခွင့်ဦးစီးဌာနအနေဖြင့် ပြည်တွင်းပြည်ပ၌ရှိနေသည့် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်အမှတ်တံဆိပ်များ၊ ထုတ်ကုန်အမှတ်တံဆိပ်များ၊ နည်းပညာနှင့်ဒီဇိုင်းဆိုင်ရာ အမှတ်တံဆိပ်များ၊ စာပေအနုပညာဆိုင်ရာ အမှတ်တံဆိပ်များကို အကာအကွယ်ပေးနိုင်ရန်အတွက် မူပိုင်ခွင့်ဥပဒေများကို ယခုနှစ်မှစတင်ကာ ပြဋ္ဌာန်းထားကြောင်းသိရသည်။

မူပိုင်ခွင့်ဥပဒေ (၄)ခုအနက် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ အာဏာသက်ဝင်ပြီးနောက် တွင် တရားဝင်စတင် လက်ခံဆောင်ရွက်လျက်ရှိရာ Online မှ လျှောက်ထားသူနှင့် ရုံးသို့လာရောက်လျှောက်ထားသူ စုစုပေါင်း (၅ဝ,ဝဝဝ)ကျော် ရှိကြောင်း သိရသည်။

၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေများကို အာဏာသက်ဝင်နိုင်ရန်အတွက် စီမံချက်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အမှတ်တံဆိပ်မူပိုင်ခွင့် ရရှိနိုင်ရန် မူပိုင်ခွင့်ကိုယ်စားလှယ်ဖြစ်သည့် အေးဂျင့်များမှတစ်ဆင့် လျှောက်ထားနိုင်ပြီး အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်တိုင်လည်း လာရောက်လျှောက်ထားနိုင်ကြောင်းသိရသည်။

ထို့ပြင် ထီထွင်မှု မူပိုင်ခွင့်ဥပဒေကို ၂ဝ၂၄ ခုနှစ် ဧပြီလတွင် အာဏာသက်ဝင်နိုင်ရန်အတွက် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အာဆီယံစီးပွားရေးအသိုက်အဝန်းဖော်ဆောင်မှုအရ မှုပိုင်ခွင့်ဆိုင်ရာ ဥပဒေများနှင့်လုပ်ငန်းစဉ်များအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး စီးပွားရေးအရ အဓိကအရေးပါသော လုပ်ငန်းစဉ်ဖြစ်ကြောင်းသိရသည်။

zawgyi version
ျပည္တြင္း၌ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ လာေရာက္ေလွ်ာက္ထားသူ (၅ဝ,ဝဝဝ)ေက်ာ္ရွိလာ
NP News - ဇူလိုင္ ၇

ျမန္မာႏိုင္ငံတြင္ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ကို တရားဝင္စတင္လိုက္သည့္ ၂ဝ၂၃ ခုႏွစ္ ဧၿပီလ ၂၆ ရက္မွ လက္ရွိအခ်ိန္အထိ ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ လာေရာက္ေလွ်ာက္ထားသူ (၅ဝ,ဝဝဝ)ေက်ာ္ရွိလာေၾကာင္း မူပိုင္ခြင့္ဦးစီးဌာနမွ သိရသည္။

မူပိုင္ခြင့္ဦးစီးဌာနအေနျဖင့္ ျပည္တြင္းျပည္ပ၌ရွိေနသည့္ ရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ ကုန္အမွတ္တံဆိပ္မ်ား၊ ထုတ္ကုန္အမွတ္တံဆိပ္မ်ား၊ နည္းပညာႏွင့္ဒီဇိုင္းဆိုင္ရာ အမွတ္တံဆိပ္မ်ား၊ စာေပအႏုပညာဆိုင္ရာ အမွတ္တံဆိပ္မ်ားကို အကာအကြယ္ေပးႏိုင္ရန္အတြက္ မူပိုင္ခြင့္ဥပေဒမ်ားကို ယခုႏွစ္မွစတင္ကာ ျပ႒ာန္းထားေၾကာင္းသိရသည္။

မူပိုင္ခြင့္ဥပေဒ (၄)ခုအနက္ ကုန္အမွတ္တံဆိပ္ မူပိုင္ခြင့္ ဥပေဒ အာဏာသက္ဝင္ၿပီးေနာက္ တြင္ တရားဝင္စတင္ လက္ခံေဆာင္႐ြက္လ်က္ရွိရာ Online မွ ေလွ်ာက္ထားသူႏွင့္ ႐ုံးသို႔လာေရာက္ေလွ်ာက္ထားသူ စုစုေပါင္း (၅ဝ,ဝဝဝ)ေက်ာ္ ရွိေၾကာင္း သိရသည္။

၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ စက္မႈဒီဇိုင္း မူပိုင္ခြင့္ဥပေဒ၊ စာေပႏွင့္အႏုပညာ မူပိုင္ခြင့္ဥပေဒမ်ားကို အာဏာသက္ဝင္ႏိုင္ရန္အတြက္ စီမံခ်က္ျဖင့္အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

အမွတ္တံဆိပ္မူပိုင္ခြင့္ ရရွိႏိုင္ရန္ မူပိုင္ခြင့္ကိုယ္စားလွယ္ျဖစ္သည့္ ေအးဂ်င့္မ်ားမွတစ္ဆင့္ ေလွ်ာက္ထားႏိုင္ၿပီး အမွတ္တံဆိပ္ပိုင္ရွင္ကိုယ္တိုင္လည္း လာေရာက္ေလွ်ာက္ထားႏိုင္ေၾကာင္းသိရသည္။

ထို႔ျပင္ ထီထြင္မႈ မူပိုင္ခြင့္ဥပေဒကို ၂ဝ၂၄ ခုႏွစ္ ဧၿပီလတြင္ အာဏာသက္ဝင္ႏိုင္ရန္အတြက္ စီမံေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသည္ အာဆီယံစီးပြားေရးအသိုက္အဝန္းေဖာ္ေဆာင္မႈအရ မႈပိုင္ခြင့္ဆိုင္ရာ ဥပေဒမ်ားႏွင့္လုပ္ငန္းစဥ္မ်ားအေကာင္အထည္ေဖာ္ေနျခင္းျဖစ္ၿပီး စီးပြားေရးအရ အဓိကအေရးပါေသာ လုပ္ငန္းစဥ္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.