ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ်သင်တန်းအတွက် ကျောင်းသား(၃၀၀) ခေါ်ယူသွားမည်

1802
စော (NP News) - ဇူလိုင် ၁၁
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပထမနှစ်သင်တန်းအတွက် ကျောင်းသား (၃၀၀) ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ယနေ့(ဇူလိုင်လ ၁၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
လက်ရှိ (၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc)ကို (၂၀၂၃)ခုနှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများလည်း လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
လျှောက်ထားလိုသူများအနေဖြင့် (၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျောင်းသားဦးရေ (၃၀၀)တွင် အမျိုးသား (၅၀)ရာခိုင်နှုန်း နှင့် အမျိုသမီး (၅ဝ) ရာခိုင်နှုန်းသာလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနသို့ စက်တင်ဘာလ (၈)ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူများကို ကျောင်းဖွင့်ချိန်နှင့်အတူ အချိန်မီအသိပေးကြေညာသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

zawgyi version
ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၌ ပထမႏွစ္သင္တန္းအတြက္ ေက်ာင္းသား(၃၀၀) ေခၚယူသြားမည္
ေစာ (NP News) - ဇူလိုင္ ၁၁
ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၌ ပထမႏွစ္သင္တန္းအတြက္ ေက်ာင္းသား (၃၀၀) ေခၚယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ယေန႔(ဇူလိုင္လ ၁၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။
လက္ရွိ (၂၀၂၃-၂၀၂၄) ပညာသင္ႏွစ္တြင္ စိုက္ပ်ိဳးေရးသိပၸံဘြဲ႕ (B.Agr.Sc)ကို (၂၀၂၃)ခုႏွစ္၌ တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္သူမ်ားလည္း ေလွ်ာက္ထားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ (၂၀၂၃)ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ၌ ျမန္မာ၊ အဂၤလိပ္၊ သခ်ၤာ၊ ႐ူပေဗဒ၊ ဓာတုေဗဒႏွင့္ ဇီဝေဗဒဘာသာတြဲျဖင့္ ေအာင္ျမင္သူျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ေက်ာင္းသားဦးေရ (၃၀၀)တြင္ အမ်ိဳးသား (၅၀)ရာခိုင္ႏႈန္း ႏွင့္ အမ်ိဳသမီး (၅ဝ) ရာခိုင္ႏႈန္းသာလက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္လႊာမ်ားကို ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ေရဆင္းတကၠသိုလ္၊ ေက်ာင္းသားေရးရာဌာနသို႔ စက္တင္ဘာလ (၈)ရက္ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါသင္တန္းသို႔ တက္ေရာက္ခြင့္ရရွိသူမ်ားကို ေက်ာင္းဖြင့္ခ်ိန္ႏွင့္အတူ အခ်ိန္မီအသိေပးေၾကညာသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။