အောင်လံမြို့နယ်ရှိ ကျေးရွာခွဲတာဝန်ခံအမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

1616
NP News - ဇူလိုင် ၁၃
မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာခွဲတာဝန်ခံအမျိုးသားတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၀ ရက်)၊ ညနေ ၅နာရီအချိန်တွင် အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သော သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF အဖွဲ့အင်အား (၄)ဦးခန့်ကရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် တပ်ကုန်းကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးဇော်ထွန်း(၄၇)နှစ်တွင် ယာဘက်ပါး၊ ယာပခုံးနှင့် ယာလက်မောင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ (၃)ချက်ဖြင့်အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ေအာင္လံၿမိဳ႕နယ္ရွိ ေက်း႐ြာခြဲတာဝန္ခံအမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ပစ္သတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၁၃
မေကြးတိုင္း၊ ေအာင္လံၿမိဳ႕နယ္ရွိ ေက်း႐ြာခြဲတာဝန္ခံအမ်ိဳးသားတစ္ဦးကို PDF အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဇူလိုင္လ ၁၀ ရက္)၊ ညေန ၅နာရီအခ်ိန္တြင္ ေအာင္လံၿမိဳ႕နယ္၊ တပ္ကုန္းေက်း႐ြာတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ေနထိုင္ေသာ ေသဆုံးသူအမ်ိဳးသားသည္ ၎၏ေနအိမ္၌ရွိေနစဥ္ PDF အဖြဲ႕အင္အား (၄)ဦးခန႔္ကေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ကေျပာၾကားထားသည္။
ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ တပ္ကုန္းေက်း႐ြာေန ေက်း႐ြာခြဲတာဝန္ခံ ဦးေဇာ္ထြန္း(၄၇)ႏွစ္တြင္ ယာဘက္ပါး၊ ယာပခုံးႏွင့္ ယာလက္ေမာင္းတို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ (၃)ခ်က္ျဖင့္အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္တြင္ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။