ဗိုလ်မြတ်ထွန်းတံတားအဆင်း၌ ကားတစ်စီး ချောက်ထဲသို့ပြုတ်ကျခဲ့ရာ လူ(၃)ဦးထိခိုက်ဒဏ်ရာရ

 1791

စော (NP News) - ဇူလိုင် ၁၂

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ဗိုလ်မြတ်ထွန်းတံတားအဆင်း၌ ကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁၁ ရက်)၊ နံနက် ၁၀နာရီဝန်းကျင်အချိန်တွင် ညောင်တုန်းမြို့၊ ဗိုလ်မြတ်ထွန်းတံတားအဆင်း၌ အထက်ပါကဲ့သိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့ထံမှ သိရသည်။

အဆိုပါယာဉ်သည် ဆေးကုမ္ပဏီတစ်ခုမှ probox အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးဖြစ်ပြီး ၎င်းယာဉ်ပေါ်တွင် လူ(၃)ဦး လိုက်ပါလာကြောင်း သိရသည်။

“အဲဒီကားက ရန်ကုန်ဘက်ကဆင်းလာတာပါ။ တံတားအဆင်း အဖြူ အနီအုတ်တိုင်ကို အရှိန်ပြင်းပြင်း ဝင်တိုက်ပြီး ဝါးတစ်ပြန်လောက်ရှိတဲ့ ချောက်ထဲကို ဆင်းချသွားတာ။ တံတားအဆင်းကလာတယ်ဆိုရင် ညာဘက်ကနေလာရမှာပေါ့နော်။ သူက ညာဘက်ကိုမချိုးချပဲ ဘယ်ဘက်ကိုချိုးချသွားတာ။ ကျွန်တော်ထင်တာတော့ ယာဉ်မောင်းကပင်ပန်းပြီး အိပ်ငိုက်သွားတာဖြစ်မယ်”ဟု နယ်လှည့်ကုသိုလ်ပြု နှလုံးလှဆရာဝန်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် လူ(၃)ဦး အနက် အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးသည် လည်ပင်းနှင့် ရင်ဘတ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယာဉ်မောင်းဖြစ်သူ အမျိုးသားသည် လေအိတ်ပွင့်သွားခြင်းကြောင့် အသက်အန္တရာယ်မစိုးရိမ်ရဘဲ လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများကို ညောင်တုန်း ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
ဗိုလ္ျမတ္ထြန္းတံတားအဆင္း၌ ကားတစ္စီး ေခ်ာက္ထဲသို႔ျပဳတ္က်ခဲ့ရာ လူ(၃)ဦးထိခိုက္ဒဏ္ရာရ

ေစာ (NP News) - ဇူလိုင္ ၁၂

ဧရာဝတီတိုင္း၊ ေညာင္တုန္းၿမိဳ႕နယ္ရွိ ဗိုလ္ျမတ္ထြန္းတံတားအဆင္း၌ ကားတစ္စီး ေခ်ာက္ထဲသို႔ ျပဳတ္က်ခဲ့ရာ လူ(၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၁၁ ရက္)၊ နံနက္ ၁၀နာရီဝန္းက်င္အခ်ိန္တြင္ ေညာင္တုန္းၿမိဳ႕၊ ဗိုလ္ျမတ္ထြန္းတံတားအဆင္း၌ အထက္ပါကဲ့သိုျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း နယ္လွည့္ကုသိုလ္ျပဳ ႏွလုံးလွဆရာဝန္မ်ားအဖြဲ႕ထံမွ သိရသည္။

အဆိုပါယာဥ္သည္ ေဆးကုမၸဏီတစ္ခုမွ probox အမ်ိဳးအစား အျဖဴေရာင္ယာဥ္တစ္စီးျဖစ္ၿပီး ၎ယာဥ္ေပၚတြင္ လူ(၃)ဦး လိုက္ပါလာေၾကာင္း သိရသည္။

“အဲဒီကားက ရန္ကုန္ဘက္ကဆင္းလာတာပါ။ တံတားအဆင္း အျဖဴ အနီအုတ္တိုင္ကို အရွိန္ျပင္းျပင္း ဝင္တိုက္ၿပီး ဝါးတစ္ျပန္ေလာက္ရွိတဲ့ ေခ်ာက္ထဲကို ဆင္းခ်သြားတာ။ တံတားအဆင္းကလာတယ္ဆိုရင္ ညာဘက္ကေနလာရမွာေပါ့ေနာ္။ သူက ညာဘက္ကိုမခ်ိဳးခ်ပဲ ဘယ္ဘက္ကိုခ်ိဳးခ်သြားတာ။ ကြၽန္ေတာ္ထင္တာေတာ့ ယာဥ္ေမာင္းကပင္ပန္းၿပီး အိပ္ငိုက္သြားတာျဖစ္မယ္”ဟု နယ္လွည့္ကုသိုလ္ျပဳ ႏွလုံးလွဆရာဝန္မ်ားအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ လူ(၃)ဦး အနက္ အမ်ိဳးသမီးတစ္ဦးမွာ ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး က်န္အမ်ိဳးသမီးတစ္ဦးသည္ လည္ပင္းႏွင့္ ရင္ဘတ္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ယာဥ္ေမာင္းျဖစ္သူ အမ်ိဳးသားသည္ ေလအိတ္ပြင့္သြားျခင္းေၾကာင့္ အသက္အႏၲရာယ္မစိုးရိမ္ရဘဲ လက္တြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၎ကဆက္လက္ေျပာသည္။

အဆိုပါ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေညာင္တုန္း ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.