ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်၌ မိုင်းခွဲခံခဲ့ရသော တံတားကို ပြင်ဆင်နေပြီး လမ်းပိုင်းကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူးများလာရောက်နိုင်ဟု အသိပေး

2453

ယွန်း (NP News) - ဇူလိုင် ၉
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းပေါ်၌ မိုင်းခွဲခံခဲ့ရသော တံတားကို ပြင်ဆင်နေပြီး လမ်းပိုင်းကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူးများလာရောက်နိုင်ကြောင်း ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက အသိပေးပြောဆိုထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ(၆)ရက်က PDF ပူးပေါင်းအဖွဲ့သည် ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းပေါ်ရှိတံတားတစ်စင်းကို မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဥ်ကြောင့် ဘုရားဖူးပြည်သူအချို့အနေဖြင့် တောင်ပေါ်တွင် ပိတ်မိနေမှုများလည်း ရှိခဲ့သည်။
လက်ရှိတွင် အဆိုပါတံတားအား ပြန်လည်ပြုပြင်မှုများဆောင်ရွက်လျက်ရှိပြီး မကြာခင်အချိန်၌ ပြီးစီးနိုင်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလှက ဆိုထားသည်။
“တံတားအခြေအနေကလည်း (၈)ရက်နေ့ကနေစပြီး ပြန်လုပ်နေပါတယ်။ လမ်းကိုလုံးဝပိတ်ထားခြင်းမရှိပါဘူး။ တံတားကသံကူကွန်ကရစ်တံတားလေ သူတို့ဖျက်ဆီးတာက အလယ်ကနေမိုင်းခွဲလိုက်တော့ အခင်း ပေါက်သွားတာပေါ့။ အခုပြန်လုပ်တာက အခင်းခွာတာ (၃)ပုံ(၂)ပုံပြီးနေပြီ၊ ဒီညနေလောက်ဆို အခင်းခွာတာပြီးမယ့်အနေအထားရှိပါတယ်။ ပြီးရင် ပြန်လောင်းဖို့ ပစ္စည်းတွေလည်း တင်နေပါတယ်။ အများဆုံးကြာရင် (၇)ရက်လောက်ပါပဲ ပြီးရင် လမ်းခိုင်မာမှု အရတော့ (၂)ရက်လောက်တော့ အသားသေအောင် ထားရမှာပေါ့။ (၈)ရက်၊ (၉)ရက်လောက်ဆိုရင် လုံးဝပြီးသွားမယ့် အနေအထားရှိပါတယ်”ဟု ဦးစိုးလှက NP News ကိုပြောသည်။
တံတားပြုပြင်မှုများကို လမ်းတံတားဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး လမ်းပိတ်ထားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်းတို့အနေဖြင့် ယခင်အတိုင်း ဘုရားဖူးများသွားလာနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“လမ်းကိုလုံးဝပိတ်ထားခြင်းမရှိပါဘူး။ ရင်ပြင်တော်ဂိတ်ကနေ ဖျက်စီးခံရတဲ့တံတားအထိကို ကားတစ်ဆင့်ပို့တယ် အဲဒီကနေဖြတ်ကူးတယ် ပြီးတော့ ဒီဘက်ထိပ်ကနေ ကင်းပွန်းချောင်းကိုပြန်ကြိုပေးတယ်။ ပြန်တက်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ တံတားရဲ့ အရှည်ကလည်း ပေ(၄ဝ)လောက်ရှိတယ်ဆိုတော့ ပေ(၄ဝ)လောက်ကိုလမ်းလျှောက်ရတာပေါ့။ ကျန်တဲ့ အစားအသောက်၊ အနေအထိုင်၊ တည်းခိုတာတွေ ဘာမှပိတ်ထားတာမရှိပါဘူး”ဟု ဦးစိုးလှက အသိပေးပြောဆိုထားသည်။
လက်ရှိတွင် ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားဝင်ရောက်မှုများရှိနေပြီး ထိုင်းနိုင်ငံမှ အများဆုံးလာရောက်လျက်ရှိကြောင်း သိရသည်။
ကျိုက်ထီးရိုးဘုရားသို့ ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်တွင်းခရီးသွား(၅၅၇၂)ဦး လာရောက်ခဲ့ပြီး ပြည်ပခရီးသွားဧည့်သည် (၈၂၈)ဦး ရှိခဲ့ကြောင်း သိရသည်။

zawgyi version
က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္လမ္းေပၚ၌ မိုင္းခြဲခံခဲ့ရေသာ တံတားကို ျပင္ဆင္ေနၿပီး လမ္းပိုင္းကို ပိတ္ပင္ထားျခင္းမရွိဘဲ ဘုရားဖူးလာေရာက္ႏိုင္ဟု အသိေပး
ယြန္း (NP News) - ဇူလိုင္ ၉
က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္လမ္းေပၚ၌ မိုင္းခြဲခံခဲ့ရေသာ တံတားကို ျပင္ဆင္ေနၿပီး လမ္းပိုင္းကို ပိတ္ပင္ထားျခင္းမရွိဘဲ ဘုရားဖူးလာေရာက္ႏိုင္ေၾကာင္း က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလွက အသိေပးေျပာဆိုထားသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ(၆)ရက္က PDF ပူးေပါင္းအဖြဲ႕သည္ က်ိဳက္ထီး႐ိုးဘုရားေတာင္တက္လမ္းေပၚရွိတံတားတစ္စင္းကို မိုင္းေထာင္ကာ ေဖာက္ခြဲဖ်က္ဆီးခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဘုရားဖူးျပည္သူအခ်ိဳ႕အေနျဖင့္ ေတာင္ေပၚတြင္ ပိတ္မိေနမႈမ်ားလည္း ရွိခဲ့သည္။
လက္ရွိတြင္ အဆိုပါတံတားအား ျပန္လည္ျပဳျပင္မႈမ်ားေဆာင္႐ြက္လ်က္ရွိၿပီး မၾကာခင္အခ်ိန္၌ ၿပီးစီးႏိုင္ေၾကာင္း က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕ ဥကၠ႒ ဦးစိုးလွက ဆိုထားသည္။
“တံတားအေျခအေနကလည္း (၈)ရက္ေန႔ကေနစၿပီး ျပန္လုပ္ေနပါတယ္။ လမ္းကိုလုံးဝပိတ္ထားျခင္းမရွိပါဘူး။ တံတားကသံကူကြန္ကရစ္တံတားေလ သူတို႔ဖ်က္ဆီးတာက အလယ္ကေနမိုင္းခြဲလိုက္ေတာ့ အခင္း ေပါက္သြားတာေပါ့။ အခုျပန္လုပ္တာက အခင္းခြာတာ (၃)ပုံ(၂)ပုံၿပီးေနၿပီ၊ ဒီညေနေလာက္ဆို အခင္းခြာတာၿပီးမယ့္အေနအထားရွိပါတယ္။ ၿပီးရင္ ျပန္ေလာင္းဖို႔ ပစၥည္းေတြလည္း တင္ေနပါတယ္။ အမ်ားဆုံးၾကာရင္ (၇)ရက္ေလာက္ပါပဲ ၿပီးရင္ လမ္းခိုင္မာမႈ အရေတာ့ (၂)ရက္ေလာက္ေတာ့ အသားေသေအာင္ ထားရမွာေပါ့။ (၈)ရက္၊ (၉)ရက္ေလာက္ဆိုရင္ လုံးဝၿပီးသြားမယ့္ အေနအထားရွိပါတယ္”ဟု ဦးစိုးလွက NP News ကိုေျပာသည္။
တံတားျပဳျပင္မႈမ်ားကို လမ္းတံတားဦးစီးဌာနႏွင့္ ပူးေပါင္း၍ ေဆာင္႐ြက္လ်က္ရွိၿပီး လမ္းပိတ္ထားျခင္းမရွိေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ၎တို႔အေနျဖင့္ ယခင္အတိုင္း ဘုရားဖူးမ်ားသြားလာႏိုင္ေရးအတြက္ စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
“လမ္းကိုလုံးဝပိတ္ထားျခင္းမရွိပါဘူး။ ရင္ျပင္ေတာ္ဂိတ္ကေန ဖ်က္စီးခံရတဲ့တံတားအထိကို ကားတစ္ဆင့္ပို႔တယ္ အဲဒီကေနျဖတ္ကူးတယ္ ၿပီးေတာ့ ဒီဘက္ထိပ္ကေန ကင္းပြန္းေခ်ာင္းကိုျပန္ႀကိဳေပးတယ္။ ျပန္တက္ရင္လည္း ထိုနည္းလည္းေကာင္းပါပဲ။ တံတားရဲ႕ အရွည္ကလည္း ေပ(၄ဝ)ေလာက္ရွိတယ္ဆိုေတာ့ ေပ(၄ဝ)ေလာက္ကိုလမ္းေလွ်ာက္ရတာေပါ့။ က်န္တဲ့ အစားအေသာက္၊ အေနအထိုင္၊ တည္းခိုတာေတြ ဘာမွပိတ္ထားတာမရွိပါဘူး”ဟု ဦးစိုးလွက အသိေပးေျပာဆိုထားသည္။
လက္ရွိတြင္ က်ိဳက္ထီး႐ိုးဘုရားသို႔ ျပည္တြင္းခရီးသြားမ်ားအျပင္ ျပည္ပခရီးသြားဝင္ေရာက္မႈမ်ားရွိေနၿပီး ထိုင္းႏိုင္ငံမွ အမ်ားဆုံးလာေရာက္လ်က္ရွိေၾကာင္း သိရသည္။
က်ိဳက္ထီး႐ိုးဘုရားသို႔ ၿပီးခဲ့သည့္ ဇြန္လအတြင္း ျပည္တြင္းခရီးသြား(၅၅၇၂)ဦး လာေရာက္ခဲ့ၿပီး ျပည္ပခရီးသြားဧည့္သည္ (၈၂၈)ဦး ရွိခဲ့ေၾကာင္း သိရသည္။