တာမွေမြို့နယ်၌ ကားတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

 604

သန့်ဇင် (NP News) - ဇူလိုင် ၁၆

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် ကားတစ်စီးလမ်းလယ်သံတန်းကို ဝင်တိုက်မိခဲ့ရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရှင်သန်ရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင်လ ၁၆ ရက်) ၊ နံနက် ၂ နာရီ ၄၈မိနစ်အချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်လမ်းတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သွားတော့ ကားကမီးစလောင်တယ်ဗျ။ ပုံမှန်အားဖြင့်တော့ ကားကတိုက်မိရင် ကျွန်တော်ထင်တာဘက်ထရီကိုဖြုတ်သင့်တယ်ပေါ့နော်။ အဲလိုလုပ်ရင်တော့ တော်ရုံဆိုမီးလောင်မှုမရှိပါဘူး” ဟုရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ကားမောင်းလာသည့်အမျိုးသားတစ်ဦးသည် ထိခိုက်မှုအနည်းငယ် ရရှိခဲ့ကြောင်း သိရသည်။

“ထိခိုက်တာကတော့နည်းနည်းလောက်ပါပဲဗျ။ လက်ကွဲတာတို့ခြေထောက်ကွဲတာတို့တော့ ရှိတာပေါ့နော်။ သတိကလဲကောင်းပါတယ်။ ပြင်ပဒဏ်ရာလောက်ပဲရတာပါ”ဟု ၎င်းကဆက်လက်ပြောကြားထားသည်။

မီးလောင်ခဲ့သောကားအား တာမွေမြို့နယ်မီးသတ်အဖွဲ့မှ ၁၀ မိနစ်ခန့်မီးငြှိမ်းသတ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားအား အနီးနားရှိပရဟိတအသင်းမှယာဉ်ဖြင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အထက်ပါ ကားမီးလောင်မှုဖြစ်စဉ်တွင် တာမွေမီးသတ်တပ်ဖွဲ့၊ ရှင်သန်ရေးကူညီမှုအသင်းအပြင် အခြားလူမှုကူညီရေးအသင်းများက လာရောက်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သောလပိုင်းအတွင်းကလည်း ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၌ ကားတစ်စီးပြုပြင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
တာေမြၿမိဳ႕နယ္၌ ကားတစ္စီးမီးေလာင္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦးထိခိုက္ဒဏ္ရာရ

သန႔္ဇင္ (NP News) - ဇူလိုင္ ၁၆

ရန္ကုန္တိုင္း၊ တာေမြၿမိဳ႕နယ္တြင္ ကားတစ္စီးလမ္းလယ္သံတန္းကို ဝင္တိုက္မိခဲ့ရာမွ ကားမီးေလာင္မႈ ျဖစ္ပြားခဲ့ေၾကာင္း ရွင္သန္ေရးကူညီမႈအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္လ ၁၆ ရက္) ၊ နံနက္ ၂ နာရီ ၄၈မိနစ္အခ်ိန္ခန႔္တြင္ တာေမြၿမိဳ႕နယ္၊ တာေမြႀကီး(ခ)ရပ္ကြက္၊ အေရွ႕ျမင္းၿပိဳင္လမ္းတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔သြားေတာ့ ကားကမီးစေလာင္တယ္ဗ်။ ပုံမွန္အားျဖင့္ေတာ့ ကားကတိုက္မိရင္ ကြၽန္ေတာ္ထင္တာဘက္ထရီကိုျဖဳတ္သင့္တယ္ေပါ့ေနာ္။ အဲလိုလုပ္ရင္ေတာ့ ေတာ္႐ုံဆိုမီးေလာင္မႈမရွိပါဘူး” ဟုရွင္သန္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ကားေမာင္းလာသည့္အမ်ိဳးသားတစ္ဦးသည္ ထိခိုက္မႈအနည္းငယ္ ရရွိခဲ့ေၾကာင္း သိရသည္။

“ထိခိုက္တာကေတာ့နည္းနည္းေလာက္ပါပဲဗ်။ လက္ကြဲတာတို႔ေျခေထာက္ကြဲတာတို႔ေတာ့ ရွိတာေပါ့ေနာ္။ သတိကလဲေကာင္းပါတယ္။ ျပင္ပဒဏ္ရာေလာက္ပဲရတာပါ”ဟု ၎ကဆက္လက္ေျပာၾကားထားသည္။

မီးေလာင္ခဲ့ေသာကားအား တာေမြၿမိဳ႕နယ္မီးသတ္အဖြဲ႕မွ ၁၀ မိနစ္ခန႔္မီးျငႇိမ္းသတ္ခဲ့ရၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသားအား အနီးနားရွိပရဟိတအသင္းမွယာဥ္ျဖင့္ ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အထက္ပါ ကားမီးေလာင္မႈျဖစ္စဥ္တြင္ တာေမြမီးသတ္တပ္ဖြဲ႕၊ ရွင္သန္ေရးကူညီမႈအသင္းအျပင္ အျခားလူမႈကူညီေရးအသင္းမ်ားက လာေရာက္ကူညီေပးခဲ့ေၾကာင္းလည္း သိရသည္။

ၿပီးခဲ့ေသာလပိုင္းအတြင္းကလည္း ရန္ကုန္တိုင္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္၌ ကားတစ္စီးျပဳျပင္ေနစဥ္ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.