ဧဝရတ်တောင်ထိပ်တွင် ရဟတ်ယာဉ်ပျက်ကျပြီးနောက် ပျံသန်းမှုများကို ယာယီပိတ်ပင်လိုက်ကြောင်း နီပေါအစိုးရပြော

892

Pika (NP News) - ဇူလိုင် ၁၃
ဧဝရတ်တောင်ထိပ်တွင် လူခြောက်ဦးလိုက်ပါလာသည့် ရဟတ်ယာဉ်ပျက်ကျကာ လိုက်ပါလာသူအားလုံး သေဆုံးပြီးနောက် နီပေါနိုင်ငံ၏ လေကြောင်းထိန်းသိမ်းရေးအဖွဲ့သည် မလိုအပ်သောပျံသန်းမှုများကို နှစ်လကြာ တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။
မက္ကဆီကိုနိုင်ငံသား(၅)ဦး နှင့် နီပေါနိုင်ငံသားလေယာဉ်မှူးတို့ စီးနင်းလိုက်ပါလာသော ပုဂ္ဂလိက Manang Air ကုမ္ပဏီမှ ရဟတ်ယာဉ်သည် ဟိမဝန္တာတောင်ထိပ်ကိုကြည့်ရှုပြီး ပြန်လာစဉ် ဧဝရတ်တောင်ထိပ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
နီပေါမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAN) က "တောင်ပေါ်ပျံသန်းမှု၊ ပြင်ပဝန်ဆောင်မှုနဲ့ ရဟတ်ယာဉ်တွေ လိုမျိုးမလိုအပ်တဲ့ ပျံသန်းမှုတွေအားလုံးကို စက်တင်ဘာလအထိ တားမြစ်ပိတ်ပင်ထားပါတယ်" ဟု ထုတ်ပြန်ခဲ့ သည်။
နီပေါအစိုးရသည် ဇူလိုင်လ(၁၁)ရက်က ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို စုံစမ်း စစ်ဆေးရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ နီပေါနိုင်ငံတွင် နှစ်ပေါင်း (၃ဝ)အတွင်း အဆိုးရွားဆုံးလေကြောင်းပျက်ကျမှုမှာ ဇန်နဝါရီလက ပိုခါရာမြို့အနီးတွင် ပျက်ကျခဲ့သည့် မတော်တဆမှုဖြစ်ပြီး လူပေါင်း(၇၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဧဝရတ္ေတာင္ထိပ္တြင္ ရဟတ္ယာဥ္ပ်က္က်ၿပီးေနာက္ ပ်ံသန္းမႈမ်ားကို ယာယီပိတ္ပင္လိုက္ေၾကာင္း နီေပါအစိုးရေျပာ
Pika (NP News) - ဇူလိုင္ ၁၃
ဧဝရတ္ေတာင္ထိပ္တြင္ လူေျခာက္ဦးလိုက္ပါလာသည့္ ရဟတ္ယာဥ္ပ်က္က်ကာ လိုက္ပါလာသူအားလုံး ေသဆုံးၿပီးေနာက္ နီေပါႏိုင္ငံ၏ ေလေၾကာင္းထိန္းသိမ္းေရးအဖြဲ႕သည္ မလိုအပ္ေသာပ်ံသန္းမႈမ်ားကို ႏွစ္လၾကာ တားျမစ္ပိတ္ပင္လိုက္ေၾကာင္း သိရသည္။
မကၠဆီကိုႏိုင္ငံသား(၅)ဦး ႏွင့္ နီေပါႏိုင္ငံသားေလယာဥ္မႉးတို႔ စီးနင္းလိုက္ပါလာေသာ ပုဂၢလိက Manang Air ကုမၸဏီမွ ရဟတ္ယာဥ္သည္ ဟိမဝႏၲာေတာင္ထိပ္ကိုၾကည့္ရႈၿပီး ျပန္လာစဥ္ ဧဝရတ္ေတာင္ထိပ္တြင္ ပ်က္က်ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
နီေပါၿမိဳ႕ျပေလေၾကာင္းအာဏာပိုင္အဖြဲ႕ (CAAN) က "ေတာင္ေပၚပ်ံသန္းမႈ၊ ျပင္ပဝန္ေဆာင္မႈနဲ႔ ရဟတ္ယာဥ္ေတြ လိုမ်ိဳးမလိုအပ္တဲ့ ပ်ံသန္းမႈေတြအားလုံးကို စက္တင္ဘာလအထိ တားျမစ္ပိတ္ပင္ထားပါတယ္" ဟု ထုတ္ျပန္ခဲ့ သည္။
နီေပါအစိုးရသည္ ဇူလိုင္လ(၁၁)ရက္က ျဖစ္ပြားခဲ့ေသာ ရဟတ္ယာဥ္ပ်က္က်ရသည့္အေၾကာင္းအရင္းကို စုံစမ္း စစ္ေဆးရန္အတြက္ စုံစမ္းစစ္ေဆးေရးေကာ္မတီတစ္ရပ္ကို ဖြဲ႕စည္းခဲ့ေၾကာင္း သိရသည္။ နီေပါႏိုင္ငံတြင္ ႏွစ္ေပါင္း (၃ဝ)အတြင္း အဆိုး႐ြားဆုံးေလေၾကာင္းပ်က္က်မႈမွာ ဇန္နဝါရီလက ပိုခါရာၿမိဳ႕အနီးတြင္ ပ်က္က်ခဲ့သည့္ မေတာ္တဆမႈျဖစ္ၿပီး လူေပါင္း(၇၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။