မြွေပွေးနှင့် မြွေဟောက်အကောင်(၂၀၀၀)နီးပါးကို ဝယ်ယူလိုကြောင်း နစကဝန်ကြီးဌာနဖိတ်ခေါ်

 9445

NP News - ဇူလိုင် ၁ဝ

မြွေပွေးနှင့် မြွေဟောက် အကောင်(၂၀၀၀)နီးပါးကို ဝယ်ယူလိုကြောင်း နစက၏ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ အင်းစိန်ဆေးဝါးစက်ရုံက ဖိတ်ခေါ်ထားသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)မှ ယနေ့ (ဇူလိုင်လ ၁ဝ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။

အဆိုပါ မြွေများကို အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ဆေးဝါးစက်ရုံလမ်းရှိ ဆေးဝါးစက်ရုံ မှ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးထုတ်လုပ်ရန်အတွက် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းတို့မှ မြွေပွေးအကောင်(၁၂၀၀)နှင့် မြွေဟောက်အကောင်(၄၀၀)တို့ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆိုထားသည်။

အဆိုပါ မြွေများသည် တစ်ကောင်လျှင်(၅၀)ကျပ်သားနှင့်အထက်ရှိရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။

၎င်းတို့အနေဖြင့် မြွေပွေးတစ်ကောင်လျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ မြွေဟောက်တစ်ကောင်လျှင်(၁၅၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ဝယ်ယူသွားမည်ဖြစ်ပြီး စက်ရုံအရောက်ပေးပို့ရန် အသိပေးပြောဆိုထားသည်။

ထို့ပြင် ရောင်းချလိုသည့် အရေအတွက်အလိုက် လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)အနေဖြင့် မြွေကိုက်ခံရသူများအနက် ကိုက်သည့်မြွေ အမျိုးအစားခွဲခြားနိုင်ခြင်းမရှိသည့် လူနာများအတွက် မြွေပွေးနှင့်မြွေဟောက် အဆိပ်နှစ်မျိုးစလုံးကို ဖြေပေးနိုင်သည့် Beivalent မြွေဆိပ်ဖြေဆေးများကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဝေးလံခေါင်ဖျားဒေသများ နှင့် ကျေးလက်များသို့ မြွေဆိပ်ဖြေဆေးများ ပေးပို့အသုံးပြုရာ၌ အဆင်ပြေစေရန်အတွက် မြွေဆိပ်ဖြေဆေးရည်သာမက သာမန် အခန်းအပူချိန်တွင် သိမ်းဆည်းထားနိုင်သည့် အေးခဲခြောက်ပုံစံဖြင့်လည်း ထုတ်လုပ်ဖြန့်ချီပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် မြွေပေါများသည့် ဒေသများဖြစ်ပြီး အဆိုပါဒေသများအတွင်းရှိ ဆေးရုံများနှင့် ဝေးကွာသော နေရာများ၌ မြွေဆိပ်ဖြေဆေးအခက်အခဲများရှိနေခြင်းကြောင့် မြွေကိုက်ခံရပြီး သေဆုံးခဲ့ရသူများလည်း ရှိနေကြောင်း သိရသည်။

zawgyi version
ေႁမြေပြးႏွင့္ ေႁမြေဟာက္အေကာင္(၂၀၀၀)နီးပါးကို ဝယ္ယူလိုေၾကာင္း နစကဝန္ႀကီးဌာနဖိတ္ေခၚ

NP News - ဇူလိုင္ ၁ဝ

ေႁမြေပြးႏွင့္ ေႁမြေဟာက္ အေကာင္(၂၀၀၀)နီးပါးကို ဝယ္ယူလိုေၾကာင္း နစက၏ စက္မႈဝန္ႀကီးဌာန လက္ေအာက္ရွိ အင္းစိန္ေဆးဝါးစက္႐ုံက ဖိတ္ေခၚထားသည္။

ေဆးဝါးစက္႐ုံ(အင္းစိန္)မွ ယေန႔ (ဇူလိုင္လ ၁ဝ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ ေၾကညာထားျခင္းျဖစ္သည္။

အဆိုပါ ေႁမြမ်ားကို အင္းစိန္ၿမိဳ႕နယ္၊ ႀကိဳ႕ကုန္းအေနာက္ရပ္ကြက္၊ ေဆးဝါးစက္႐ုံလမ္းရွိ ေဆးဝါးစက္႐ုံ မွ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေႁမြဆိပ္ေျဖေဆးထုတ္လုပ္ရန္အတြက္ ရန္ကုန္၊ မႏၲေလး၊ ဧရာဝတီ၊ မေကြး၊ ပဲခူးႏွင့္ စစ္ကိုင္းတိုင္းတို႔မွ ေႁမြေပြးအေကာင္(၁၂၀၀)ႏွင့္ ေႁမြေဟာက္အေကာင္(၄၀၀)တို႔ကို ဝယ္ယူသြားမည္ျဖစ္ေၾကာင္း ေဆးဝါးစက္႐ုံ(အင္းစိန္)မွ ဆိုထားသည္။

အဆိုပါ ေႁမြမ်ားသည္ တစ္ေကာင္လွ်င္(၅၀)က်ပ္သားႏွင့္အထက္ရွိရမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ပါရွိသည္။

၎တို႔အေနျဖင့္ ေႁမြေပြးတစ္ေကာင္လွ်င္ (၁၀၀၀၀)က်ပ္ႏႈန္းျဖင့္လည္းေကာင္း၊ ေႁမြေဟာက္တစ္ေကာင္လွ်င္(၁၅၀၀၀)က်ပ္ႏႈန္းျဖင့္ လည္းေကာင္း ဝယ္ယူသြားမည္ျဖစ္ၿပီး စက္႐ုံအေရာက္ေပးပို႔ရန္ အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ေရာင္းခ်လိုသည့္ အေရအတြက္အလိုက္ လက္ငင္းေငြေခ်စနစ္ျဖင့္ ဝယ္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေဆးဝါးစက္႐ုံ(အင္းစိန္)အေနျဖင့္ ေႁမြကိုက္ခံရသူမ်ားအနက္ ကိုက္သည့္ေႁမြ အမ်ိဳးအစားခြဲျခားႏိုင္ျခင္းမရွိသည့္ လူနာမ်ားအတြက္ ေႁမြေပြးႏွင့္ေႁမြေဟာက္ အဆိပ္ႏွစ္မ်ိဳးစလုံးကို ေျဖေပးႏိုင္သည့္ Beivalent ေႁမြဆိပ္ေျဖေဆးမ်ားကို ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ေဝးလံေခါင္ဖ်ားေဒသမ်ား ႏွင့္ ေက်းလက္မ်ားသို႔ ေႁမြဆိပ္ေျဖေဆးမ်ား ေပးပို႔အသုံးျပဳရာ၌ အဆင္ေျပေစရန္အတြက္ ေႁမြဆိပ္ေျဖေဆးရည္သာမက သာမန္ အခန္းအပူခ်ိန္တြင္ သိမ္းဆည္းထားႏိုင္သည့္ ေအးခဲေျခာက္ပုံစံျဖင့္လည္း ထုတ္လုပ္ျဖန႔္ခ်ီေပးလ်က္ရွိေၾကာင္း သိရသည္။

စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းတို႔သည္ ေႁမြေပါမ်ားသည့္ ေဒသမ်ားျဖစ္ၿပီး အဆိုပါေဒသမ်ားအတြင္းရွိ ေဆး႐ုံမ်ားႏွင့္ ေဝးကြာေသာ ေနရာမ်ား၌ ေႁမြဆိပ္ေျဖေဆးအခက္အခဲမ်ားရွိေနျခင္းေၾကာင့္ ေႁမြကိုက္ခံရၿပီး ေသဆုံးခဲ့ရသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.