တာချီလိတ်မြို့၌ ရပ်ကွက်တွင်း လမ်းလျှောက်နေသော ဆယ်အိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

 1587

NP News - ဇူလိုင် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ရပ်ကွက်တွင်း၌ လမ်းလျှောက်နေသည့် ဆယ်အိမ်မှူးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော (ဇူလိုင်လ ၁၄ ရက်)၊ ည ၁၀နာရီအချိန်တွင် တာချီလိတ်မြို့၊ ဆေးခမ်းရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်တွင် နေထိုင်သည့် သေဆုံးသူအမျိုးသားသည် အုပ်ချုပ်ရေးမှူးရုံးလမ်းကြား၌ လမ်း လျှောက်နေစဉ် အကြမ်းဖက်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆေးခမ်းရပ်ကွက်နေ ဆယ်အိမ်မှူးဖြစ်သူ ဦးစိုင်းရှဲန်(ခ)စိုင်းနောင် (၃၇)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့်အကြမ်းဖက်သမားများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕၌ ရပ္ကြက္တြင္း လမ္းေလွ်ာက္ေနေသာ ဆယ္အိမ္မႉးတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံရ

NP News - ဇူလိုင္ ၁၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ရပ္ကြက္တြင္း၌ လမ္းေလွ်ာက္ေနသည့္ ဆယ္အိမ္မႉးတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံခဲ့ရေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့ေသာ (ဇူလိုင္လ ၁၄ ရက္)၊ ည ၁၀နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ေဆးခမ္းရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမႉး႐ုံးလမ္းၾကား၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္တြင္ ေနထိုင္သည့္ ေသဆုံးသူအမ်ိဳးသားသည္ အုပ္ခ်ဳပ္ေရးမႉး႐ုံးလမ္းၾကား၌ လမ္း ေလွ်ာက္ေနစဥ္ အၾကမ္းဖက္တစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထိုသို႔ ေသနတ္ျဖင့္ပစ္ခတ္ခံရမႈေၾကာင့္ ေဆးခမ္းရပ္ကြက္ေန ဆယ္အိမ္မႉးျဖစ္သူ ဦးစိုင္းရွဲန္(ခ)စိုင္းေနာင္ (၃၇)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္တြင္ အေၾကာင္းမဲ့လုပ္ႀကံသတ္ျဖတ္မႈ က်ဴးလြန္ခဲ့သည့္အၾကမ္းဖက္သမားမ်ားအားေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီအျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.