ဒေးဗစ်ဘက်ခမ်းပိုင်ဆိုင်သော အင်တာမိုင်ယာမီအသင်းနှင့် (၂)နှစ်သက်တမ်းစာချုပ် ချုပ်ဆိုလိုက်သော မက်ဆီ

965

Pika (NP News) - ဇူလိုင် ၁၆
အာဂျင်တီးနားအသင်းတိုက်စစ်မှူးမက်ဆီသည် အင်တာမိုင်ယာမီအသင်းတွင် (၂ဝ၂၅)ခုနှစ် မတိုင်မီအချိန်ထိ ကစားရမည့် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း အင်တာမိုင်ယာမီအသင်းတာဝန်ရှိသူများက ထုတ်ဖော်ပြောခဲ့ သည်။
ပြီးခဲ့သည့်နှစ်က ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သော တိုက်စစ်မှူးမက်ဆီသည် အင်တာမိုင်ယာမီအသင်းနှင့်အတူ ဇူလိုင် လ(၁၆)ရက်တွင် ပရိသတ်များနှင့်တွေ့ဆုံမည်ဖြစ်ပြီး ဇူလိုင်လ(၂၁)ရက်တွင် အသင်းကစားကွင်းတွင် လာရောက် ကစားရန် မျှော်လင့်ထားကြောင်း သိရသည်။
မက်ဆီ က "အင်တာမိုင်ယာမီအသင်းနဲ့ နောက်ထပ်ခြေလှမ်းအသစ်တွေကို စတင်နိုင်ဖို့ တကယ်ကို စိတ်လှုပ်ရှားမိ ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး အသင်းနဲ့အတူ အကောင်းဆုံးကစားသွားမှာပါ။ အဓိက စိတ်ကူးကတော့ ရည်မှန်းချက်တွေကို အသင်းနဲ့အတူ ဖန်တီးဖို့ပါပဲ" ဟု ပြောခဲ့သည်။
အင်တာမိုင်ယာမီအသင်း၏ တွဲဖက်ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက "လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက မိုင်ယာမီမှာ အသင်းတစ်သင်းတည်ထောင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူနိုင်ဖို့ အိမ်မက်မက်ခဲ့ပါတယ်။ ဒီနေ့တော့ ဒီအိမ်မက်တွေက တကယ်ဖြစ်လာပါပြီ။ မက်ဆီလို အရည်အချင်းရှိတဲ့ကစားသမားတစ်ယောက် ကျွန်တော်တို့ရဲ့အသင်းကို ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြီးတော့ သူ့ရဲ့မိသားစုကိုလည်း ကြိုဆိုခွင့် ရတဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်။ မက်ဆီကွင်းထဲမှာ အသင်းကစားသမားတွေနဲ့ အတူကစားတာကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး" ဟု ပြောခဲ့သည်။

Zawgyi Version;
ေဒးဗစ္ဘက္ခမ္းပိုင္ဆိုင္ေသာ အင္တာမိုင္ယာမီအသင္းႏွင့္ (၂)ႏွစ္သက္တမ္းစာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ေသာ မက္ဆီ
Pika (NP News) - ဇူလိုင္ ၁၆
အာဂ်င္တီးနားအသင္းတိုက္စစ္မႉးမက္ဆီသည္ အင္တာမိုင္ယာမီအသင္းတြင္ (၂ဝ၂၅)ခုႏွစ္ မတိုင္မီအခ်ိန္ထိ ကစားရမည့္ သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ေၾကာင္း အင္တာမိုင္ယာမီအသင္းတာဝန္ရွိသူမ်ားက ထုတ္ေဖာ္ေျပာခဲ့ သည္။
ၿပီးခဲ့သည့္ႏွစ္က ကမာၻ႔ဖလားကို ရယူႏိုင္ခဲ့ေသာ တိုက္စစ္မႉးမက္ဆီသည္ အင္တာမိုင္ယာမီအသင္းႏွင့္အတူ ဇူလိုင္ လ(၁၆)ရက္တြင္ ပရိသတ္မ်ားႏွင့္ေတြ႕ဆုံမည္ျဖစ္ၿပီး ဇူလိုင္လ(၂၁)ရက္တြင္ အသင္းကစားကြင္းတြင္ လာေရာက္ ကစားရန္ ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
မက္ဆီ က "အင္တာမိုင္ယာမီအသင္းနဲ႔ ေနာက္ထပ္ေျခလွမ္းအသစ္ေတြကို စတင္ႏိုင္ဖို႔ တကယ္ကို စိတ္လႈပ္ရွားမိ ပါတယ္။ ဒါဟာ ေကာင္းမြန္တဲ့ အခြင့္အလမ္းတစ္ခုျဖစ္ၿပီး အသင္းနဲ႔အတူ အေကာင္းဆုံးကစားသြားမွာပါ။ အဓိက စိတ္ကူးကေတာ့ ရည္မွန္းခ်က္ေတြကို အသင္းနဲ႔အတူ ဖန္တီးဖို႔ပါပဲ" ဟု ေျပာခဲ့သည္။
အင္တာမိုင္ယာမီအသင္း၏ တြဲဖက္ပိုင္ရွင္ ေဒးဗစ္ဘက္ခမ္းက "လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္တုန္းက မိုင္ယာမီမွာ အသင္းတစ္သင္းတည္ေထာင္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားေတြကို ေခၚယူႏိုင္ဖို႔ အိမ္မက္မက္ခဲ့ပါတယ္။ ဒီေန႔ေတာ့ ဒီအိမ္မက္ေတြက တကယ္ျဖစ္လာပါၿပီ။ မက္ဆီလို အရည္အခ်င္းရွိတဲ့ကစားသမားတစ္ေယာက္ ကြၽန္ေတာ္တို႔ရဲ႕အသင္းကို ေရာက္ရွိလာတဲ့အတြက္ ဂုဏ္ယူမိပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕မိသားစုကိုလည္း ႀကိဳဆိုခြင့္ ရတဲ့အတြက္ တကယ္ကို ဝမ္းသာမိပါတယ္။ မက္ဆီကြင္းထဲမွာ အသင္းကစားသမားေတြနဲ႔ အတူကစားတာကို ျမင္ရဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး" ဟု ေျပာခဲ့သည္။