စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်လာသည့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများကို ဝယ်လိုအား မြင့်တက်နေ

 1030

ယွန်း (NP News) - ဇူလိုင် ၉

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများကို ဝယ်လိုအားမြင့်တက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုကြောင့် မြန်မာနိုင်ငံမှ စားသောက်ကုန်ပစ္စည်းများ ဝယ်လိုအားမြင့်တက်နေပြီး ယခင်နှစ်ကထက် ပိုမိုတင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ‌ဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၁)ရက်မှ ဇူလိုင်(၃) ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဂေါ်ဖီထုပ်၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ နနွင်း၊ ဆီးဖြူသီးခြောက်၊ မန်ကျည်းသီးများကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရေထွက်ကုန်များဖြစ်သည့် ဂဏန်းအရှင်၊ သဲဂဏန်း၊ ငါးပါးလျှပ်၊ ငါးခွေးလျှာနှင့် CMP ပစ္စည်းများဖြစ်သည့် အဝတ်အထည်များကို တင်ပို့နိုင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနမှ သိရသည်။

အလားတူ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံမှ Garment၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်း၊ သစ်သီး နှင့် အခြားပစ္စည်းများကို တင်သွင်း ဖြစ်ကြောင်း သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂ဝ၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် (ဧပြီ ၁ ရက်မှ ဇူလိုင် ၃ ရက်) အထိ ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ (၁၄၈ ဒသမ ဝ၇၂)သန်း နှင့် သွင်းကုန်တန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ (၃၃၂ ဒသမ ၄၄၄) သန်း ရှိခဲ့ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၄၈ဝ ဒသမ ၅၁၆) သန်း ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
စားေသာက္ကုန္လုပ္ငန္းမ်ား တြင္က်ယ္လာသည့္ ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံမွ စားေသာက္ကုန္ပစၥည္းမ်ားကို ဝယ္လိုအား ျမင့္တက္ေန
ယြန္း (NP News) - ဇူလိုင္ ၉

ထိုင္းႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံမွ စားေသာက္ကုန္ပစၥည္းမ်ားကို ဝယ္လိုအားျမင့္တက္ေနေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံအေနျဖင့္ စားေသာက္ကုန္လုပ္ငန္းမ်ား တြင္က်ယ္စြာေဆာင္႐ြက္လာမႈေၾကာင့္ ျမန္မာႏိုင္ငံမွ စားေသာက္ကုန္ပစၥည္းမ်ား ဝယ္လိုအားျမင့္တက္ေနၿပီး ယခင္ႏွစ္ကထက္ ပိုမိုတင္ပို႔ထားႏိုင္ခဲ့ေၾကာင္း သိရသည္။

ျမဝတီကုန္သြယ္ေရးဇုန္မွ ထိုင္းႏိုင္ငံႏွင့္ နယ္စပ္ကုန္သြယ္မႈမ်ား ‌ေဆာင္႐ြက္လ်က္ရွိရာ ဇူလိုင္(၁)ရက္မွ ဇူလိုင္(၃) ရက္အထိ ပို႔ကုန္တင္ပို႔မႈအေနျဖင့္ လယ္ယာထြက္ကုန္ပစၥည္းမ်ားျဖစ္သည့္ ေဂၚဖီထုပ္၊ င႐ုတ္၊ ၾကက္သြန္နီ၊ ေျပာင္း၊ နႏြင္း၊ ဆီးျဖဴသီးေျခာက္၊ မန္က်ည္းသီးမ်ားကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေရထြက္ကုန္မ်ားျဖစ္သည့္ ဂဏန္းအရွင္၊ သဲဂဏန္း၊ ငါးပါးလွ်ပ္၊ ငါးေခြးလွ်ာႏွင့္ CMP ပစၥည္းမ်ားျဖစ္သည့္ အဝတ္အထည္မ်ားကို တင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားကူးသန္းဝန္ႀကီးဌာနမွ သိရသည္။

အလားတူ ျမန္မာႏိုင္ငံအေနျဖင့္ ထိုင္းႏိုင္ငံမွ Garment၊ စားေသာက္ကုန္၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း၊ ေဆးႏွင့္ ေဆးပစၥည္း၊ သစ္သီး ႏွင့္ အျခားပစၥည္းမ်ားကို တင္သြင္း ျဖစ္ေၾကာင္း သိရသည္။

ျမဝတီကုန္သြယ္ေရးဇုန္အေနျဖင့္ ၂ဝ၂၃- ၂ဝ၂၄ ဘ႑ာႏွစ္ (ဧၿပီ ၁ ရက္မွ ဇူလိုင္ ၃ ရက္) အထိ ပို႔ကုန္ရေငြ အေမရိကန္ေဒၚလာ (၁၄၈ ဒသမ ဝ၇၂)သန္း ႏွင့္ သြင္းကုန္တန္ဖိုးမွာ အေမရိကန္‌ေဒၚလာ (၃၃၂ ဒသမ ၄၄၄) သန္း ရွိခဲ့ၿပီး ကုန္သြယ္မႈပမာဏ အေမရိကန္ေဒၚလာ (၄၈ဝ ဒသမ ၅၁၆) သန္း ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.