မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို သြဂုတ်လ(၁)ရက်တွင် ကျင်းပသွားမည်

5865

ယွန်း (NP News) - ဇူလိုင် ၉
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်အခမ်းအနားကို သြဂုတ်လ(၁)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ရန် တည်ဆောက်နေသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် လက်ရှိတွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“သြဂုတ်လ(၁)ရက် ဝါဆိုလပြည့်နေ့မှာ အနေကဇာတင်ပွဲ လုပ်မယ်ဆိုတာ မှန်ပါတယ်။ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းနဲ့အညီ ဆောင်ရွက်သွားမှာပါ။ အားလုံးပြီးသွားလို့ အနေကဇာတင်တာပါ” ဟု သာသနာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက NP News ကိုပြောသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် (၄)ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လာမည့် ဒုတိယဝါဆိုလပြည့်နေ့(သြဂုတ်လ ၁ ရက်)တွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့်အတူ ကျောက်စာရံစေတီတော်များ ရွှေထီးတော်တင်လှူခြင်းနှင့် ရေစက်ချအောင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ရန် ပန္နက်ရိုက်ခဲ့သည်မှ ရက်ပေါင်း ၁ဝဝဝ ကျော် ၊နှစ်ကာလအားဖြင့် သုံးနှစ် ကျော်ကာလသို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဘုရားကြီးထုဆစ်ရန် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်ကာတူးဖော်ခဲ့ပြီး ၂ဝ၁၉ ခုနှစ် မတ်လ၌ အမြင့် ၆၅ ပေ၊ ရှေ့အလျား ၁၅၄ ပေ၊ ထု ပေ ၂ဝ ရှိ A အဆင့်ရှိသည့် စကျင်ကျောက်တော်ကြီးကို အကြမ်းထည်ပုံဖော်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ စကျင်ကျောက်တုံးကြီးကို နေပြည်တော်သို့လေးလကြာ ရေကြောင်းကုန်ကြောင်းတို့ဖြင့်သယ် ဆောင်ကာ ဆင်းတုတော်ကြီးကို အပိုင်းလိုက်ခွဲ၍ CNC စက်များဖြင့် အဆင့်ဆင့် ထွင်းထုခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့နောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကိုတွဲဆက်ထားသည့် ဆင်းတု တော်အစိတ်အပိုင်းကြီးကို ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီး ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ဇန်နဝါရီလ ၂၇ ရက် နှင့် ဖေဖော်ဝါရီလ ၁ဝ ရက်တို့တွင်အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။
အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း (၄)ကို ရတနာပလ္လင်တော်ထက်သို့ ပင့် ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

zawgyi version
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဗုဒၶါဘိေသက အေနကဇာတင္အခမ္းအနားကို ၾသဂုတ္လ(၁)ရက္တြင္ က်င္းပသြားမည္
ယြန္း (NP News) - ဇူလိုင္ ၉
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ဗုဒၶါဘိေသက အေနကဇာတင္အခမ္းအနားကို ၾသဂုတ္လ(၁)ရက္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ သိရသည္။
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ထားကိုးကြယ္ရန္ တည္ေဆာက္ေနေသာ ကမာၻေပၚရွိ ထိုင္ေတာ္မူေက်ာက္ဆစ္႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးသည္ လက္ရွိတြင္ ရာႏႈန္းျပည့္တည္ေဆာက္ၿပီးစီးၿပီျဖစ္ေၾကာင္း သိရသည္။
“ၾသဂုတ္လ(၁)ရက္ ဝါဆိုလျပည့္ေန႔မွာ အေနကဇာတင္ပြဲ လုပ္မယ္ဆိုတာ မွန္ပါတယ္။ ဗုဒၶဘာသာဓေလ့ထုံးတမ္းနဲ႔အညီ ေဆာင္႐ြက္သြားမွာပါ။ အားလုံးၿပီးသြားလို႔ အေနကဇာတင္တာပါ” ဟု သာသနာေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက NP News ကိုေျပာသည္။
“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္းေတာက္ပလ်က္ရွိမႈအား ကမာၻကိုျပသရန္၊ ျမန္မာႏိုင္ငံသည္ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစရန္၊ တိုင္းျပည္ေအးခ်မ္း သာယာမႈရွိေစရန္၊ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ စသည့္ ရည္႐ြယ္ခ်က္ (၄)ရပ္ျဖင့္ တည္ထားကိုးကြယ္ရန္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လာမည့္ ဒုတိယဝါဆိုလျပည့္ေန႔(ၾသဂုတ္လ ၁ ရက္)တြင္ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး ဗုဒၶါဘိေသကအေနကဇာတင္ မဂၤလာအခမ္းအနားႏွင့္အတူ ေက်ာက္စာရံေစတီေတာ္မ်ား ေ႐ႊထီးေတာ္တင္လႉျခင္းႏွင့္ ေရစက္ခ်ေအာင္ပြဲကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို တည္ေဆာက္ရန္ ပႏၷက္႐ိုက္ခဲ့သည္မွ ရက္ေပါင္း ၁ဝဝဝ ေက်ာ္ ၊ႏွစ္ကာလအားျဖင့္ သုံးႏွစ္ ေက်ာ္ကာလသို႔ေရာက္ရွိခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
ဘုရားႀကီးထုဆစ္ရန္ ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလမွ စတင္ကာတူးေဖာ္ခဲ့ၿပီး ၂ဝ၁၉ ခုႏွစ္ မတ္လ၌ အျမင့္ ၆၅ ေပ၊ ေရွ႕အလ်ား ၁၅၄ ေပ၊ ထု ေပ ၂ဝ ရွိ A အဆင့္ရွိသည့္ စက်င္ေက်ာက္ေတာ္ႀကီးကို အၾကမ္းထည္ပုံေဖာ္ႏိုင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ စက်င္ေက်ာက္တုံးႀကီးကို ေနျပည္ေတာ္သို႔ေလးလၾကာ ေရေၾကာင္းကုန္ေၾကာင္းတို႔ျဖင့္သယ္ ေဆာင္ကာ ဆင္းတုေတာ္ႀကီးကို အပိုင္းလိုက္ခြဲ၍ CNC စက္မ်ားျဖင့္ အဆင့္ဆင့္ ထြင္းထုခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။
ထို႔ေနာက္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း (၁/၂/၃) တို႔ကိုတြဲဆက္ထားသည့္ ဆင္းတု ေတာ္အစိတ္အပိုင္းႀကီးကို ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလ ၂၆ ရက္တြင္ ရတနာပလႅင္ေတာ္ထက္သို႔ စတင္ပင့္ေဆာင္ခဲ့ကာ ဇန္နဝါရီလ ၃၁ ရက္တြင္ ပလႅင္ေတာ္ထက္သို႔ ေအာင္ျမင္စြာပင့္ေဆာင္ပူေဇာ္ႏိုင္ခဲ့ၿပီး ဌာပနာသြင္းလႉပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားမ်ားကို ဇန္နဝါရီလ ၂၇ ရက္ ႏွင့္ ေဖေဖာ္ဝါရီလ ၁ဝ ရက္တို႔တြင္ေအာင္ျမင္စြာ ျပဳလုပ္ၿပီးစီးခဲ့ၿပီးျဖစ္သည္။
အလားတူ ေဖေဖာ္ဝါရီလ ၁၁ ရက္တြင္ ဆင္းတုေတာ္အပိုင္း (၄)ကို ရတနာပလႅင္ေတာ္ထက္သို႔ ပင့္ ေဆာင္ပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားကို က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။